ရန္ကုန္မွာ အၿငိမ္းစားဗိုလ္မႉးခ်ဳပ္ အုန္းသြင္အပါအဝင္ စစ္ေကာင္စီတပ္ အရာရွိေတြ ပစ္ခတ္ခံရၿပီးေနာက္ ေနျပည္ေတာ္ေျပာင္းေျပးတဲ့ အရာရွိႀကီးတခ်ိဳ႕ ေနအိမ္ေတြ ျပန္လည္ေရာင္းခ်ဖို႔ လုပ္ေနတယ္လို႔ အိမ္ၿခံေျမလုပ္ကိုင္သူေတြက ေျပာပါတယ္

အၿငိမ္းစားဒုတိယဗိုလ္ခ်ဳပ္ႀကီးမွစၿပီး ဗိုလ္မႉးႀကီးအဆင့္အထိ စစ္ေကာင္စီတပ္ အရာရွိႀကီးအခ်ိဳ႕ ေနျပည္ေတာ္ကို စက္တင္ဘာ ၂၅ ရက္ေနာက္ပိုင္း ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကတာလို႔ စစ္တပ္နဲ႔နီးစပ္သူတဦးက ဒီဗြီဘီကို ေျပာပါတယ္

“သူတို႔ေတြက ရန္ကုန္ကို လန႔္ၿပီး ေနျပည္ေတာ္ကိုအကုန္ေျပာင္းတာ။ ေရွေလွ်ာက္ဘယ္လိုျဖစ္မယ္မွန္းမသိေတာ့ ရန္ကုန္က ေနအိမ္ေတြကို ျပန္ေရာင္းတာ

စစ္ေကာင္စီတပ္မွ အၿငိမ္းစားစစ္ဗိုလ္ခ်ဳပ္ေတြဟာ သဃၤန္းကြၽန္း သုဝဏၰရွိ ဗိုလ္ခ်ဳပ္အိမ္ရာနဲ႔ သန္လ်င္ ဗိုလ္ခ်ဳပ္႐ြာရွိ တိုက္အိမ္ေတြနဲ႔ ၿခံေျမကြက္ ၁၀၀ နီးပါး ျပန္လည္ေရာင္းခ်ၾကတာလို႔ အိမ္ၿခံေျမလုပ္ငန္းရွင္တဦးက ဒီဗြီဘီကို ေျပာပါတယ္

“ဒုဗိုလ္ခ်ဳပ္ႀကီးေဟာင္းတဦးနဲ႔ ဗိုလ္ခ်ဳပ္ေဟာင္းတဦးဆိုရင္ သူတို႔ပိုင္တဲ့ တိုက္နဲ႔ၿခံဝန္းကို ျပန္ေရာင္းဖို႔ အပ္ထားတာေလးလုံးေလာက္ရွိတယ္။ တိုက္ေရာၿခံေရာ သိန္းသုံးေသာင္း၊ ႏွစ္ေသာင္းခြဲ၊ အနိမ့္ဆုံးက သိန္းႏွစ္ေသာင္း အေရာင္းေတာ့မထြက္ေသးဘူး

သဃၤန္းကြၽန္း သုဝဏၰ ဗိုလ္ခ်ဳပ္႐ြာအတြင္း အၿငိမ္းစားအရာရွိႀကီးေတြ ျပန္လည္ေရာင္းခ်ဖို႔ အပ္ႏွံထားတဲ့ တိုက္နဲ႔ၿခံအလုံးေပါင္း ၆၀ ေက်ာ္ရွိၿပီး သိန္းသုံးေထာင္မွစၿပီး သိန္းသုံးေသာင္းအထိ ေစ်းဖြင့္ထားတယ္လို႔ ပြဲစားတဦးက ဒီဗြီဘီကို ေျပာပါတယ္

“သန္လ်င္က ဗိုလ္ခ်ဳပ္႐ြာမွာလည္းေရာင္းဖို႔ ေျမဧကအလိုက္ေရာင္းဖို႔ အပ္ထားတာ အကြက္သုံးဆယ္ေက်ာ္ရွိတယ္။ အခ်ိဳ႕အကြက္ေတြလည္း ေရာင္းထြက္တာေတြ ရွိတယ္

ေျမယာတိုက္တာေတြ ျပန္လည္ေရာင္းခ်တာဟာ စစ္ေကေင္စီတပ္မွ အၿငိမ္းစားအရာရွိႀကီးအခ်ိဳ႕ ေနျပည္ေတာ္စက္မႈနယ္ေျမမွာ ေျမဧကေတြ ေစ်းႏႈန္းသက္သာစြာ ျပန္ဝယ္ဖို႔ ေရာင္းခ်တာျဖစ္တယ္လို႔ ေနျပည္ေတာ္မွ လုပ္ငန္းရွင္တဦးက ဒီဗြီဘီကို ေျပာပါတယ္

“ေနျပည္ေတာ္ ဟိုတယ္ဇုန္နဲ႔ စက္မႈဇုန္မွာ စစ္တပ္နဲ႔ သူတို႔ ပတ္သက္တဲ့သူေတြကို ေျမေတြျပန္ေရာင္းေပးေနတယ္ အဲဒါေၾကာင့္ ဝယ္ဖို႔ျပန္ေရာင္းေနၾကတာျဖစ္တယ္။ ေနျပည္ ေတာ္မွာပဲ အေျခခ်မယ္နဲ႔တူတယ္

