ပုလဲ ပအဖ႐ုံးကို စစ္အုပ္စုက ေလေၾကာင္း ပစ္ခတ္စီးနင္းၿပီး အခ်ဳပ္ခန္းေဖာက္ကာ ပ်ဴႏွင့္ဒလန္ေတြ ေခၚထုတ္သြား၊ အရာရွိ ဇနီးကို လိုက္လံကယ္ထုတ္တာလို႔ စစ္အုပ္စုက သတင္းျဖန႔္၊

MFP

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္၊ ဖလံပင္ေက်း႐ြာအနီး၊ ေျမာက္ယမားဆည္ ရိပ္သာေဆာင္မွာ ဖြင့္လွစ္ထားတဲ့ ပုလဲၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ – ပအဖ စခန္းကို စစ္အုပ္စုက ရဟတ္ယာဥ္ ငါးစီး အသုံးျပဳကာ ေလေၾကာင္းတိုက္ခိုက္ စီးနင္းခဲ့ၿပီးေနာက္ အခ်ဳပ္ခန္းေဖာက္ကာ ပ်ဴႏွင့္ ဒခန္ေတြကို ေခၚထုတ္သြားတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္

မေန႔က ေအာက္တိုဘာ(၂၅)ရက္ ညေန(၃)နာရီေက်ာ္မွာ စစ္အုပ္စုက ရဟတ္ယာဥ္ သုံးစီး၊ ႏွစ္စီးက ႏွစ္ေက်ာ့ျပန္လာတဲ့အတြက္ စုစုေပါင္း ငါးစီးနဲ႔ ပုလဲၿမိဳ႕နယ္ ဖလံပင္႐ြာအနီး ပုလဲၿမိဳ႕နယ္ ပအဖ ႏွင့္ ပလဖ ႐ုံးေတြကို ပစ္ခတ္စီးနင္းခဲ့တာ ျဖစ္ၿပီး အခ်ဳပ္ခန္းေဖာက္ကာ ပုလဲ ပအဖ က ဖမ္းဆီးထားတဲ့ ပ်ဴႏွင့္ ဒလန္ေတြကို ေခၚထုတ္သြားတာလို႔ ဆိုပါတယ္

နမခ ေခြးၿခံမွ ရဟတ္ယာဥ္ သုံးစီး ( ႏွစ္စီး ႏွစ္ေခါက္ျပန္ကာ) ျဖင့္ ပုလဲၿမိဳ႕နယ္ ပအဖ/ပကဖ ႐ုံးႏွင့္ပုလဲတပ္ရင္း (၁) ရဲ႕ တပ္ခြဲ တစ္ခုကို ဝင္ေရာက္စီးနင္း တိုက္ခိုက္ခံခဲ့ရပါတယ္

႐ုံးတာဝန္ရွိသူမ်ားႏွင့္လုံၿခဳံေရး ရဲေဘာ္မ်ား ေဘးလြတ္ရာသို႔ ေရာက္ရွိသြားခဲ့ေသာ္လည္း တပ္ရင္း (၁) ရဲ႕ ရဲေဘာ္တစ္ခ်ိဳ႕မွာ ပိတ္မိေနဆဲ ျဖစ္ပါတယ္။ စကစမ်ားထံသို႔ ရဟတ္ယာဥ္ျဖင့္ ပါသြားေသာ လူမ်ားမွာ ဖမ္းမိထားေသာ ပ်ဴမ်ား၊ စခ ႏွင့္ ရခမ်ားသာ ျဖစ္ပါတယ္ လို႔ ပုလဲၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ ၊ ပုလဲတပ္ရင္း (၁)က ေဖာ္ျပပါတယ္

