“ျပည္သူလူထုေပၚပဲ ပစ္မွတ္ထားၿပီးေတာ့မွ တိုက္ခိုက္တယ္ဆိုေတာ့ၿငိမ္ခ်မ္းေရးဘက္မွာ ထိခိုက္ႏိုင္တာေပါ့။ စစ္ေကာင္စီကိုလည္း လူထုက ယုံ ၾကည္မႈ ရွိမွာ မဟုတ္ဘူးဆိုေတာ့ ျမန္မာႏိုင္ငံရဲ႕ အရႈပ္ေတာ္ပုံက ပိုၿပီးေတာ့မွ ရွည္ႏိုင္တယ္”

By ရန္ကုန္ေခတ္သစ

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္တြင္ ယမန္ေန႔ည ၈ နာရီ ၄၀ မိနစ္အခ်ိန္ KIO ၆၂ ႏွစ္ျပည့္ အခမ္းအနား အထိမ္း အမွတ္ အခမ္းအနားပြဲကို စစ္တပ္က ေလယာဥ္ျဖင့္ ဗုံးက်ဲတိုက္ခိုက္ခဲ့ရာ ကခ်င္တိုင္းရင္းသား အႏုပညာရွင္ႏွင့္ ျပည္သူ ၅၀ ေက်ာ္ေသဆုံးခဲ့သည္။ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ KIA/KIO ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီးေနာ္ဘူ​ကို ရန္ကုန္ေခတ္သစ္ မီဒီယာက ဆက္သြယ္ေမးျမန္းထားသည္။

 

ေမး။ ။ ဗုံးက်ဲတိုက္ခိုက္ခံရတဲ့ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေနာက္ဆုံးအေျခအေန ဘယ္လိုရွိလဲ။ေဆးသြားကုတဲ့ သူေတြလည္း ေဆးကုခြင့္မရဘူးလို႔ သိရလို႔ပါ။

ေျဖ။ ။ တခ်ိဳ႕ဒီကေတာ့ ေဆးကုသဖို႔ေပါ့။ အဲကေန႔ ထုတ္ဖို႔ ခြင့္ေတာင္းထားတာ ရွိပါတယ္။ ရၿပီလားေတာ့ မသိဘူး။ ရေတာ့ ရေလာက္ပါၿပီ ဒဏ္ရာရသူ ေတာ္ေတာ္မ်ားမ်ားပါတယ္ဆိုေတာ့ေလ ဒါေပမယ့္ အတိအက်ေတာ့ ကြၽန္ေတာ္တို႔ေတာ့ မၾကားရေသးဘူး။

ေမး။ ။ ေနာက္ဆုံးေသဆုံးနဲ႔ ဒဏ္ရာရ အေရအတြက္ကိုေရာ ဗိုလ္မႉးႀကီးတို႔ အတည္ျပဳႏိုင္ၿပီလား။

ေျဖ။ ။ မရေသးဘူးဗ်။ ေမးေတာ့ေမးၾကည့္ထားပါတယ္။ သူတို႔လည္း ရႈပ္ခက္ေနတဲ့ အေျခအေနဆိုေတာ့ အေရအတြက္ေတာ့ အေၾကာင္းၾကားတာ မရွိေသးဘူး။

ေမး။ ။ တိုက္ခိုက္ခံရတဲ့ေနရာက စစ္ေရး ပစ္မွတ္လား အရပ္သားေတြေနတဲ့ ေက်း႐ြာလား။

ေျဖ။ ။ ကြၽန္ေတာ္တို႔ တပ္မဟာ ၉ ရဲ႕ ဌာနခ်ဳပ္နားကေတာ့ျဖစ္ပါတယ္။ ဒါေပမယ့္ ျဖစ္တာကေတာ့ ျပည္သူလူထုေတြ ရွိတဲ့ ေနရာလည္းပါတယ္။ မေန႔က ဂုဏ္ျပဳတဲ့ေနရာမွာလည္း ျပည္သူ လူထုနဲ႔ အားလုံးပူးေပါင္းၿပီးေတာ့မွ ေနတဲ့ေနရာျဖစ္ပါတယ္။

ေမး။ ။ ဒီျဖစ္စဥ္ေၾကာင့္ ေရွ႕ဆက္ ဘာေတြသက္ေရာက္မႈရွိလားမလဲ။

​ေျဖ။ ။ အဲတာအတိအက်ေတာ့ ကြၽန္ေတာ္လည္း ေျပာမရဘူး။ လူတစ္ဦးတစ္ေယာက္ရဲ႕ အျမင္နဲ႔ ျပန္ေျပာမယ္ဆိုရေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး ရက္ေတြကေတာ့ ျပည္သူလူထုေပၚပဲ ပစ္မွတ္ထားၿပီးေတာ့မွ တိုက္ခိုက္တယ္ဆိုေတာ့ ၿငိမ္ခ်မ္းေရးဘက္မွာ ထိခိုက္ႏိုင္တာေပါ့။ စစ္ေကာင္စီကိုလည္း လူထုက ယုံၾကည္မႈရွိမွာ မဟုတ္ဘူးဆိုေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ အရႈပ္ေတာ္ပုံက ပိုၿပီးေတာ့မွ ရွည္ႏိုင္တယ္လို႔ သုံးသပ္ထားပါတယ္။

ေမး။ ။ လက္ရွိျဖစ္ပ်က္တဲ့ အျဖစ္အပ်က္ေၾကာင့္ ၿငိမ္းခ်မ္းေရး ထိခိုက္တယ္ဆိုတာထက္ စစ္တပ္ဘက္က စစ္ရာဇဝတ္မႈ က်ဴးလြန္ခဲ့တာဆိုေတာ့ ႏိုင္ငံတကာကိုေကာ အေရးယူဖို႔ ေတာင္းဆိုတာေတြ ရွိႏိုင္မလား။

