Bloomberg သတင်းအရ နယူးယောက်ကဲ့သို့ဘဏ္ဍာရေးစင်တာများ၏ ရွှေတိုက်များအတွင်းမှ ရွှေသတ္တုအမြောက်အမြားကို ထုတ်ယူပြီး ရှန်ဟိုင်းရွှေဈေးကွက်၊ အစ္စတမ်ဘူးလ် Grand Bazaar ရွှေဈေးကွက်တို့ထံ ပေးပို့ပါတယ်
===========
အနောက်နိုင်ငံဘဏ္ဍာရေးဌာနများမှ ရွှေအမြောက်အမြား အာရှဈေးကွက်များသို့ စီးဆင်းနေပါတယ်။အာရှမှ ရွှေဝယ်သူများသည် စျေးနှုန်းသက်သာသော အခွင့်ကောင်းကိုရယူရန်လက်ဝတ်ရတနာများ၊ ဒင်္ဂါးများနှင့် ရွေချောင်းများကိုဝယ်ယူကြပါတယ်
အာရှဈေးကွက်များတွင် ငွေသတ္တု ဝယ်လိုအားလည်းကြီးထွားလာနေပါတယ်။Bloomberg က သတင်းဖော်ပြခဲ့ရာမှာ အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူ အများအပြားသည် အထူးသဖြင့် ကုမ္ပဏီများက ရွှေချောင်းများကို ရောင်းထုတ်နေကြပါတယ်
Bloomberg သတင်းအရ နယူးယောက်ကဲ့သို့ဘဏ္ဍာရေးစင်တာများ၏ ရွှေတိုက်များအတွင်းမှ ရွှေသတ္တုအမြောက်အမြားကို ထုတ်ယူပြီး ရှန်ဟိုင်းရွှေစျေးကွက်၊ အစ္စတမ်ဘူးလ် Grand Bazaar ရွှေဈေးကွက်တို့ထံ ပေးပို့ပါတယ်
အာရှမှ ရွှေရောင်း၀ယ်သူတွေဟာအာရှဈေးကွက်ထဲမှ ဝယ်လိုအားအတွက် ရွှေအလုံအလောက် ရရှိဖို့ အခက်တွေ့နေကြပါတယ်။ထို့ကြောင့် ရလဒ်အဖြစ် အာရှနိုင်ငံအများအပြားတွင် ပရီမီယံရွှေ ဈေးနှုန်းများ သိသိသာသာ တိုးလာခဲ့ပါတယ်
တရုတ်နိုင်ငံတွင် စက်တင်ဘာလ ပျှမ်းမျှ ပရီမီယံရွှေဈေးနှုန်းဟာ ခြောက်နှစ်နီးပါးအတွင်း အမြင့်ဆုံးရေချိန်သို့ ရောက်ရှိခဲ့ပါတယ်။CME Group နှင့် London Bullion Market Association တို့မှအချက်အလက်များအရ
ဧပြီလကုန်ပိုင်းမှစတင်၍နယူးယောက်နှင့်လန်ဒန်တို့ထံမှရွှေ ၅၂၇ တန်ကျော် ထွက်ခွာခဲ့ကြောင်း သိရပါတယ်။တစ်ချိန်တည်းမှာပင် တရုတ် နိုင်ငံသို့ ရွှေတင်သွင်းမှုသည် ဩဂုတ်လတွင်လေးနှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ပါတယ်
အာရှဈေးကွက် အထူးသဖြင့် အိန္ဒိယမှာ ငွေသတ္တုဝယ်လိုအား တိုးလာနေပါတယ်။အာရှမှ ဗဟိုဘဏ်များကလည်း ရွှေဝယ်ကြပါတယ်
ကမ္ဘာတစ်ဝှမ်းရှိ ဗဟိုဘဏ်များသည် ငါးလဆက်တိုက်အသားတင်ရွှေဝယ်သူများဖြစ်ခဲ့ကြပြီး
ကြီးကြီးမားမားဝယ်ယူမှုအားလုံးသည်အရှေ့တိုင်းမှာဖြစ်ပါတယ်။တူရကီကအခြားနိုင်ငံများထက် ၂၀၂၂ ခုနှစ်မှာအရန်ရွှေများပိုမိုထည့်သွင်း ခဲ့ပါတယ်
တူရကီသည် ဩဂုတ်လတွင် ၈.၉ တန် ဝယ်ယူမှုခဲ့ပြီး ယခုနှစ်ပထမရှစ်လတာကာလအတွင်း ၎င်း၏ ရွှေအရန်ငွေ ၈၄ တန် တိုးခဲ့ပါတယ်
ယခုအခါ တူရကီ ဗဟိုဘဏ်မှာ ရွှေ ၄၇၈ တန် ပိုင်ဆိုင်ထားပါတယ်
၂၀၂၀ ဒုတိယ ၃ လပတ်နောက်ပိုင်း အမြင့်ဆုံးအဆင့် ဖြစ်ပါတယ်။အိန္ဒိယ ဗဟိုဘဏ် Reserve Bank of India သည် လည်း ၂၀၂၂ တွင် ကြီးမားသော ဝယ်သူဖြစ်ပါတယ်။ ၎င်းရဲ့ စုစုပေါင်း အရန်‌ေရွှမှာ ၇၈၂.၇ တန်ဖြစ်ပါတယ်
ကမ္ဘာမှာ နံပါတ်(၉) အဆင့်သို့ ရောက်ရှိနေပါတယ်။Reserve Bank of India က ၂၀၁၇ မှာ ရွှေဝယ်ယူမှု ပြန်လည်စတင်ခဲ့ပါတယ်။ တန်ချိန် ၂၀၀ ကျော် ဝယ်ယူခဲ့ပြီးပါပြီ
၂၀၂၃ တွင် အခြားရွှေအဝယ်များတဲ့ နိုင်ငံများမှာကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ ကာတာနှင့် အီရတ်တို့ ပါဝင်ပါတယ်
Leave a Reply
Your email address will not be published. Required fields are marked *