ရတနာကုန္သည္ ဦးစိန္ဝင္းကို စစ္တပ္ႏွင့္ရဲက ပစ္သတ္၊ ကားေပၚပါ သိန္းေထာင္ခ်ီတန္ ေက်ာက္စိမ္းႏွင့္အေခ်ာထည္မ်ား ေပ်ာက္ဆုံးမႈ စစ္တပ္ႏွင့္ရဲ အျပန္အလွန္ လႊဲခ်ကာ လက္သည္မေပၚဘဲ ေပ်ာက္ဆုံးေန

ရန္ကုန္၊ ေအာက္တိုဘာ ၂၆

မႏၲေလးတြင္ ေအာက္တိုဘာလ ၂၂ ရက္ေန႔ ညပိုင္း တစ္ဦးတည္းကားေမာင္းလာသည့္ ေက်ာက္စိမ္းႏွင့္ရတနာကုန္ သည္ ဦးစိန္ဝင္းကို စစ္တပ္ႏွင့္ရဲက ပစ္သတ္လိုက္ၿပီး ကားေပၚပါ သိန္းေထာင္ခ်ီတန္ ေက်ာက္စိမ္းႏွင့္ရတနာ အေခ်ာထည္မ်ား ေပ်ာက္ဆုံးေနကာ စစ္တပ္ႏွင့္ရဲက အျပန္အလွန္လႊဲခ်ေနသျဖင့္ လက္သည္မေပၚဘဲ ေပ်ာက္ဆုံး ေနေၾကာင္း သိရွိရသည္

 

ေအာက္တိုဘာလ ၂၂ ရက္ေန႔ ည ၁၀ နာရီ ၃၀ မိနစ္အခ်ိန္ မႏၲေလး ၃၅ လမ္း၊ ၇၃ လမ္းတြင္ ရတနာကုန္သည္ ဦးစိန္ဝင္းသည္ ရတနာေရာင္းဝယ္ေရးကိစၥ အၿပီး ၎၏ ကားျဖင့္ အိမ္ျပန္လာစဥ္ အရပ္ဝတ္ စစ္သားမ်ားႏွင့္ရဲမ်ားက ပစ္ခတ္ေၾကာင္း၊ ပစ္ခတ္မႈေၾကာင့္ ဦးစိန္ဝင္း ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း၊

စစ္တပ္ႏွင့္ရဲမ်ားက လူနာတင္ကားေခၚ၍ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း၊ ယင္းေနာက္ ဦးစိန္ဝင္း၏ ကားေပၚပါ သိန္းေထာင္ခ်ီတန္ ေက်ာက္စိမ္း၊ ရတနာ အေခ်ာ ထည္မ်ားအားလုံးေပ်ာက္ဆုံးသြားေၾကာင္း ရဲသတင္းရင္းျမစ္ထံမွ သိရွိရသည္

“ျဖစ္စဥ္က မွန္တယ္။ အဲဒီအခ်ိန္က စစ္သားေရာ ရဲေရာ မူးေနၾကၿပီ ည ၁၀ နာရီခြဲဆိုေတာ့။ အဲဒါ ကားက သူတို႔တားတဲ့ေနရာ မရပ္ဘဲ ေရွ႕ေက်ာ္ရပ္တာကို လိုက္ပစ္ၾကတာ။ ကားေပၚပါတဲ့ ရတနာကုန္သည္ အန္ကယ္ႀကီးက ပြဲခ်င္းၿပီး ဆုံးပါတယ္

အဲဒါၿပီးေတာ့ ကားကို အဲဒီည ၃၅ လမ္း၊ ၇၃ လမ္း လုံၿခဳံေရးအဖြဲ႕ကပဲ စစ္ေဆးမႈေတြ လုပ္ၿပီး ကားကို ေ႐ႊ႕တယ္။ ေနာက္ေန႔မွာ က်န္ရစ္သူမိသားစုဘက္က ရတနာေတြ ေက်ာက္စိမ္းေတြ ေပ်ာက္ေနတယ္ဆိုတာ တိုင္ၾကားလာတာ

လက္ရွိသိထားသေလာက္ေတာ့ ပစ္ခတ္မႈျဖစ္ၿပီးတဲ့အခ်ိန္ကေန ကားကို သယ္တဲ့အခ်ိန္အထိက အဲဒီနားမွာ လုံၿခဳံေရး တာဝန္က်တဲ့ စစ္သားနဲ႔ ရဲက အကုန္ ပိတ္ဆို႔ၿပီး လုပ္ၾကတာ။ ကားေပၚပါ ရတနာပစၥည္းေတြကလည္း သူတို႔ပဲ ကားကိုစိစစ္တာ။ သူတို႔လက္ခ်က္ပဲ။ ဒါေပမယ့္ အခု အျပန္အလွန္လႊဲခ်ေနၾကတယ္” ဟု ရန္ကုန္ေခတ္သစ္၏ ရဲသတင္း ရင္းျမစ္က ေျပာသည္

