▪︎ကားပ်ါတွင်​တန်ဖိုးကြီး​ကျောက်မျက်ရတနာပါမှန်းသိပြီး​နောက် ယူ​ဆောင်သွားသူကိုရဲနှင့်စစ်သားများအပြန်အလှန်စွပ်စွဲနေ
စန္ဒီ/People’s Spring
စဈေကာင်စီ၏ဝါဒဖြန်႕ တယ်လီဂရန်ချႏ်နယ်ႏွင်႕ဖေဈဘွခ်အေကာင်႕ျမားက စဈေကာင်စီတပ်ကလုံခြဳံရးေဆာင်ရွက်သည်ကို ေမာင်းေပြး၍ေခြာက်လွန်႕ပဈခတ်ခြင်းဖြဈေကြာင်း၊ယာဥ်ထိန်း႐ုံးဖြင်႕တိုက်မိ၍သေဆုံးသကဲ့သို႔ေရးသားဖြန်႕ဝေခဲ့ကြသည်ကိုေတွ႔ရသည်။
============
မန္တလေးမြို့လယ်၌ ကျောက်သမားတစ်ဦးပစ်ခတ်သတ်ဖြတ်ခံရပြီး ကျပ်သိန်း​ထောင်ချီတန်လက်ဝတ်ရတနာနှင့်ငွေများကို စစ်​ကောင်စီတပ်များယူ​ဆောင်သွား
▪︎ကားပါ်တွင်​တန်ဖိုးကြီး​ကျောက်မျက်ရတနာပါမှန်းသိပြီး​နောက် ယူ​ဆောင်သွားသူကိုရဲနှင့်စစ်သားများအပြန်အလှန်စွပ်စွဲနေ
စန္ဒီ/People’s Spring
မန္တလေးမြို့လယ်တွင်ကျောက်အရောင်းအဝယ်သမားတစ်ဦး အကြောင်းမဲ့ပစ်သတ်ခံရပြီး ၎င်းစီးလာသည့်ကားပေါ်ပါ ကျပ်သိန်း​ထောင်ချီတန်(ထောင်ကြီးပိုင်းတန်)သည့်​ကျောက်မျက်ရတနာများကို ပြန်မ​ပေးဘဲယူ​ဆောင်ထားပြီး စစ်ကောင်စီတ​ပ်နှင့်ရဲများ မည်သူယူသွားသည်ကိုအချင်းချင်းစွပ်စွဲနေကြောင်း စစ်​သားနှင့်ရဲသတင်း​ပေးအချို့ကပြောသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ည ၁၀ နာရီခန့်ကမန္တလေးမြို့၊ ၃၅ လမ်းနှင့် ၇၃ လမ်းထောင့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့်အ​​မှောင်အတွင်းမှ​နေ၍ လာသမျှကားဆိုင်ကယ်များကို တားဆီးပြီးဆဲဆို၍ ​နောက်ပြန်လှည့်ခိုင်းနေချိန် တွင် မီးပွိုင့်စိမ်း၍ ​မောင်းလာ​သောအိမ်စီးကားတစ်စီးကို ဝိုင်းပစ်ခတ်ခဲ့သည်။
အဆိုပါကားမှ ​သေနတ်ဖြင့်အပစ်ခံရပြီး ယာဥ်ထိန်းရဲရုံးကိုတိုက်၍ ရပ်သွားစဥ်စစ်​ကောင်စီတပ်သားများက ကားကိုထပ်မံ၍ဝိုင်းဝန်းပသ်ခတ်ရာ ယာဉ်မောင်းအမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
ကားမှာ ယာဥ်ထိန်းရုံးငယ်ကိုတိုက်မိစဥ်​လေအိတ်ပွင့်ပြီး ကားတိုက်မိ၍​သေဆုံးခြင်းမဟုတ်ဘဲသေနတ်ဖြင့်ဝိုင်းအပစ်ခံ၍ အမျိုးသားမှာ​သေဆုံးခဲ့ခြင်းဖြစ်​ကြောင်း စစ်​ကောင်စီတပ်မှ သတင်း​ပေးတစ်ဦးက​ပြောသည်။ အခင်းဖြစ်ပြီးလူနာတင်ယာဥ်ကိုပင်အလာမခံဘဲ တစ်နာရီဝန်ကျင်ကြာမှ ည၁၁ နာရီ​ကျော်မှ လူနာတင်ကား​ခေါ်၍သယ်​စေခဲ့​ကြောင်လည်းသိရသည်။
သေဆုံးသူသည် ကျောက်အရောင်းအဝယ်လုပ်ကိုင်​သောလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ၎င်းနှင့်အတူ ကားပေါ်တွင်ထောင်ကြီးပိုင်းတန်သည့် ကျောက်နှင့် ငွေများစွာပါကြောင်း၊သို့သော် မည်သည့်ပစ္စည်းမှပြန်မရဘဲ ပျောက်ဆုံးနေကြောင်း သေဆုံးသူ၏ မိတ်ဆွေအချို့ကပြောသည်။
