ဖားကန႔္ ဂီတပြဲ ဗုံးက်ဲခဲ့တဲ့ အဓိက လက္သည္တရားခံ စစ္ေကာင္စီ ေလယာဥ္မႉး

MFP ၊ ေအာက္တိုဘာ – ၂၅

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္၊ KIA တပ္မဟာ(၉)နယ္ေျမမွာ ကခ်င္ အမ်ိဳးသားလြတ္ေျမာက္ေရး အဖြဲ႕ – KIO ဖြဲ႕စည္းျခင္း ႏွစ္ပတ္လည္ အႀကိဳအျဖစ္ ညပိုင္း ဂီတပြဲ က်င္းပေနခ်ိန္ စစ္အုပ္စုက (MIG-29) တိုက္ေလယာဥ္ေတြ အသုံးျပဳၿပီး ဗုံးက်ဲ တိုက္ခိုက္ခဲ့လို႔ ဂီတပြဲက အႏုပညာရွင္ေတြ၊ ျပည္သူေတြ ရာဂဏန္း ေသဆုံးထိခိုက္ခဲ့တယ္လို႔ ကခ်င္သတင္းေတြက ေဖာ္ျပပါတယ္

ေအာက္တိုဘာ (၂၃)ရက္၊ ည(၈)နာရီ (၄၀)မိနစ္က ဖားကန႔္ၿမိဳ႕နယ္၊ KIA တပ္မဟာ(၉)နယ္ေျမ အနန္ပါေဒသက ဂီတပြဲ ျပဳလုပ္ေနတဲ့ ေနရာကို စစ္အုပ္စုက တိုက္ေလယာဥ္ သုံးစီးနဲ႔ ဗုံးက်ဲခဲ့တာ ျဖစ္ၿပီး တိုက္ပြဲျဖစ္ပြါးျခင္း မရွိဘဲ အေၾကာင္းမဲ့ တိုက္ခိုက္ခံရတာလို႔ ေဒသခံေတြက ဆိုပါတယ္

ဖားကန႔္ေဒသ ဂီတပြဲကို ေလေၾကာင္းက ဗုံးက်ဲတိုက္ခိုက္ဖို႔ မႏၲေလးၿမိဳ႕၊ တံတားဦး ေလဆိပ္ကေန ည(၈)နာရီဝန္းက်င္မွာ တိုက္ေလယာဥ္ေတြ ပ်ံတက္သြားတာ ျဖစ္ၿပီး ည(၈)နာရီ(၁၀)မိနစ္မွာ သပိတ္က်င္းၿမိဳ႕နယ္ထဲက ျဖတ္ကာ ေျမာက္ဘက္ကို ဦးတည္ပ်ံသန္းသြားတဲ့ ေလယာဥ္ သုံးစီး ေတြ႕ခဲ့ရတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္

KIA နယ္ေျမမွာ က်င္းပေနတဲ့ ဂီတပြဲကို (MIG-29) တိုက္ေလယာဥ္ သုံးစီးနဲ႔ Night Flight Misson အျဖစ္ တိုက္ခိုက္ခဲ့တာ ျဖစ္ၿပီး အမ်ိဳးအစား မသိရေသးတဲ့ Guided Missle ေတြ အသုံးျပဳခဲ့တယ္လို႔ စစ္အုပ္စုက သတင္းျဖန႔္ပါတယ္။ ဖားကန႔္က ဂီတပြဲကို ဗုံးႀကဲၿပီး တစ္ခ်ိန္တည္းမွာပဲ ဗန္းေမာ္ၿမိဳ႕နယ္ ၿမိဳ႕သစ္ၿမိဳ႕ႏွင့္ မိုးေမာက္ဘက္က KIA အထိုင္စခန္းကုန္းေတြကိုလည္း တိုက္ေလယာဥ္နဲ႔ ဗုံးႀကဲခဲ့တယ္လို႔ စစ္ေလာ္ဘီေတြက ေဖာ္ျပထားပါေသးတယ္

ျမန္မာစစ္တပ္ရဲ႕ ေလတပ္ အတြင္းသတင္းေတြကို ဖြင့္ခ်ေနတဲ့ Operation Spitfire ရဲ႕ ထုတ္ျပန္ခ်က္ေတြအရ ဖားကန႔္က ဂီတပြဲကို တိုက္ခိုက္ခဲ့တယ္လို႔ ယူဆရတဲ့ မင္းေအာင္လႈိင္ကို သစၥာခံတဲ့ ေလယာဥ္မႉး (Pilot) (၁၅)ဦး ရွိပါတယ္