ယင္းေနာက္ အရပ္ဝတ္ စစ္တပ္ႏွင့္ရဲ၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားေသာ ရတနာကုန္သည္ ဦးစိန္ဝင္း အသက္ ၆၅ ႏွစ္၏ နာေရးကို အၾကမ္းဖက္စစ္ေကာင္စီကသာ တာဝန္ယူၿပီး က်န္ရစ္သူမိသားစုကို နာေရး လာၾကည့္ရန္သာ ဖိတ္ခဲ့ေၾကာင္း၊ အေလာင္းကို ျပန္မေပးဘဲ စစ္တပ္ႏွင့္ရဲ၏ အစီအစဥ္ျဖင့္ သၿဂိဳလ္ေၾကာင္း သိရွိရသည္

စစ္တပ္ႏွင့္ရဲက ၎တို႔ မွားယြင္းပစ္ခတ္မႈေၾကာင့္ ရတနာကုန္သည္ ဦးစိန္ဝင္း ကြယ္လြန္သြားသည္ကို သိရွိေသာ္ လည္း ဝန္ခံျခင္းမရွိသည့္အျပင္ ကားေပၚပါ ရတနာႏွင့္ေက်ာက္စိမ္း ပစၥည္းမ်ား ေပ်ာက္ဆုံးမႈအေပၚ လည္း တာဝန္မယူဘဲ စစ္တပ္ႏွင့္ ရဲ အျပန္အလွန္ လႊဲခ်ေနေၾကာင္း သိရွိရသည္

မႏၲေလးတြင္ လုယက္သတ္ျဖတ္မႈမ်ားစြာ ျဖစ္ပြားေနၿပီး အၾကမ္းဖက္စစ္ေကာင္ စီတပ္၊ ရဲမ်ား ကိုယ္တိုင္ကလည္း အရပ္ဝတ္မ်ားျဖင့္ တားဆီး စစ္ေဆးမႈမ်ား ၊ အႏိုင္က်င့္မႈမ်ား လုပ္ေဆာင္ေနေၾကာင္း၊ အရပ္ဝတ္စစ္တပ္ႏွင့္ရဲမ်ားကိုယ္တိုင္ ျပည္သူမ်ားကို မတရား ေငြေၾကးေတာင္းျခင္း၊ လုယက္ျခင္းမ်ား လုပ္ေဆာင္လာျခင္းျဖစ္ေၾကာင္း၊ ရတနာကုန္သည္ ဦးစိန္ဝင္း ပစ္ခတ္ သတ္ ျဖတ္ခံရၿပီး ရတနာပစၥည္းမ်ား လုယက္ခံရျခင္းမွာ ျမင္သာေၾကာင္း ရဲတပ္ဖြဲ႕မွ ဖရဲသီး ရဲသတင္းရင္းျမစ္က ေျပာသည္

” ရတနာကုန္သည္ ျဖစ္စဥ္ဆိုရင္ ဘယ္သူ႔လက္ခ်က္လဲဆိုတာ သိပါတယ္။ မသိခ်င္ေယာင္ေဆာင္ၿပီး ပစၥည္းေတြ ယူထားၾကတာ။ ေငြေၾကးတတ္ႏိုင္တဲ့သူေတြအေနနဲ႔ ကိုယ့္လုံၿခဳံေရးအတြက္ ယူႏိုင္တာယူၿပီး ဘန္ေကာက္ေလာက္ မွာ သြားေနေစခ်င္ပါတယ္။ ေရွ႕ေလွ်ာက္ ဒီထက္လည္း ပိုဆိုးလာႏိုင္တယ္။ မထင္ရင္ မထင္သလို သတ္ျဖတ္ေနတာ

ဘယ္သူမွလည္း အေရးယူမႈမရွိဘူး။ စိတ္ တိုင္းက် သတ္ျဖတ္ေနတာပါ” ဟု ရဲဖရဲသီးသတင္းရင္းျမစ္က ေျပာသည္။ ရတနာကုန္သည္ ဦးစိန္ဝင္း ေသဆုံးမႈႏွင့္ပတ္သက္ၿပီး ပစ္ခတ္သတ္ျဖတ္သူ စစ္တပ္ႏွင့္ရဲတပ္ဖြဲ႕ကို ဥပေဒေၾကာင္းအရ အမႈဖြင့္ႏိုင္ျခင္းမရွိေၾကာင္း၊

