လူမႈေရးကိစၥေၾကာင့္ တပ္ၾကပ္ႀကီးမွ အမ်ိဳးသမီးကို ဗုံးေပါက္ကြဲမႈ လုပ္ႀကံ

သွ်မ္းသံေတာ္ဆင့္ ၊ ေအာက္တိုဘာ ၂၅ ရက္

သွ်မ္းျပည္အေရွ႕ပိုင္း မိုင္းပ်ဥ္း ၿမိဳ႕မေဈးထဲ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားသည့္ျဖစ္စဥ္သည္ စစ္ေကာင္စီ တပ္ၾကပ္ႀကီးမွ ေဈးသည္အမ်ိဳးသမီးကို လုပ္ႀကံခဲ့သည္ဟု စုံစမ္းသိရသည္

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၉ ရက္ေန႔တြင္ မိုင္းပ်ဥ္းၿမိဳ႕မေဈးအတြင္း ဗုံးေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည့္ အမ်ိဳးသမီးသည္ စစ္ေကာင္စီတပ္ၾကပ္ႀကီး ႏွင့္ ခ်စ္သူျဖစ္ၿပီး လူမႈေရးကိစၥေၾကာင့္ တပ္ၾကပ္ႀကီးက လုပ္ႀကံခဲ့ေၾကာင္း ေဒသခံမ်ား ေျပာျပခ်က္အရ သိရသည္

“တပ္ၾကပ္ႀကီးက အဲ့ေကာင္မေလး ေဈးေရာင္းတဲ့ေနရာမွာ ဗုံးသြားေထာင္ထားတာ။ သူတို႔က ခ်စ္ႀကိဳက္ေနၾကတာပါ။ ႏွစ္ေယာက္လုံးက အိမ္ေထာင္သည္ေတြျဖစ္တယ္။ ေကာင္ေလးက တပ္ထဲက တပ္ၾကပ္ႀကီးျဖစ္တယ္” ဟု မိုင္းပ်ဥ္းၿမိဳ႕ ေဒသခံတစ္ဦးက ေျပာသည္

အဆိုပါ တပ္ၾကပ္ႀကီး ႏွင့္ ၎အမ်ိဳးသမီးသည္ လူမႈေရးကိစၥျဖစ္ပြားေသာေၾကာင့္ တပ္ၾကပ္ႀကီးဘက္မွ ယခုကဲ့သို႔ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္

လူမႈေရးကိစၥေၾကာင့္ ဗုံးေထာင္လုပ္ႀကံခဲ့သူ တပ္ၾကပ္ႀကီးကို မိုင္းပ်ဥ္း စစ္ေကာင္စီ တပ္ထဲတြင္ ဖမ္းဆီးကာ စစ္ေဆးမႈ ျပဳလုပ္ေနသည္ဟု သိရသည္

“ဖမ္းထားလိုက္ၿပီလို႔ေတာ့ ၾကားတယ္။ တပ္ထဲမွာပဲဆိုေတာ့ သူတို႔ဘယ္လိုလုပ္ေဆာင္လဲေတာ့ အေသးစိတ္မသိရဘူး” ဟု အထက္ပါသူက ထပ္ေလာင္းေျပာသည္

ထို႔ျပင္ ေပါက္ကြဲမႈ ႏွင့္ ထိခိုက္သူသည္ လက္ရွိမွာ က်ိဳင္းတုံျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနဆဲ ဟု ေဒသခံမ်ား ေျပာျပခ်က္အရ သိရသည္

ထို ဗုံးေပါက္ကြဲမႈေၾကာင့္ ေဒသခံမ်ား စိုးရိမ္ေနမႈရွိၿပီး ယခုလို ပုဂၢိဳလ္ေရး ကိစၥေၾကာင့္ ႏွင့္ ပတ္ဝန္းက်င္ ထိခိုက္ေအာင္ မလုပ္သင့္ေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္

“ အစေတာ့ စိုးရိမ္တာရွိတယ္။ အခုေတာ့ နည္းနည္း စိတ္သက္သာသြားတယ္။ အစက ႏိုင္ငံေရးေၾကာင့္လားဆိုၿပီး ေၾကာက္တယ္ေလ။ သူတို႔ လူမႈေရး ကိစၥျဖစ္တာေၾကာင့္ အရမ္းေတာ့ မထိတ္လန႔္ေတာ့ဘူး။ ဒါမယ့္ တပ္ၾကပ္ႀကီးကလည္း အမ်ိဳးသမီးကို အဲ့လိုမလုပ္သင့္ဘူး