(MIG-29) အမ်ိဳးအစား တိုက္ေလယာဥ္နဲ႔ ျပည္သူကို ဗုံးက်ဲ သတ္ျဖတ္ေနတဲ့ စစ္ေကာင္စီ သစၥာခံ ေလယာဥ္မႉး (၁၅)ဦးရဲ႕ အမည္၊ ရာထူးနဲ႔ လိပ္စာေတြကို Operation Spitfire က ၿပီးခဲ့တဲ့ ေမလဆန္းမကတည္းက ထုတ္ေဖာ္ေၾကညာထားပါတယ္

အဲဒီ ေလယာဥ္မႉး (၁၅)ဦးက ဒု-ဗိုလ္မႉးႀကီး ရဲေက်ာ္သူ၊ ဗိုလ္မႉး ေက်ာ္ေဇယ်ာစိုး၊ ဗိုလ္မႉး ေစာထက္ေအာင္၊ ဗိုလ္မႉး ရဲလင္းျမတ္၊ ဗိုလ္မႉး ေက်ာ္စြာတင္ေလး၊ ဗိုလ္မႉး သန႔္ေဇာ္ဝင္း၊ ဗိုလ္ႀကီး ေအာင္ထူး၊ ဗိုလ္ႀကီး စိုင္းထြန္ေအာင္၊ ဗိုလ္ႀကီး သီဟန္ထူး၊ ဗိုလ္ႀကီး ရဲမင္း‌ေအာင္၊ ဗိုလ္ႀကီး ၿဖိဳးဦးခန႔္၊ ဗိုလ္ႀကီး ေဝလင္းၿဖိဳး၊ ဗိုလ္ႀကီး ရဲဝင္းလႈိင္၊ ဗိုလ္ႀကီး ေကာင္းခန႔္စိုးႏွင့္ ဗိုလ္ႀကီး တင္စိုးသန္း တို႔ ျဖစ္ပါတယ္။

ဖားကန႔္ ဂီတပြဲကို ဗုံးက်ဲတိုက္ခိုက္တဲ့ (MIG-29) တိုက္ေလယာဥ္သုံးစီးကို ဘယ္သူေတြ ေမာင္းႏွင္ခဲ့တယ္ ဆိုတာေတာ့ အတိအက် မသိရေသးပါဘူး

ဒီမိုကေရစီနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး အင္အားစု၊ သုေတသနနဲ႔ မွတ္တမ္းဌာနရဲ႕ ၿပီးခဲ့တဲ့ ၂၀၁၁ခုႏွစ္အတြင္း ျပဳစုထားခ်က္အရ ျမန္မာစစ္တပ္မွာ
ေလတပ္စခန္းဌာနခ်ဳပ္ (၁၈) ခု ရွိပါတယ္။ အဓိက ေလတပ္စခန္းဌာနခ်ဳပ္ေတြက ေမွာ္ဘီ(ရန္ကုန္)၊ မဂၤလာဒုံ(ရန္ကုန္)၊ ျမစ္ႀကီးနား(ကခ်င္)၊ ေတာင္ငူ(ပဲခူး)၊ နမ့္စန္(ရွမ္း)၊ မိတၳီလာ(မႏၲေလး)၊ ၿမိတ္(တနသၤာရီ)၊ ပုသိမ္(ဧရာဝတီ)၊ တံတားဦး(မႏၲေလး)နဲ႔ မေကြး(မေကြး)တို႔ျဖစ္ၾကၿပီး ေနျပည္ေတာ္(ဧလာ)၊ စစ္ကိုင္းတိုင္း ဟုမၼလင္း၊ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕တို႔မွာလည္း ေလတပ္စခန္းေတြ တိုးခ်ဲ႕ ဖြင့္လွစ္ထားပါတယ္