အျပစ္တစ္စုံတစ္ရာ မရွိဘဲ စစ္တပ္ႏွင့္ရဲ၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးျခင္း ျဖစ္သည္ကို အတည္ျပဳႏိုင္ေၾကာင္း ၊ စစ္တပ္ႏွင့္ရဲဘက္ကလည္း ၎တို႔ မွားယြင္း ပစ္ခတ္မိသည္ကို သိရွိေၾကာင္း ရဲသတင္းရင္းျမစ္ႏွင့္ေဒသခံမ်ားထံမွ သိရွိရသည္

========

ရတနာကုန်သည် ဦးစိန်ဝင်းကို စစ်တပ်နှင့်ရဲက ပစ်သတ်၊ ကားပေါ်ပါ သိန်းထောင်ချီတန် ကျောက်စိမ်းနှင့်အချောထည်များ ပျောက်ဆုံးမှု စစ်တပ်နှင့်ရဲ အပြန်အလှန် လွှဲချကာ လက်သည်မပေါ်ဘဲ ပျောက်ဆုံးနေ

ရန်ကုန်၊ အောက်တိုဘာ ၂၆

မန္တလေးတွင် အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်း တစ်ဦးတည်းကားမောင်းလာသည့် ကျောက်စိမ်းနှင့်ရတနာကုန် သည် ဦးစိန်ဝင်းကို စစ်တပ်နှင့်ရဲက ပစ်သတ်လိုက်ပြီး ကားပေါ်ပါ သိန်းထောင်ချီတန် ကျောက်စိမ်းနှင့်ရတနာ အချောထည်များ ပျောက်ဆုံးနေကာ စစ်တပ်နှင့်ရဲက အပြန်အလှန်လွှဲချနေသဖြင့် လက်သည်မပေါ်ဘဲ ပျောက်ဆုံး နေကြောင်း သိရှိရသည်

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မန္တလေး ၃၅ လမ်း၊ ၇၃ လမ်းတွင် ရတနာကုန်သည် ဦးစိန်ဝင်းသည် ရတနာရောင်းဝယ်ရေးကိစ္စ အပြီး ၎င်း၏ ကားဖြင့် အိမ်ပြန်လာစဉ် အရပ်ဝတ် စစ်သားများနှင့်ရဲများက ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ဦးစိန်ဝင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊

စစ်တပ်နှင့်ရဲများက လူနာတင်ကားခေါ်၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ဦးစိန်ဝင်း၏ ကားပေါ်ပါ သိန်းထောင်ချီတန် ကျောက်စိမ်း၊ ရတနာ အချော ထည်များအားလုံးပျောက်ဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်

“ဖြစ်စဉ်က မှန်တယ်။ အဲဒီအချိန်က စစ်သားရော ရဲရော မူးနေကြပြီ ည ၁၀ နာရီခွဲဆိုတော့။ အဲဒါ ကားက သူတို့တားတဲ့နေရာ မရပ်ဘဲ ရှေ့ကျော်ရပ်တာကို လိုက်ပစ်ကြတာ။ ကားပေါ်ပါတဲ့ ရတနာကုန်သည် အန်ကယ်ကြီးက ပွဲချင်းပြီး ဆုံးပါတယ်

အဲဒါပြီးတော့ ကားကို အဲဒီည ၃၅ လမ်း၊ ၇၃ လမ်း လုံခြုံရေးအဖွဲ့ကပဲ စစ်ဆေးမှုတွေ လုပ်ပြီး ကားကို ရွှေ့တယ်။ နောက်နေ့မှာ ကျန်ရစ်သူမိသားစုဘက်က ရတနာတွေ ကျောက်စိမ်းတွေ ပျောက်နေတယ်ဆိုတာ တိုင်ကြားလာတာ

လက်ရှိသိထားသလောက်တော့ ပစ်ခတ်မှုဖြစ်ပြီးတဲ့အချိန်ကနေ ကားကို သယ်တဲ့အချိန်အထိက အဲဒီနားမှာ လုံခြုံရေး တာဝန်ကျတဲ့ စစ်သားနဲ့ ရဲက အကုန် ပိတ်ဆို့ပြီး လုပ်ကြတာ။ ကားပေါ်ပါ ရတနာပစ္စည်းတွေကလည်း သူတို့ပဲ ကားကိုစိစစ်တာ။ သူတို့လက်ချက်ပဲ။ ဒါပေမယ့် အခု အပြန်အလှန်လွှဲချနေကြတယ်” ဟု ရန်ကုန်ခေတ်သစ်၏ ရဲသတင်း ရင်းမြစ်က ပြောသည်

