မြို့ပေါ်တိုက်ပွဲတွေ ဖြစ်လာနိုင်တာမို့ ချောင်းဦးမှာ ဗုံးခိုကျင်းတူးထားကြဖို့ PDF နှိုးဆော်
============

မြို့တွင်းတိုက်ပွဲတွေ အနှေးနဲ့ အမြန်ဖြစ်လာနိုင်တာမို့ အရေးပေါ်ဗုံးခိုကျင်းတွေ တူးထားကြဖို့ Chaung U Revolution Army က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

အထူးသဖြင့် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို ကာကွယ်နိုင်ဖို့ အရေးပေါ်ဗုံးခိုကျင်းတွေ တူးထားသင့်ပြီလို့ ဆိုပါတယ်။

Chaung U Revolution Army က မြေကျင်းတူးရမယ့်ပုံစံ၊ ဗုံးခိုကျင်းတူးရမယ့်ပုံစံ၊ သဲအိတ်စီရမယ့် ပုံစံ၊ တိုက်လေယာဉ်တွေလာပါက အရေးပေါ်သတိပေးချက်တွေကို လိုက်နာဖို့၊ ပုန်းခိုစဉ် တစ်ပါတည်း ယူဆောင်သွားရမယ့်ပစ္စည်း စတာတွေကို အကြံပြုထားပါတယ်။

“မြို့တွင်းတိုက်ပွဲတွေက ကျွန်တော်တို့စစ်ကိုင်းတိုင်းထဲမှာ အချိန်မရွေး ဖြစ်လာတော့မှာပါ။ အဲဒါကြောင့် သတိပေးတာလို့ ထင်တယ်။ ပြည်သူတွေအနေနဲ့ မပေါ့မလျော့ ကြိုတင်ပြင်ဆင်ထားသင့်တယ်” လို့ ချောင်းဦး PDF ရဲဘော်တစ်ဦးကဆိုပါတယ်။

ချောင်းဦးတောင်ရပ်ကွက်သားတစ်ဦးက ဒီနေ့အထိ ချောင်းဦးမြို့ပေါ်မှာ ဗုံးခိုကျင်းတူးတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။

“လုပ်ထားသင့်ပြီလို့ ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်အိမ်လုပ်မလဲ ကြည့်နေကြတာ။ ကျွန်တော်တို့ပြည်သူတွေကြောက်တာကလည်း လက်နက်ကြီးနဲ့ လေယာဉ်ပဲ။ စခတွေက ပြည်သူကိုလည်း မရှောင်ဘဲ ဗုံးကြဲနေတာဆိုတော့ ဗုံးခိုကျင်းတွေ လိုတာအမှန်ပဲ” လို့ သူကပြောပါတယ်။
~~~~

ကိုငြိမ်း==========

ၿမိဳ႕ေပၚတိုက္ပြဲေတြ ျဖစ္လာႏိုင္တာမို႔ ေခ်ာင္းဦးမွာ ဗုံးခိုက်င္းတူးထားၾကဖို႔ PDF ႏႈိးေဆာ္
============

ၿမိဳ႕တြင္းတိုက္ပြဲေတြ အေႏွးနဲ႔ အျမန္ျဖစ္လာႏိုင္တာမို႔ အေရးေပၚဗုံးခိုက်င္းေတြ တူးထားၾကဖို႔ Chaung U Revolution Army က ဒီေန႔ တိုက္တြန္းလိုက္ပါတယ္။

အထူးသျဖင့္ လက္နက္ႀကီးနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈအႏၲရာယ္ကို ကာကြယ္ႏိုင္ဖို႔ အေရးေပၚဗုံးခိုက်င္းေတြ တူးထားသင့္ၿပီလို႔ ဆိုပါတယ္။

Chaung U Revolution Army က ေျမက်င္းတူးရမယ့္ပုံစံ၊ ဗုံးခိုက်င္းတူးရမယ့္ပုံစံ၊ သဲအိတ္စီရမယ့္ ပုံစံ၊ တိုက္ေလယာဥ္ေတြလာပါက အေရးေပၚသတိေပးခ်က္ေတြကို လိုက္နာဖို႔၊ ပုန္းခိုစဥ္ တစ္ပါတည္း ယူေဆာင္သြားရမယ့္ပစၥည္း စတာေတြကို အႀကံျပဳထားပါတယ္။

“ၿမိဳ႕တြင္းတိုက္ပြဲေတြက ကြၽန္ေတာ္တို႔စစ္ကိုင္းတိုင္းထဲမွာ အခ်ိန္မေ႐ြး ျဖစ္လာေတာ့မွာပါ။ အဲဒါေၾကာင့္ သတိေပးတာလို႔ ထင္တယ္။ ျပည္သူေတြအေနနဲ႔ မေပါ့မေလ်ာ့ ႀကိဳတင္ျပင္ဆင္ထားသင့္တယ္” လို႔ ေခ်ာင္းဦး PDF ရဲေဘာ္တစ္ဦးကဆိုပါတယ္။

ေခ်ာင္းဦးေတာင္ရပ္ကြက္သားတစ္ဦးက ဒီေန႔အထိ ေခ်ာင္းဦးၿမိဳ႕ေပၚမွာ ဗုံးခိုက်င္းတူးတာမ်ိဳးမရွိေသးဘူးလို႔ ဆိုပါတယ္။

“လုပ္ထားသင့္ၿပီလို႔ ထင္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္အိမ္လုပ္မလဲ ၾကည့္ေနၾကတာ။ ကြၽန္ေတာ္တို႔ျပည္သူေတြေၾကာက္တာကလည္း လက္နက္ႀကီးနဲ႔ ေလယာဥ္ပဲ။ စခေတြက ျပည္သူကိုလည္း မေရွာင္ဘဲ ဗုံးႀကဲေနတာဆိုေတာ့ ဗုံးခိုက်င္းေတြ လိုတာအမွန္ပဲ” လို႔ သူကေျပာပါတယ္။
~~~~

ကိုၿငိမ္း

 

Leave a Reply

Your email address will not be published. Required fields are marked *