ပုလဲၿမိဳကနယ္ ပအဖ၊ ပလဖ ႐ုံးကို ေလေၾကာင္းကေန ပစ္ခတ္စီးနင္းခဲ့တာနဲ႔ ပတ္သက္ၿပီး စ္စအုပ္စုဘက္က ဝါဒျဖန႔္ သတင္းထုတ္လႊင့္ရာမွာ ၿပီးခဲ့တဲ့ေအာက္တိုဘာ(၁၂)ရက္က မေကြးတိုင္း ဂန႔္ေဂါနယ္က စစ္ေကာင္စီသစၥာခံ အရာရွိတစ္ေယာက္ရဲ႕ ဇနီး မုံ႐ြာႏွင့္ ေက်ာၿမိဳ႕ၾကားမွာ အဖမ္းခံရၿပီးေနာက္ အဲ့ဒီအမ်ိဳးသမီးကို ကယ္ထုတ္တာလို႔ ဆိုပါတယ္

အဲ့ဒီ စစ္ေကာင္စီ သစၥာခံရဲ႕ ဇနီးကို ကယ္ထုတ္ဖို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ယင္းမာပင္နယ္ ရင္ေပါင္တိုင္႐ြာကို စီးနင္းခဲ့ေသးၿပီး ရင္ေပါင္တိုင္မွာ မေတြ႕လို႔ ဖလံပ္င႐ြာကို ဆက္လက္ စီးနင္းတာလို႔ စစ္အုပ္စုက သတင္းျဖန႔္ပါတယ္

မေန႔က ညေနပိုင္း ဖလံပင္႐ြာအနီး စီးနင္းမႈမွာ အရာရွိဇနီး အပါအဝင္ စုစုေပါင္း (၂၆)ေယာက္ကို ကယ္ထုတ္ႏိုင္ခဲ့ၿပီး PDF ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခ်ိန္ လက္နက္တခ်ိဳ႕ သိမ္းဆည္းရရွိတယ္လို႔လည္း စစ္အုပ္စုက ဆိုပါတယ္

ရခိုင္ႏွင့္ ကရင္ျပည္နယ္ အပါအဝင္ ေရွ႕တန္းစစ္ေျမျပင္မွာ စစ္သုံ႔ပန္းအျဖစ္ ဖမ္းဆီးခံရတဲ့ စစ္ေကာင္စီ သစၥာခံ လက္နက္ကိုင္ေတြကို ျပန္လည္ကယ္တင္ဖို႔ မႀကိဳးစားဘဲ အျပစ္ဖို႔ ေဝဖန္ေနတဲ့ စစ္အုပ္စုက အခုလို ပ်ဴနဲ႔ ဒလန္ေတြကို ျပန္ကယ္ျပတာ ထူးျခားတယ္လို႔ ယင္းမာပင္နယ္က ေတာ္လွန္ေရး ရဲေဘာ္တစ္ဦးက သုံးသပ္ပါတယ္

တိုင္းရင္းသား ေတာ္လွန္ေရးေဒသ မဟုတ္တဲ့ ျမန္မာျပည္အလယ္ပိုင္း ေဒသေတြမွာ ေလေၾကာင္းအသုံးျပဳ ပစ္ခတ္စီးနင္းပါက PDF ေတြရဲ႕ အႏၲရာယ္ကို အထူးစိုးရိမ္ဖို႔ မလိုတာေၾကာင့္ စစ္အုပ္စုက အခုလို ပ်ဴ၊ဒလန္ေတြကို ကယ္ထုတ္ၿပီး စကစေတြၾကား စိတ္ဓာတ္ျမင့္တင္ေရး ဝါဒျဖန႔္ဖို႔ လုပ္ေဆာင္တာ ျဖစ္မယ္လို႔ အဲ့ဒီ ရဲေဘာ္က ဆိုပါတယ္