ရန္ကုန္တိုင္းက ၿမိဳ႕နယ္အခ်ိဳ႕မွာ ၿပီးခဲ့တဲ့လေတြက စစ္ေကာင္စီတပ္မွ အၿငိမ္းစားဗိုလ္မႉးခ်ဳပ္၊ ဗိုလ္ႀကီးနဲ႔ လက္တေလာတာဝန္ထမ္းေဆာင္ေနတဲ့ ဗိုလ္မႉး၊ ဗိုလ္ႀကီး စတဲ့ အရာရွိေဝြ လုပ္ႀကံပစ္ခတ္ခံရၿပီးေနာက္ ေနျပည္ေတာ္ကို ေျပာင္းေျပးၾကတာျဖစ္ပါတယ္

========

ရန်ကုန်မှာ အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်အပါအဝင် စစ်ကောင်စီတပ် အရာရှိတွေ ပစ်ခတ်ခံရပြီးနောက် နေပြည်တော်ပြောင်းပြေးတဲ့ အရာရှိကြီးတချို့ နေအိမ်တွေ ပြန်လည်ရောင်းချဖို့ လုပ်နေတယ်လို့ အိမ်ခြံမြေလုပ်ကိုင်သူတွေက ပြောပါတယ်

အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးမှစပြီး ဗိုလ်မှူးကြီးအဆင့်အထိ စစ်ကောင်စီတပ် အရာရှိကြီးအချို့ နေပြည်တော်ကို စက်တင်ဘာ ၂၅ ရက်နောက်ပိုင်း ပြောင်းရွှေ့နေထိုင်နေကြတာလို့ စစ်တပ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်

“သူတို့တွေက ရန်ကုန်ကို လန့်ပြီး နေပြည်တော်ကိုအကုန်ပြောင်းတာ။ ရှေလျှောက်ဘယ်လိုဖြစ်မယ်မှန်းမသိတော့ ရန်ကုန်က နေအိမ်တွေကို ပြန်ရောင်းတာ

စစ်ကောင်စီတပ်မှ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေဟာ သင်္ဃန်းကျွန်း သုဝဏ္ဏရှိ ဗိုလ်ချုပ်အိမ်ရာနဲ့ သန်လျင် ဗိုလ်ချုပ်ရွာရှိ တိုက်အိမ်တွေနဲ့ ခြံမြေကွက် ၁၀၀ နီးပါး ပြန်လည်ရောင်းချကြတာလို့ အိမ်ခြံမြေလုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်

“ဒုဗိုလ်ချုပ်ကြီးဟောင်းတဦးနဲ့ ဗိုလ်ချုပ်ဟောင်းတဦးဆိုရင် သူတို့ပိုင်တဲ့ တိုက်နဲ့ခြံဝန်းကို ပြန်ရောင်းဖို့ အပ်ထားတာလေးလုံးလောက်ရှိတယ်။ တိုက်ရောခြံရော သိန်းသုံးသောင်း၊ နှစ်သောင်းခွဲ၊ အနိမ့်ဆုံးက သိန်းနှစ်သောင်း အရောင်းတော့မထွက်သေးဘူး

သင်္ဃန်းကျွန်း သုဝဏ္ဏ ဗိုလ်ချုပ်ရွာအတွင်း အငြိမ်းစားအရာရှိကြီးတွေ ပြန်လည်ရောင်းချဖို့ အပ်နှံထားတဲ့ တိုက်နဲ့ခြံအလုံးပေါင်း ၆၀ ကျော်ရှိပြီး သိန်းသုံးထောင်မှစပြီး သိန်းသုံးသောင်းအထိ စျေးဖွင့်ထားတယ်လို့ ပွဲစားတဦးက ဒီဗွီဘီကို ပြောပါတယ်

“သန်လျင်က ဗိုလ်ချုပ်ရွာမှာလည်းရောင်းဖို့ မြေဧကအလိုက်ရောင်းဖို့ အပ်ထားတာ အကွက်သုံးဆယ်ကျော်ရှိတယ်။ အချို့အကွက်တွေလည်း ရောင်းထွက်တာတွေ ရှိတယ်

မြေယာတိုက်တာတွေ ပြန်လည်ရောင်းချတာဟာ စစ်ကေေင်စီတပ်မှ အငြိမ်းစားအရာရှိကြီးအချို့ နေပြည်တော်စက်မှုနယ်မြေမှာ မြေဧကတွေ စျေးနှုန်းသက်သာစွာ ပြန်ဝယ်ဖို့ ရောင်းချတာဖြစ်တယ်လို့ နေပြည်တော်မှ လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်

“နေပြည်တော် ဟိုတယ်ဇုန်နဲ့ စက်မှုဇုန်မှာ စစ်တပ်နဲ့ သူတို့ ပတ်သက်တဲ့သူတွေကို မြေတွေပြန်ရောင်းပေးနေတယ် အဲဒါကြောင့် ဝယ်ဖို့ပြန်ရောင်းနေကြတာဖြစ်တယ်။ နေပြည် တော်မှာပဲ အခြေချမယ်နဲ့တူတယ်

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ပြီးခဲ့တဲ့လတွေက စစ်ကောင်စီတပ်မှ အငြိမ်းစားဗိုလ်မှူးချုပ်၊ ဗိုလ်ကြီးနဲ့ လက်တလောတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီး စတဲ့ အရာရှိဝွေ လုပ်ကြံပစ်ခတ်ခံရပြီးနောက် နေပြည်တော်ကို ပြောင်းပြေးကြတာဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *