KIA တပ္မဟာ ၉ ကို တန္ျပန္စစ္ဆင္ေရးလုပ္ေဆာင္ခဲ့တာလို႔ စစ္ေကာင္စီ ထုတ္ျပန္
~~~

■ စစ္ေကာင္စီတပ္စခန္းေတြကို အႀကိမ္ႀကိမ္တိုက္ခိုက္မႈေတြရွိခဲ့တာေၾကာင့္ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA ရဲ႕ တပ္မဟာ ၉ နယ္ေျမကို လိုအပ္သလို စစ္ဆင္ေရးေတြတန္ျပန္ေဆာင္႐ြက္ခဲ့တာလို႔ ဖားကန႔္ၿမိဳ႕နယ္ အနန႔္ပါေက်း႐ြာ ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီက ေၾကညာခ်က္ထုတ္ျပန္ပါတယ္

KIA နဲ႔ PDFေတြက ေအာက္တိုဘာလ ၂၁ ရက္ေန႔ကေန ၂၃ ရက္ေန႔အထိ မိုးေမာက္ၿမိဳ႕နယ္က စစ္ေကာင္စီ စခန္းေတြနဲ႔ တပ္ဖြဲ႕ဝင္ေတြကို တိုက္ခိုက္ခဲ့ၿပီးကသာ၊ ေ႐ႊကူနဲ႔ ဗန္းေမာ္ၾကား ခရီးသည္တင္ေရယာဥ္ေတြကို အေၾကာင္းမဲပစ္ခတ္မႈေၾကာင့္ KIA တပ္မဟာ ၉ နယ္ေျမကို စစ္ဆင္ေရးလုပ္ခဲ့တာလို႔ ေျပာပါတယ္

တိုက္ခိုက္ခဲ့တဲ့ေနရာဟာ တရားမဝင္ေက်ာက္သူေ႒း တခ်ိဳ႕နဲ႔ KIA လက္နက္ကိုင္တပ္ဖြဲ႕ဝင္ေတြသာ ဝင္ေရာက္ႏိုင္တဲ့ေနရာျဖစ္ၿပီး အမ်ားျပည္သူသြားလာဖို႔ လုံၿခဳံေရးအရ ကန႔္သတ္ခ်က္ရွိတဲ့ေနရာျဖစ္တယ္လို႔ စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္

သတင္းမီဒီယာေတြက ေတးဂီတေဖ်ာ္ေျဖပြဲကို တပ္မေတာ္က ေလယာဥ္နဲ႔ ဗုံးႀကဲလို႔ အျပစ္မဲ့ျပည္သူေတြနဲ႔ ကခ်င္ဝါရင့္အဆိုေတာ္တခ်ိဳ႕ေသဆုံးခဲ့တယ္ဆိုတဲ့ သတင္းေတြဟာ သတင္းမွားေတြသာျဖစ္တယ္လို႔ စစ္ေကာင္စီက ဆိုပါတယ္

စစ္ေကာင္စီက အျပစ္မဲ့ျပည္သူေတြေသဆုံးခဲ့တယ္ဆိုတဲ့အေပၚ ျငင္းဆိုေပမယ့္ ဖားကန႔္ၿမိဳ႕ခံတစ္ဦးက ေကအိုင္အို တည္ေထာင္တဲ့ ၆၂ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ ေတးဂီတ ေဖ်ာ္ေျဖပြဲ က်င္းပေနခ်ိန္ျဖစ္လို႔ အဲ့ဒီေနရာမွာ လူအမ်ားအျပားရွိခဲ့တယ္လို႔ RFA ကိုေျပာထားပါတယ္

“လူထုကလည္း အုံလိုက္က်င္းလိုက္ ရွိေနတာကို အဲေနရာမွာ မိုင္းက ေလးလုံးဆိုေတာ့ ေထာင္ဂဏန္းရွိေနတဲ့အခ်ိန္ လူပုံအလယ္တည့္တည္မွာ လာခြဲတယ္ဆိုေတာ့ အတည္မျပဳႏိုင္တဲ့ သတင္းေတြအရေတာ့ ရာထပ္တယ္လို႔ ေျပာေနၾကတယ္

စစ္ေကာင္စီရဲ႕တိုက္ခိုက္မႈေၾကာင့္ ေသဆုံးခဲ့ရသူေတြထဲမွာ အရပ္သားေတြအျပင္ ေကအိုင္ေအက စစ္ဘက္အရပ္ဘက္ဝန္ထမ္းေတြလည္းပါဝင္ၿပီး စစ္ေကာင္စီက ျပည္သူေတြကို ဦးတည္တိုက္ခိုက္တာဟာ စစ္ရာဇဝတ္မႈေျမာက္ေၾကာင္းနဲ႔ ဒီလိုလုပ္ေဆာင္မႈေၾကာင့္ ႏွစ္ဖက္အဖြဲ႕အစည္းၾကား အမုန္းတရား ပိုတိုးပြားလာႏိုင္တယ္လို႔ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ KIO ရဲ႕သတင္းနဲ႔ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက RFA ကို ေျပာပါတယ္

ေအာက္တိုဘာလ ၂၄ ရက္ေန႔ ညေနပိုင္းအထိ စာရင္းအရ ေလေၾကာင္းတိုက္ခိုက္ခံရမႈေၾကာင့္ ေသဆုံးသူ ၆၀နဲ႔ထိခိုက္ဒဏ္ရာရသူ ၆၀ ခန႔္ ရွိၿပီလို႔ ကခ်င္အမ်ိဳးသမီးအစည္းအ႐ုံး၊ စစ္အာဏာရွင္ဆန႔္က်င္ေရး လူထုလႈပ္ရွားမႈေကာ္မတီ၊ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ စတဲ့ အရပ္ဖက္အဖြဲ႕ေတြက သတင္းထုတ္ျပန္ထားပါတယ္

၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔က က်ေရာက္ခဲ့သည့္ ျပည္ေထာင္စုေန႔မွာ ျပသခဲ့သည့္ စစ္ရဟတ္ယာဥ္မ်ားကို ျမင္ေတြ႕ရစဥ္

Photo: AFP

KIA တပ်မဟာ ၉ ကို တန်ပြန်စစ်ဆင်ရေးလုပ်ဆောင်ခဲ့တာလို့ စစ်ကောင်စီ ထုတ်ပြန်
~~~

