ဖားကန႔္တြင္ စစ္ေကာင္စီတပ္ကို ေကအိုင္ေအတိုက္ခိုက္

ဖားကန႔္ – ေအာက္တိုဘာ ၂၅၊ ၂၀၂၂

ဖားကန႔္ၿမိဳ႕ လုံးခင္းအုပ္စု တာမခံေက်း႐ြာအနီးတြင္ ယေန႔ နံနက္ ၁၁ နာရီခန႔္က စစ္ေကာင္စီတပ္ႏွင့္ ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA) တို႔ၾကား တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိသည္

စစ္ေကာင္စီစစ္ေၾကာင္းကို ၾကားျဖတ္တိုက္ခိုက္ရာမွ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး စစ္ေကာင္စီ ဗ်ဴဟာကုန္းကလည္း လက္နက္ႀကီးျဖင့္ ပစ္ခတ္ကူေနသည္ဟု ေဒသခံတစ္ဦးက The 74 Media ကိုေျပာသည္

“ၿမိဳ႕ထဲမွာေတာင္ လက္နက္ႀကီးသံက က်ယ္ေနတာပဲ သူတို႔ဘက္က အထိနာလို႔ ေနမွာေပါ့ စစ္ေကာင္စီေတြ အခုၿမိဳ႕ထဲမွာလည္း ေျခရႈပ္ေနတယ္” ဟုသူကေျပာသည္

ဖားကန႔္ၿမိဳ႕ထဲတြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက အရပ္ဝတ္မ်ားျဖင့္ ေဒသခံျပည္သူမ်ားကို စစ္ေဆးေရးတင္းၾကပ္စြာ ျပဳလုပ္ေနေၾကာင္း အျခားေဒသခံတစ္ဦးက ေျပာသည္

“ကုန္တင္ကားထဲကေန ထြက္လာၾကတာ ဘယ္သူေတြလဲေပါ့ ၿပီးေတာ့ ဆိုင္ကယ္ေတြရပ္ခိုင္းၿပီး စစ္ေဆးမႈေတြလုပ္တယ္။ ဘာကိုစစ္လို႔ စစ္မွန္း မသိဘူး” ဟုသူကေျပာသည္

ဖားကန႔္ ေမွာ္ဝမ္းႀကီးရပ္ကြက္တြင္ ေအာက္တိုဘာ ၂၃ ရက္ေန႔က စစ္ေကာင္စီတပ္က ရမ္းသမ္းပစ္ခတ္ခဲ့သည့္ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္းသိရသည္

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ႏွင့္ ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA) တို႔ၾကား တိုက္ပြဲျပင္းထန္ေနၿပီး ေအာက္တိုဘာ ၂၃ ရက္ေန႔ကလည္း စေပါ့ေက်း႐ြာအုပ္စု မိုးကာတဲေက်း႐ြာသို႔ ခ်ီတက္လာသည့္ စစ္ေကာင္စီစစ္ေၾကာင္းႏွင့္ ေကအိုင္ေအတပ္တို႔ၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္

==========

ဖားကန့်တွင် စစ်ကောင်စီတပ်ကို ကေအိုင်အေတိုက်ခိုက်

ဖားကန့် – အောက်တိုဘာ ၂၅၊ ၂၀၂၂

ဖားကန့်မြို့ လုံးခင်းအုပ်စု တာမခံကျေးရွာအနီးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိသည်

စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ဗျူဟာကုန်းကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ကူနေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်

“မြို့ထဲမှာတောင် လက်နက်ကြီးသံက ကျယ်နေတာပဲ သူတို့ဘက်က အထိနာလို့ နေမှာပေါ့ စစ်ကောင်စီတွေ အခုမြို့ထဲမှာလည်း ခြေရှုပ်နေတယ်” ဟုသူကပြောသည်

ဖားကန့်မြို့ထဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် ဒေသခံပြည်သူများကို စစ်ဆေးရေးတင်းကြပ်စွာ ပြုလုပ်နေကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်

“ကုန်တင်ကားထဲကနေ ထွက်လာကြတာ ဘယ်သူတွေလဲပေါ့ ပြီးတော့ ဆိုင်ကယ်တွေရပ်ခိုင်းပြီး စစ်ဆေးမှုတွေလုပ်တယ်။ ဘာကိုစစ်လို့ စစ်မှန်း မသိဘူး” ဟုသူကပြောသည်

ဖားကန့် မှော်ဝမ်းကြီးရပ်ကွက်တွင် အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲပြင်းထန်နေပြီး အောက်တိုဘာ ၂၃ ရက်နေ့ကလည်း စပေါ့ကျေးရွာအုပ်စု မိုးကာတဲကျေးရွာသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကေအိုင်အေတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်

 

Leave a Reply

Your email address will not be published. Required fields are marked *