ပတ္ဝန္းက်င္က လူကိုလည္း ထိခိုက္ေအာင္ မလုပ္သင့္ဘူး။ ၿပီးေတာ့ မေက်နပ္ရင္လည္း ထိခိုက္ဒဏ္ရာရေအာင္ မလုပ္သင့္ဘူး” ဟု ေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာသည္

မိုင္းပ်ဥ္းၿမိဳ႕သည္ စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဗုံးေပါက္ကြဲမႈ ျဖစ္ေၾကာင္း သိရသည္

SHANNews

===========

လူမှုရေးကိစ္စကြောင့် တပ်ကြပ်ကြီးမှ အမျိုးသမီးကို ဗုံးပေါက်ကွဲမှု လုပ်ကြံ

သျှမ်းသံတော်ဆင့် ၊ အောက်တိုဘာ ၂၅ ရက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်း မြို့မဈေးထဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့်ဖြစ်စဉ်သည် စစ်ကောင်စီ တပ်ကြပ်ကြီးမှ ဈေးသည်အမျိုးသမီးကို လုပ်ကြံခဲ့သည်ဟု စုံစမ်းသိရသည်

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် မိုင်းပျဉ်းမြို့မဈေးအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီးသည် စစ်ကောင်စီတပ်ကြပ်ကြီး နှင့် ချစ်သူဖြစ်ပြီး လူမှုရေးကိစ္စကြောင့် တပ်ကြပ်ကြီးက လုပ်ကြံခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်

“တပ်ကြပ်ကြီးက အဲ့ကောင်မလေး ဈေးရောင်းတဲ့နေရာမှာ ဗုံးသွားထောင်ထားတာ။ သူတို့က ချစ်ကြိုက်နေကြတာပါ။ နှစ်ယောက်လုံးက အိမ်ထောင်သည်တွေဖြစ်တယ်။ ကောင်လေးက တပ်ထဲက တပ်ကြပ်ကြီးဖြစ်တယ်” ဟု မိုင်းပျဉ်းမြို့ ဒေသခံတစ်ဦးက ပြောသည်

အဆိုပါ တပ်ကြပ်ကြီး နှင့် ၎င်းအမျိုးသမီးသည် လူမှုရေးကိစ္စဖြစ်ပွားသောကြောင့် တပ်ကြပ်ကြီးဘက်မှ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်

လူမှုရေးကိစ္စကြောင့် ဗုံးထောင်လုပ်ကြံခဲ့သူ တပ်ကြပ်ကြီးကို မိုင်းပျဉ်း စစ်ကောင်စီ တပ်ထဲတွင် ဖမ်းဆီးကာ စစ်ဆေးမှု ပြုလုပ်နေသည်ဟု သိရသည်

“ဖမ်းထားလိုက်ပြီလို့တော့ ကြားတယ်။ တပ်ထဲမှာပဲဆိုတော့ သူတို့ဘယ်လိုလုပ်ဆောင်လဲတော့ အသေးစိတ်မသိရဘူး” ဟု အထက်ပါသူက ထပ်လောင်းပြောသည်

ထို့ပြင် ပေါက်ကွဲမှု နှင့် ထိခိုက်သူသည် လက်ရှိမှာ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲ ဟု ဒေသခံများ ပြောပြချက်အရ သိရသည်

ထို ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံများ စိုးရိမ်နေမှုရှိပြီး ယခုလို ပုဂ္ဂိုလ်ရေး ကိစ္စကြောင့် နှင့် ပတ်ဝန်းကျင် ထိခိုက်အောင် မလုပ်သင့်ကြောင်း ဒေသခံများက ပြောဆိုကြသည်

“ အစတော့ စိုးရိမ်တာရှိတယ်။ အခုတော့ နည်းနည်း စိတ်သက်သာသွားတယ်။ အစက နိုင်ငံရေးကြောင့်လားဆိုပြီး ကြောက်တယ်လေ။ သူတို့ လူမှုရေး ကိစ္စဖြစ်တာကြောင့် အရမ်းတော့ မထိတ်လန့်တော့ဘူး။ ဒါမယ့် တပ်ကြပ်ကြီးကလည်း အမျိုးသမီးကို အဲ့လိုမလုပ်သင့်ဘူး

ပတ်ဝန်းကျင်က လူကိုလည်း ထိခိုက်အောင် မလုပ်သင့်ဘူး။ ပြီးတော့ မကျေနပ်ရင်လည်း ထိခိုက်ဒဏ်ရာရအောင် မလုပ်သင့်ဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်

မိုင်းပျဉ်းမြို့သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်

SHANNews

Leave a Reply

Your email address will not be published. Required fields are marked *