■ စစ်ကောင်စီတပ်စခန်းတွေကို အကြိမ်ကြိမ်တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၉ နယ်မြေကို လိုအပ်သလို စစ်ဆင်ရေးတွေတန်ပြန်ဆောင်ရွက်ခဲ့တာလို့ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ပါတယ်

KIA နဲ့ PDFတွေက အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ မိုးမောက်မြို့နယ်က စစ်ကောင်စီ စခန်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပြီးကသာ၊ ရွှေကူနဲ့ ဗန်းမော်ကြား ခရီးသည်တင်ရေယာဉ်တွေကို အကြောင်းမဲပစ်ခတ်မှုကြောင့် KIA တပ်မဟာ ၉ နယ်မြေကို စစ်ဆင်ရေးလုပ်ခဲ့တာလို့ ပြောပါတယ်

တိုက်ခိုက်ခဲ့တဲ့နေရာဟာ တရားမဝင်ကျောက်သူဋ္ဌေး တချို့နဲ့ KIA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေသာ ဝင်ရောက်နိုင်တဲ့နေရာဖြစ်ပြီး အများပြည်သူသွားလာဖို့ လုံခြုံရေးအရ ကန့်သတ်ချက်ရှိတဲ့နေရာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်

သတင်းမီဒီယာတွေက တေးဂီတဖျော်ဖြေပွဲကို တပ်မတော်က လေယာဉ်နဲ့ ဗုံးကြဲလို့ အပြစ်မဲ့ပြည်သူတွေနဲ့ ကချင်ဝါရင့်အဆိုတော်တချို့သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှားတွေသာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်

စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေသေဆုံးခဲ့တယ်ဆိုတဲ့အပေါ် ငြင်းဆိုပေမယ့် ဖားကန့်မြို့ခံတစ်ဦးက ကေအိုင်အို တည်ထောင်တဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည် တေးဂီတ ဖျော်ဖြေပွဲ ကျင်းပနေချိန်ဖြစ်လို့ အဲ့ဒီနေရာမှာ လူအများအပြားရှိခဲ့တယ်လို့ RFA ကိုပြောထားပါတယ်

“လူထုကလည်း အုံလိုက်ကျင်းလိုက် ရှိနေတာကို အဲနေရာမှာ မိုင်းက လေးလုံးဆိုတော့ ထောင်ဂဏန်းရှိနေတဲ့အချိန် လူပုံအလယ်တည့်တည်မှာ လာခွဲတယ်ဆိုတော့ အတည်မပြုနိုင်တဲ့ သတင်းတွေအရတော့ ရာထပ်တယ်လို့ ပြောနေကြတယ်

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ အရပ်သားတွေအပြင် ကေအိုင်အေက စစ်ဘက်အရပ်ဘက်ဝန်ထမ်းတွေလည်းပါဝင်ပြီး စစ်ကောင်စီက ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်းနဲ့ ဒီလိုလုပ်ဆောင်မှုကြောင့် နှစ်ဖက်အဖွဲ့အစည်းကြား အမုန်းတရား ပိုတိုးပွားလာနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းအထိ စာရင်းအရ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၆၀နဲ့ထိခိုက်ဒဏ်ရာရသူ ၆၀ ခန့် ရှိပြီလို့ ကချင်အမျိုးသမီးအစည်းအရုံး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကော်မတီ၊ အမျိုးသမီးများအဖွဲ့ချုပ် စတဲ့ အရပ်ဖက်အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျရောက်ခဲ့သည့် ပြည်ထောင်စုနေ့မှာ ပြသခဲ့သည့် စစ်ရဟတ်ယာဉ်များကို မြင်တွေ့ရစဉ်

Photo: AFP

Leave a Reply

Your email address will not be published. Required fields are marked *