ေလေၾကာင္းတိုက္ခိုက္မႈေတြအတြက္ ေနာက္ထပ္ မွတ္သားထားရမယ့္သူကေတာ့ လက္ရွိ စင္ကာပူႏိုင္ငံမွာ တိမ္းေရွာင္ေနတဲ့ ခ႐ိုနီ ဦးေတဇ ျဖစ္ပါတယ္။ ၂၀၀၇ ခုႏွစ္ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေပါက္ၾကားလာတဲ့ ေၾကးနန္းေတြမွာ ဦးေတဇဟာ ႐ုရွား သံအမတ္ကို ခ်ဥ္းကပ္ၿပီး (MI-17) ရဟတ္ယာဥ္ေတြနဲ႔ (MIG-29) တိုက္ေလယာဥ္ေတြ ဝယ္ယူႏိုင္ေအာင္ တာဝန္ယူ လုပ္ေဆာင္ေပးခဲ့တဲ့ နံပတ္ဝမ္း ခ႐ိုနီျဖစ္ေၾကာင္း ကမာၻ႔မီဒီယာေတြမွာပါ ေဖာ္ျပထားပါတယ္

စစ္အုပ္စုထံမွာ ရွရွားနဲ႔ ဘီလာ႐ုႏိုင္ငံကေန ဝယ္ယူထားတဲ့ (MiG-29) အမ်ိဳးအစား တိုက္ေလယာဥ္ အေဟာင္းေရာ၊ အသစ္ပါ စုစုေပါင္း (၃၂)စီး ရွိႏိုင္တယ္လို႔ ကမာၻ႔မီဒီယာေတြက ေဖာ္ျပပါတယ္။ (MiG-29) တိုက္ေလယာဥ္အေဟာင္း (၁၂)စီးကို ဘီလာ႐ုႏိုင္ငံကေန ပထမဆုံး ဝယ္ယူခဲ့ၿပီးေနာက္ (၂၀၀၉)မွာေတာ့ ရွရွားကေန တိုက္႐ိုက္ (MiG-29)အစင္း (၂၀)ကို ေဒၚလာသန္း (၅၅၀)နဲ႔ ဝယ္ယူခဲ့တာ ျဖစ္ၿပီး အသုတ္လိုက္ခြဲၿပီး လိုက္ခံရရွိေနတာ ျဖစ္ပါတယ္

စစ္အုပ္စုဟာ ယခုလေတြအတြင္း (MIG – 29) နဲ႔ (Yak-130) အမ်ိဳးအစား တိုက္ေလယာဥ္ေတြ အသုံးျပဳၿပီး ႏိုင္ငံတဝန္း ေလေၾကာင္း တိုက္ခိုက္မႈေတြ လုပ္ေဆာင္ေနသလို စစ္ကိုင္းတိုင္း အပါအဝင္ အညာေဒသမွာေတာ့ (MI-35)ႏွင့္(Mi-17) အမ်ိဳးအစား တိုက္ခိုက္ေရးနဲ႔ သယ္ပို႔ ရဟတ္ယာဥ္ေတြ အသုံးျပဳၿပီး စစ္ေရးပစ္မွတ္ေတြကိုသာမက အရပ္သားျပည္သူေတြကိုပါ ဥပေဒမဲ့ ထင္တိုင္းက်ဲ ဗုံးက်ဲပစ္ခတ္ သတ္ျဖတ္ေနတာလို႔ စစ္ေရးသတင္း ေစာင့္ၾကည့္ေလ့လာသူေတြက ဆိုပါတယ္

ဖားကန႔္က ဂီတပြဲကို ကိုယ္တိုင္ တိုက္ခိုက္ခဲ့တယ္လို႔ ေၾကညာထားတဲ့ စစ္ေကာင္စီ သစၥာခံ ေလယာဥ္မႉးနဲ႔ (MIG-29) ေလယာဥ္မႉး (၁၅)ဦး/Photo – CJ၊ Operation Spitfire

==========

ဖားကန့် ဂီတပွဲ ဗုံးကျဲခဲ့တဲ့ အဓိက လက်သည်တရားခံ စစ်ကောင်စီ လေယာဉ်မှူး

MFP ၊ အောက်တိုဘာ – ၂၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ KIA တပ်မဟာ(၉)နယ်မြေမှာ ကချင် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ – KIO ဖွဲ့စည်းခြင်း နှစ်ပတ်လည် အကြိုအဖြစ် ညပိုင်း ဂီတပွဲ ကျင်းပနေချိန် စစ်အုပ်စုက (MIG-29) တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ ဂီတပွဲက အနုပညာရှင်တွေ၊ ပြည်သူတွေ ရာဂဏန်း သေဆုံးထိခိုက်ခဲ့တယ်လို့ ကချင်သတင်းတွေက ဖော်ပြပါတယ်။

