စစ္ေကာင္စီ၏ ဂက္(စ္)ပိုက္လိုင္းတစ္ေနရာကို ႏွစ္ရက္ဆက္ ေဖာက္ခြဲဖ်က္ဆီး

စႏၵီ/People’s Spring

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ ဂက္(စ္)ပိုက္လိုင္းတစ္ေနရာကို ႏွစ္ရက္ဆက္ ေဖာက္ခြဲသတိေပးခဲ့ေၾကာင္း ဗိုလ္စားေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)က အသိေပးထုတ္ျပန္သည္

မေကြးတိုင္း၊ မင္းဘူးၿမိဳ႕နယ္၊ မန္းသံပုရာကန္မွ မႏၲေလးၿမိဳ႕အထိ သြယ္တန္းထားသည့္ MOGE ဂက္(စ္)ပိုက္လိုင္း တစ္ေနရာကို ေအာက္တိုဘာ ၂၂ ရက္ ည၈နာရီခြဲတြင္ တစ္ႀကိမ္၊ ေအာက္တိုဘာ၂၃ရက္ မြန္းလြဲ၃နာရီ ၅မိနစ္တြင္ တစ္ႀကိမ္ ေဖာက္ခြဲမႈ ႏွစ္ႀကိမ္ ျပဳလုပ္ခဲ့ေၾကာင္း ဗိုလ္စားေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)က အသိေပးသည္

“အၾကမ္းဖက္ စစ္ေကာင္စီအတြက္ အႀကီးမားဆုံးေထာက္တိုင္ေတြကို ၿဖိဳခ်ဖို႔ အၿမဲႀကိဳးစားေနပါတယ္။ စကစအတြက္ အႀကီးမားဆုံး ေထာက္ တိုင္တစ္ခုျဖစ္ေနလို႔ ကြၽန္ေတာ္တို႔ ေဖာက္ခြဲလိုက္ ရျခင္းျဖစ္သလို စကစ ကိုအေထာက္ကူျပဳေနတဲ့ မည္သည့္ ေထာက္တိုင္ကိုမဆို သတိေပးေနမွာမဟုတ္ဘဲ လုပ္စရာရွိတာ ဆက္လက္လုပ္ ေဆာင္သြားမွာျဖစ္ပါတယ္။”ဟု ဗိုလ္စားေျပာက္က်ားတပ္ဖြဲ႕က သတိေပးသည္

အဆိုပါ စစ္ဆင္ေရးအား ဗိုလ္စားေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)ႏွင့္ MGN 35တို႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း အသိေပးထားသည္

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေဒသကာကြယ္ေရးအဖြဲ႕မ်ားထံ ဆက္သြယ္ေမးျမန္းထားၿပီး ျပန္လည္ေျဖၾကားျခင္း မရွိေသးေပ

႐ုပ္သံ – ဗိုလ္စားေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)

==========

စစ်ကောင်စီ၏ ဂက်(စ်)ပိုက်လိုင်းတစ်နေရာကို နှစ်ရက်ဆက် ဖောက်ခွဲဖျက်ဆီး

စန္ဒီ/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီ၏ ဂက်(စ်)ပိုက်လိုင်းတစ်နေရာကို နှစ်ရက်ဆက် ဖောက်ခွဲသတိပေးခဲ့ကြောင်း ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က အသိပေးထုတ်ပြန်သည်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မန်းသံပုရာကန်မှ မန္တလေးမြို့အထိ သွယ်တန်းထားသည့် MOGE ဂက်(စ်)ပိုက်လိုင်း တစ်နေရာကို အောက်တိုဘာ ၂၂ ရက် ည၈နာရီခွဲတွင် တစ်ကြိမ်၊ အောက်တိုဘာ၂၃ရက် မွန်းလွဲ၃နာရီ ၅မိနစ်တွင် တစ်ကြိမ် ဖောက်ခွဲမှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က အသိပေးသည်

“အကြမ်းဖက် စစ်ကောင်စီအတွက် အကြီးမားဆုံးထောက်တိုင်တွေကို ဖြိုချဖို့ အမြဲကြိုးစားနေပါတယ်။ စကစအတွက် အကြီးမားဆုံး ထောက် တိုင်တစ်ခုဖြစ်နေလို့ ကျွန်တော်တို့ ဖောက်ခွဲလိုက် ရခြင်းဖြစ်သလို စကစ ကိုအထောက်ကူပြုနေတဲ့ မည်သည့် ထောက်တိုင်ကိုမဆို သတိပေးနေမှာမဟုတ်ဘဲ လုပ်စရာရှိတာ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်ပါတယ်။”ဟု ဗိုလ်စားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်

အဆိုပါ စစ်ဆင်ရေးအား ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့် MGN 35တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ

ရုပ်သံ – ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)

Leave a Reply

Your email address will not be published. Required fields are marked *