“ကားပေါ်မှာပါတဲ့ တန်ဖိုးကြီး ပစ္စည်းတွေ ဘာမှပြန်မရဘူးလို့ကြားတယ်။ ရဲစခန်းကို အမှုကိစ္စတွေ နာရေးကိစ္စတွေစီစဉ်ဖို့ လာရှင်းတဲ့အခါကျမှ ပါလာတဲ့ရတနာတွေက တော်တော် တန်ဖိုးရှိမှန်းလဲသိ၊ထောင်ကြီးပိုင်းမှန်းလည်း သိရော ကြိတ်ရှာနေကြတယ်။ ခု ခရိုင်ကတောင် လိုက်စုံစမ်းနေတယ်ပြောတယ်။ ဘယ်ကောင်ယူလဲဆိုတာသူတို့လိုက်မယ့်ပုံပဲ။”ဟု ရဲသတင်းအရင်းအမြစ်က ပြောသည်။
ထိုဖြစ်စဥ်၌ ကားပေါ်ပါတန်ဖိုးကြီးရတနာများ ပျောက်ဆုံးနေသည့်ကိစ္စနှင့်ပတ်သက်၍ ပစ်ခတ်လိုက်သည့်ဖြစ်စဥ်အား ရဲနှင့်စစ်တပ် အပြန်အလှန်လွှဲချနေသည်ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ရဲတွေကိုမေးတော့ အရပ်ဝတ်နဲ့စခက ပစ်လိုက်တာတဲ့။ စခတွေမေးတော့ အရပ်ဝတ်နဲ့ရဲကပစ်တာတဲ့။ အပြိုင်အဆိုင်လွှဲချနေကြတာ။ ပြီးတော့ ဘယ်သူယူလဲကသူတို့ အတွက်ပိုအရေးကြီးနေကြတာ။”ဟု စစ်​ကောင်စီတပ်မှ သတင်း​ပေးတစ်ဦးကပြောသည်။
ကားမှာ Crown နံပါတ်အပူး မော်ဒယ်အမြင့်ကားဖြစ်ပြီး ကားမှန်မှာလည်း အဖြူရောင် မည်သည့်စတစ်ကာမျှ ကပ်မထားကြောင်း၊ မီးစိမ်း၍ ကွေ့လာသည့်အချိန်တွင်မှောင်ရိပ်ခိုနေသည့် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားရာ ရပ်မပေးမိ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
“မောင်းလဲမပြေးဘူး မဟုတ်တာလဲ ဘာမှမပါဘူး။ ကျောက်အရောင်းအဝယ်လုပ်တာဆိုတော့ဟိုတယ်ကအပြန် ကျောက်တွေနဲ့ ပိုက်ဆံတွေပါတော့ လုခံရမှာကြောက်တာလေ။ခုသေသာသေသွားတယ်။ ဘာပစ္စည်းမှပြန်မရဘူးတဲ့။”ဟု သေဆုံးသူ၏ မိတ်ဆွေတစ်ဦးကပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်း၌ ကျည်ဆံရာများစွာပါနေ၍ အိမ်ကိုအသယ်မခံကြောင်း၊ ရင်ခွဲရုံမှသုဿန်သို့ တန်းပြီးသင်္ဂြိုလ်ခဲ့ရကြောင်းမြို့ခံအချို့က ပြောသည်။
” ​​ခွေးတွေက မူးနေကြတာတဲ့ အော်ဟစ်ဆဲဆိုသောင်းကြန်းပြီး ပစ်မယ်တကဲကဲပဲတဲ့ ဆေးကြောင်နေပုံရတယ်တဲ့ အထက်ကလဲသိကြမှာပဲ။ သိလဲမနိုင်လို့ လွှတ်ထားတာ။
အဓိကက ဘယ်လိုနေနေ မလုံခြုံတော့ဘူး။ မြို့ပေါ်မှာလဲ ပစ်ချင်ပစ်မှာပဲ အရာရာခွေးတွေလက်ထဲပဲ။ပညာမတတ်မြို့ပေါ်မရောက်ဘူးတဲ့ ကောင်တွေလက်ထဲ သေနတ်ထည့်ပေးပြီးလုပ်ချင်တာလုပ်ဆိုမှတော့ သူခိုးကတောင် ပိုအဆင့်ရှိဦးမယ်ဗျာ လူသတ်ဓါးပြတိုက်နေကြတာ”ဟု ဖြစ်စဥ်သိ​သော​မြို့ခံတစ်ဦးကလည်း​ပြောသည်။
(စစ်​ကောင်စီတပ်သားများက အရပ်ဝတ်ဖြင့် ညပိုင်းကားနှင့်ဆိုင်ကယ်များကိုစစ်​ဆေးစဥ်။ ။ဓါတ်ပုံ-CJ)
Leave a Reply
Your email address will not be published. Required fields are marked *