အောက်တိုဘာ (၂၃)ရက်၊ ည(၈)နာရီ (၄၀)မိနစ်က ဖားကန့်မြို့နယ်၊ KIA တပ်မဟာ(၉)နယ်မြေ အနန်ပါဒေသက ဂီတပွဲ ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကျဲခဲ့တာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်

ဖားကန့်ဒေသ ဂီတပွဲကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်ဖို့ မန္တလေးမြို့၊ တံတားဦး လေဆိပ်ကနေ ည(၈)နာရီဝန်းကျင်မှာ တိုက်လေယာဉ်တွေ ပျံတက်သွားတာ ဖြစ်ပြီး ည(၈)နာရီ(၁၀)မိနစ်မှာ သပိတ်ကျင်းမြို့နယ်ထဲက ဖြတ်ကာ မြောက်ဘက်ကို ဦးတည်ပျံသန်းသွားတဲ့ လေယာဉ် သုံးစီး တွေ့ခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်

KIA နယ်မြေမှာ ကျင်းပနေတဲ့ ဂီတပွဲကို (MIG-29) တိုက်လေယာဉ် သုံးစီးနဲ့ Night Flight Misson အဖြစ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အမျိုးအစား မသိရသေးတဲ့ Guided Missle တွေ အသုံးပြုခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ ဖားကန့်က ဂီတပွဲကို ဗုံးကြဲပြီး တစ်ချိန်တည်းမှာပဲ ဗန်းမော်မြို့နယ် မြို့သစ်မြို့နှင့် မိုးမောက်ဘက်က KIA အထိုင်စခန်းကုန်းတွေကိုလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ စစ်လော်ဘီတွေက ဖော်ပြထားပါသေးတယ်

မြန်မာစစ်တပ်ရဲ့ လေတပ် အတွင်းသတင်းတွေကို ဖွင့်ချနေတဲ့ Operation Spitfire ရဲ့ ထုတ်ပြန်ချက်တွေအရ ဖားကန့်က ဂီတပွဲကို တိုက်ခိုက်ခဲ့တယ်လို့ ယူဆရတဲ့ မင်းအောင်လှိုင်ကို သစ္စာခံတဲ့ လေယာဉ်မှူး (Pilot) (၁၅)ဦး ရှိပါတယ်

(MIG-29) အမျိုးအစား တိုက်လေယာဉ်နဲ့ ပြည်သူကို ဗုံးကျဲ သတ်ဖြတ်နေတဲ့ စစ်ကောင်စီ သစ္စာခံ လေယာဉ်မှူး (၁၅)ဦးရဲ့ အမည်၊ ရာထူးနဲ့ လိပ်စာတွေကို Operation Spitfire က ပြီးခဲ့တဲ့ မေလဆန်းမကတည်းက ထုတ်ဖော်ကြေညာထားပါတယ်

အဲဒီ လေယာဉ်မှူး (၁၅)ဦးက ဒု-ဗိုလ်မှူးကြီး ရဲကျော်သူ၊ ဗိုလ်မှူး ကျော်ဇေယျာစိုး၊ ဗိုလ်မှူး စောထက်အောင်၊ ဗိုလ်မှူး ရဲလင်းမြတ်၊ ဗိုလ်မှူး ကျော်စွာတင်လေး၊ ဗိုလ်မှူး သန့်ဇော်ဝင်း၊ ဗိုလ်ကြီး အောင်ထူး၊ ဗိုလ်ကြီး စိုင်းထွန်အောင်၊ ဗိုလ်ကြီး သီဟန်ထူး၊ ဗိုလ်ကြီး ရဲမင်း‌အောင်၊ ဗိုလ်ကြီး ဖြိုးဦးခန့်၊ ဗိုလ်ကြီး ဝေလင်းဖြိုး၊ ဗိုလ်ကြီး ရဲဝင်းလှိုင်၊ ဗိုလ်ကြီး ကောင်းခန့်စိုးနှင့် ဗိုလ်ကြီး တင်စိုးသန်း တို့ ဖြစ်ပါတယ်။