ယင်းနောက် အရပ်ဝတ် စစ်တပ်နှင့်ရဲ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ရတနာကုန်သည် ဦးစိန်ဝင်း အသက် ၆၅ နှစ်၏ နာရေးကို အကြမ်းဖက်စစ်ကောင်စီကသာ တာဝန်ယူပြီး ကျန်ရစ်သူမိသားစုကို နာရေး လာကြည့်ရန်သာ ဖိတ်ခဲ့ကြောင်း၊ အလောင်းကို ပြန်မပေးဘဲ စစ်တပ်နှင့်ရဲ၏ အစီအစဉ်ဖြင့် သဂြိုလ်ကြောင်း သိရှိရသည်

စစ်တပ်နှင့်ရဲက ၎င်းတို့ မှားယွင်းပစ်ခတ်မှုကြောင့် ရတနာကုန်သည် ဦးစိန်ဝင်း ကွယ်လွန်သွားသည်ကို သိရှိသော် လည်း ဝန်ခံခြင်းမရှိသည့်အပြင် ကားပေါ်ပါ ရတနာနှင့်ကျောက်စိမ်း ပစ္စည်းများ ပျောက်ဆုံးမှုအပေါ် လည်း တာဝန်မယူဘဲ စစ်တပ်နှင့် ရဲ အပြန်အလှန် လွှဲချနေကြောင်း သိရှိရသည်

မန္တလေးတွင် လုယက်သတ်ဖြတ်မှုများစွာ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင် စီတပ်၊ ရဲများ ကိုယ်တိုင်ကလည်း အရပ်ဝတ်များဖြင့် တားဆီး စစ်ဆေးမှုများ ၊ အနိုင်ကျင့်မှုများ လုပ်ဆောင်နေကြောင်း၊ အရပ်ဝတ်စစ်တပ်နှင့်ရဲများကိုယ်တိုင် ပြည်သူများကို မတရား ငွေကြေးတောင်းခြင်း၊ လုယက်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ရတနာကုန်သည် ဦးစိန်ဝင်း ပစ်ခတ် သတ် ဖြတ်ခံရပြီး ရတနာပစ္စည်းများ လုယက်ခံရခြင်းမှာ မြင်သာကြောင်း ရဲတပ်ဖွဲ့မှ ဖရဲသီး ရဲသတင်းရင်းမြစ်က ပြောသည်

” ရတနာကုန်သည် ဖြစ်စဉ်ဆိုရင် ဘယ်သူ့လက်ချက်လဲဆိုတာ သိပါတယ်။ မသိချင်ယောင်ဆောင်ပြီး ပစ္စည်းတွေ ယူထားကြတာ။ ငွေကြေးတတ်နိုင်တဲ့သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးအတွက် ယူနိုင်တာယူပြီး ဘန်ကောက်လောက် မှာ သွားနေစေချင်ပါတယ်။ ရှေ့လျှောက် ဒီထက်လည်း ပိုဆိုးလာနိုင်တယ်။ မထင်ရင် မထင်သလို သတ်ဖြတ်နေတာ

ဘယ်သူမှလည်း အရေးယူမှုမရှိဘူး။ စိတ် တိုင်းကျ သတ်ဖြတ်နေတာပါ” ဟု ရဲဖရဲသီးသတင်းရင်းမြစ်က ပြောသည်။ ရတနာကုန်သည် ဦးစိန်ဝင်း သေဆုံးမှုနှင့်ပတ်သက်ပြီး ပစ်ခတ်သတ်ဖြတ်သူ စစ်တပ်နှင့်ရဲတပ်ဖွဲ့ကို ဥပဒေကြောင်းအရ အမှုဖွင့်နိုင်ခြင်းမရှိကြောင်း၊

အပြစ်တစ်စုံတစ်ရာ မရှိဘဲ စစ်တပ်နှင့်ရဲ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်း ဖြစ်သည်ကို အတည်ပြုနိုင်ကြောင်း ၊ စစ်တပ်နှင့်ရဲဘက်ကလည်း ၎င်းတို့ မှားယွင်း ပစ်ခတ်မိသည်ကို သိရှိကြောင်း ရဲသတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်

Leave a Reply

Your email address will not be published. Required fields are marked *