စစ္အုပ္စုဟာ ေအာက္တိုဘာ(၁၉)ရက္က ယင္းမာပင္ၿမိဳ႕နယ္ ရင္ေပါင္တိုင္႐ြာကို ေလေၾကာင္းအသုံးျပဳ စီးနင္းရာမွာေတာ့ ကိုယ္ဝန္ေဆာင္မိခင္ႏွင့္ အဖြားအိုတစ္ဦး အပါအဝင္ ေဒသခံျပည္သူေတြကို သက္ျဖတ္ခဲ့ၿပီး ရင္ေပါင္တိုင္၊ ပုခိုးသာ၊ ေ႐ႊလွံစတဲ့ ႐ြာေတြထဲ ေဖာက္ထြင္းခိုးယူ လုယက္ခဲ့ပါတယ္ ပုလဲၿမိဳ႕နယ္ ဖလံပင္႐ြာအနီးက ပုလဲၿမိဳ႕နယ္ ပအဖ၊ ပလဖ ႐ုံးကို စစ္အုပ္စုက ေလေၾကာင္းအသုံးျပဳ စီးနင္းၿပီးေနာက္ အခ်ဳပ္ခန္းေဖာက္ကာ ပ်ဴ၊ဒလန္ေတြကို ကယ္ထုတ္လာစဥ္/Photo – S

============

ပုလဲ ပအဖရုံးကို စစ်အုပ်စုက လေကြောင်း ပစ်ခတ်စီးနင်းပြီး အချုပ်ခန်းဖောက်ကာ ပျူနှင့်ဒလန်တွေ ခေါ်ထုတ်သွား၊ အရာရှိ ဇနီးကို လိုက်လံကယ်ထုတ်တာလို့ စစ်အုပ်စုက သတင်းဖြန့်၊

MFP

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ဖလံပင်ကျေးရွာအနီး၊ မြောက်ယမားဆည် ရိပ်သာဆောင်မှာ ဖွင့်လှစ်ထားတဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ စခန်းကို စစ်အုပ်စုက ရဟတ်ယာဉ် ငါးစီး အသုံးပြုကာ လေကြောင်းတိုက်ခိုက် စီးနင်းခဲ့ပြီးနောက် အချုပ်ခန်းဖောက်ကာ ပျူနှင့် ဒခန်တွေကို ခေါ်ထုတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်

မနေ့က အောက်တိုဘာ(၂၅)ရက် ညနေ(၃)နာရီကျော်မှာ စစ်အုပ်စုက ရဟတ်ယာဉ် သုံးစီး၊ နှစ်စီးက နှစ်ကျော့ပြန်လာတဲ့အတွက် စုစုပေါင်း ငါးစီးနဲ့ ပုလဲမြို့နယ် ဖလံပင်ရွာအနီး ပုလဲမြို့နယ် ပအဖ နှင့် ပလဖ ရုံးတွေကို ပစ်ခတ်စီးနင်းခဲ့တာ ဖြစ်ပြီး အချုပ်ခန်းဖောက်ကာ ပုလဲ ပအဖ က ဖမ်းဆီးထားတဲ့ ပျူနှင့် ဒလန်တွေကို ခေါ်ထုတ်သွားတာလို့ ဆိုပါတယ်

နမခ ခွေးခြံမှ ရဟတ်ယာဉ် သုံးစီး ( နှစ်စီး နှစ်ခေါက်ပြန်ကာ) ဖြင့် ပုလဲမြို့နယ် ပအဖ/ပကဖ ရုံးနှင့်ပုလဲတပ်ရင်း (၁) ရဲ့ တပ်ခွဲ တစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခံခဲ့ရပါတယ်

ရုံးတာဝန်ရှိသူများနှင့်လုံခြုံရေး ရဲဘော်များ ဘေးလွတ်ရာသို့ ရောက်ရှိသွားခဲ့သော်လည်း တပ်ရင်း (၁) ရဲ့ ရဲဘော်တစ်ချို့မှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ စကစများထံသို့ ရဟတ်ယာဉ်ဖြင့် ပါသွားသော လူများမှာ ဖမ်းမိထားသော ပျူများ၊ စခ နှင့် ရခများသာ ဖြစ်ပါတယ် လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ ပုလဲတပ်ရင်း (၁)က ဖော်ပြပါတယ်