ဖားကန့် ဂီတပွဲကို ဗုံးကျဲတိုက်ခိုက်တဲ့ (MIG-29) တိုက်လေယာဉ်သုံးစီးကို ဘယ်သူတွေ မောင်းနှင်ခဲ့တယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ သုတေသနနဲ့ မှတ်တမ်းဌာနရဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်အတွင်း ပြုစုထားချက်အရ မြန်မာစစ်တပ်မှာ
လေတပ်စခန်းဌာနချုပ် (၁၈) ခု ရှိပါတယ်။ အဓိက လေတပ်စခန်းဌာနချုပ်တွေက မှော်ဘီ(ရန်ကုန်)၊ မင်္ဂလာဒုံ(ရန်ကုန်)၊ မြစ်ကြီးနား(ကချင်)၊ တောင်ငူ(ပဲခူး)၊ နမ့်စန်(ရှမ်း)၊ မိတ္ထီလာ(မန္တလေး)၊ မြိတ်(တနင်္သာရီ)၊ ပုသိမ်(ဧရာဝတီ)၊ တံတားဦး(မန္တလေး)နဲ့ မကွေး(မကွေး)တို့ဖြစ်ကြပြီး နေပြည်တော်(ဧလာ)၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ရခိုင်ပြည်နယ် အမ်းမြို့တို့မှာလည်း လေတပ်စခန်းတွေ တိုးချဲ့ ဖွင့်လှစ်ထားပါတယ်

လေကြောင်းတိုက်ခိုက်မှုတွေအတွက် နောက်ထပ် မှတ်သားထားရမယ့်သူကတော့ လက်ရှိ စင်ကာပူနိုင်ငံမှာ တိမ်းရှောင်နေတဲ့ ခရိုနီ ဦးတေဇ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေါက်ကြားလာတဲ့ ကြေးနန်းတွေမှာ ဦးတေဇဟာ ရုရှား သံအမတ်ကို ချဉ်းကပ်ပြီး (MI-17) ရဟတ်ယာဉ်တွေနဲ့ (MIG-29) တိုက်လေယာဉ်တွေ ဝယ်ယူနိုင်အောင် တာဝန်ယူ လုပ်ဆောင်ပေးခဲ့တဲ့ နံပတ်ဝမ်း ခရိုနီဖြစ်ကြောင်း ကမ္ဘာ့မီဒီယာတွေမှာပါ ဖော်ပြထားပါတယ်

စစ်အုပ်စုထံမှာ ရှရှားနဲ့ ဘီလာရုနိုင်ငံကနေ ဝယ်ယူထားတဲ့ (MiG-29) အမျိုးအစား တိုက်လေယာဉ် အဟောင်းရော၊ အသစ်ပါ စုစုပေါင်း (၃၂)စီး ရှိနိုင်တယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ပြပါတယ်။ (MiG-29) တိုက်လေယာဉ်အဟောင်း (၁၂)စီးကို ဘီလာရုနိုင်ငံကနေ ပထမဆုံး ဝယ်ယူခဲ့ပြီးနောက် (၂၀၀၉)မှာတော့ ရှရှားကနေ တိုက်ရိုက် (MiG-29)အစင်း (၂၀)ကို ဒေါ်လာသန်း (၅၅၀)နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး အသုတ်လိုက်ခွဲပြီး လိုက်ခံရရှိနေတာ ဖြစ်ပါတယ်

စစ်အုပ်စုဟာ ယခုလတွေအတွင်း (MIG – 29) နဲ့ (Yak-130) အမျိုးအစား တိုက်လေယာဉ်တွေ အသုံးပြုပြီး နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို စစ်ကိုင်းတိုင်း အပါအဝင် အညာဒေသမှာတော့ (MI-35)နှင့်(Mi-17) အမျိုးအစား တိုက်ခိုက်ရေးနဲ့ သယ်ပို့ ရဟတ်ယာဉ်တွေ အသုံးပြုပြီး စစ်ရေးပစ်မှတ်တွေကိုသာမက အရပ်သားပြည်သူတွေကိုပါ ဥပဒေမဲ့ ထင်တိုင်းကျဲ ဗုံးကျဲပစ်ခတ် သတ်ဖြတ်နေတာလို့ စစ်ရေးသတင်း စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်

ဖားကန့်က ဂီတပွဲကို ကိုယ်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီ သစ္စာခံ လေယာဉ်မှူးနဲ့ (MIG-29) လေယာဉ်မှူး (၁၅)ဦး/Photo – CJ၊ Operation Spitfire

Leave a Reply

Your email address will not be published. Required fields are marked *