ပုလဲမြိုကနယ် ပအဖ၊ ပလဖ ရုံးကို လေကြောင်းကနေ ပစ်ခတ်စီးနင်းခဲ့တာနဲ့ ပတ်သက်ပြီး စ်စအုပ်စုဘက်က ဝါဒဖြန့် သတင်းထုတ်လွှင့်ရာမှာ ပြီးခဲ့တဲ့အောက်တိုဘာ(၁၂)ရက်က မကွေးတိုင်း ဂန့်ဂေါနယ်က စစ်ကောင်စီသစ္စာခံ အရာရှိတစ်ယောက်ရဲ့ ဇနီး မုံရွာနှင့် ကျောမြို့ကြားမှာ အဖမ်းခံရပြီးနောက် အဲ့ဒီအမျိုးသမီးကို ကယ်ထုတ်တာလို့ ဆိုပါတယ်

အဲ့ဒီ စစ်ကောင်စီ သစ္စာခံရဲ့ ဇနီးကို ကယ်ထုတ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာကို စီးနင်းခဲ့သေးပြီး ရင်ပေါင်တိုင်မှာ မတွေ့လို့ ဖလံပ်ငရွာကို ဆက်လက် စီးနင်းတာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်

မနေ့က ညနေပိုင်း ဖလံပင်ရွာအနီး စီးနင်းမှုမှာ အရာရှိဇနီး အပါအဝင် စုစုပေါင်း (၂၆)ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားချိန် လက်နက်တချို့ သိမ်းဆည်းရရှိတယ်လို့လည်း စစ်အုပ်စုက ဆိုပါတယ်

ရခိုင်နှင့် ကရင်ပြည်နယ် အပါအဝင် ရှေ့တန်းစစ်မြေပြင်မှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေကို ပြန်လည်ကယ်တင်ဖို့ မကြိုးစားဘဲ အပြစ်ဖို့ ဝေဖန်နေတဲ့ စစ်အုပ်စုက အခုလို ပျူနဲ့ ဒလန်တွေကို ပြန်ကယ်ပြတာ ထူးခြားတယ်လို့ ယင်းမာပင်နယ်က တော်လှန်ရေး ရဲဘော်တစ်ဦးက သုံးသပ်ပါတယ်

တိုင်းရင်းသား တော်လှန်ရေးဒေသ မဟုတ်တဲ့ မြန်မာပြည်အလယ်ပိုင်း ဒေသတွေမှာ လေကြောင်းအသုံးပြု ပစ်ခတ်စီးနင်းပါက PDF တွေရဲ့ အန္တရာယ်ကို အထူးစိုးရိမ်ဖို့ မလိုတာကြောင့် စစ်အုပ်စုက အခုလို ပျူ၊ဒလန်တွေကို ကယ်ထုတ်ပြီး စကစတွေကြား စိတ်ဓာတ်မြင့်တင်ရေး ဝါဒဖြန့်ဖို့ လုပ်ဆောင်တာ ဖြစ်မယ်လို့ အဲ့ဒီ ရဲဘော်က ဆိုပါတယ်

စစ်အုပ်စုဟာ အောက်တိုဘာ(၁၉)ရက်က ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို လေကြောင်းအသုံးပြု စီးနင်းရာမှာတော့ ကိုယ်ဝန်ဆောင်မိခင်နှင့် အဖွားအိုတစ်ဦး အပါအဝင် ဒေသခံပြည်သူတွေကို သက်ဖြတ်ခဲ့ပြီး ရင်ပေါင်တိုင်၊ ပုခိုးသာ၊ ရွှေလှံစတဲ့ ရွာတွေထဲ ဖောက်ထွင်းခိုးယူ လုယက်ခဲ့ပါတယ် ပုလဲမြို့နယ် ဖလံပင်ရွာအနီးက ပုလဲမြို့နယ် ပအဖ၊ ပလဖ ရုံးကို စစ်အုပ်စုက လေကြောင်းအသုံးပြု စီးနင်းပြီးနောက် အချုပ်ခန်းဖောက်ကာ ပျူ၊ဒလန်တွေကို ကယ်ထုတ်လာစဉ်/Photo – S

Leave a Reply

Your email address will not be published. Required fields are marked *