ေျဖ။ ။ အဲတာကေတာ့ ဗဟိုေကာ္မတီဆုံးျဖတ္ခ်က္ေပၚမွာပဲ မူတည္မွာပါ။ အခုထိကေတာ့ ကြၽန္ေတာ္တို႔ ဘာမွ မၾကားသိရပါဘူး။ ဒါကေတာ့ ဗဟိုေကာမတီရဲ႕ ဆုံးျဖတ္ခ်က္ေပါ့။ သူတို႔ အစည္းအေဝးမွာ ဘယ္လိုဆုံးျဖတ္လာမလဲေပါ့။ သူတို႔နဲ႔ပဲဆိုင္မွာပါ။

ေမး။ ။ ဒီေန႔ အလံတိုင္လဲ တစ္ဝက္လႊင့္တယ္လို႔ သိရပါတယ္။ အဲတာကေကာ ဘယ္လိုေျပာျပလို႔ရမလဲ။

ေျဖ။ ။ ဒါကေတာ့ အျဖစ္အပ်က္ကေတာ့ ကြၽန္ေတာ္တို႔ ျပည္သူလူထုေတြ ထိခိုက္တာ ေသဆုံးတာ က်ဆုံးသြားတာေတြရွိလို႔ ကြၽန္ေတာ္တို႔ ကခ်င္ အလံေတာ္ေတြကို ဂုဏ္ျပဳတဲ့ အေနအထားေပါ့။ သူတို႔ကို ဝမ္းနည္းေၾကကြဲဂုဏ္ျပဳဆုေတာင္းတဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။

ေမး။ ။ က်ဆုံးသြားတဲ့အထဲမွာ အႏုပညာရွင္ေတြ ေတးဂီတအဆိုေတာ္ေတြ လူငယ္ေတြေတာ္ေတာ္မ်ားမ်ားပါတယ္လို႔ သိရပါတယ္။ အဲဒါေကာ အတည္ျပဳႏိုင္ပါလား။

ေျဖ။ ။ ပါတယ္လို႔ကေတာ့ အတည္ျပဳေျပာလို႔ရပါတယ္။ ဒါေပမယ့္ ဘယ္သူေတြ မည္သူ မည္ဝါေတြ ဘယ္ႏွစ္ဦးဆိုတာကေတာ့ ကြၽန္ေတာ္တို႔ စုံစမ္းေနတုန္း ျဖစ္ပါတယ္။ အဲဒီ အႏုပညာရွင္ေတြ ပါသြားတာ မွန္ပါတယ္။

ဓာတ္ပုံ- KIO ေျပာခြင့္ရ ဗိုလ္မႉးႀကီး ေနာ္ဘူ။

Photo- ျမစ္ႀကီးနားဂ်ာနယ္။

===========

“ပြည်သူလူထုပေါ်ပဲ ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တယ်ဆိုတော့ငြိမ်ချမ်းရေးဘက်မှာ ထိခိုက်နိုင်တာပေါ့။ စစ်ကောင်စီကိုလည်း လူထုက ယုံ ကြည်မှု ရှိမှာ မဟုတ်ဘူးဆိုတော့ မြန်မာနိုင်ငံရဲ့ အရှုပ်တော်ပုံက ပိုပြီးတော့မှ ရှည်နိုင်တယ်”

By ရန်ကုန်ခေတ်သစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်အချိန် KIO ၆၂ နှစ်ပြည့် အခမ်းအနား အထိမ်း အမှတ် အခမ်းအနားပွဲကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကချင်တိုင်းရင်းသား အနုပညာရှင်နှင့် ပြည်သူ ၅၀ ကျော်သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KIA/KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ​ကို ရန်ကုန်ခေတ်သစ် မီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဗုံးကျဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ။ဆေးသွားကုတဲ့ သူတွေလည်း ဆေးကုခွင့်မရဘူးလို့ သိရလို့ပါ။

ဖြေ။ ။ တချို့ဒီကတော့ ဆေးကုသဖို့ပေါ့။ အဲကနေ့ ထုတ်ဖို့ ခွင့်တောင်းထားတာ ရှိပါတယ်။ ရပြီလားတော့ မသိဘူး။ ရတော့ ရလောက်ပါပြီ ဒဏ်ရာရသူ တော်တော်များများပါတယ်ဆိုတော့လေ ဒါပေမယ့် အတိအကျတော့ ကျွန်တော်တို့တော့ မကြားရသေးဘူး။

မေး။ ။ နောက်ဆုံးသေဆုံးနဲ့ ဒဏ်ရာရ အရေအတွက်ကိုရော ဗိုလ်မှူးကြီးတို့ အတည်ပြုနိုင်ပြီလား။

ဖြေ။ ။ မရသေးဘူးဗျ။ မေးတော့မေးကြည့်ထားပါတယ်။ သူတို့လည်း ရှုပ်ခက်နေတဲ့ အခြေအနေဆိုတော့ အရေအတွက်တော့ အကြောင်းကြားတာ မရှိသေးဘူး။

မေး။ ။ တိုက်ခိုက်ခံရတဲ့နေရာက စစ်ရေး ပစ်မှတ်လား အရပ်သားတွေနေတဲ့ ကျေးရွာလား။

ဖြေ။ ။ ကျွန်တော်တို့ တပ်မဟာ ၉ ရဲ့ ဌာနချုပ်နားကတော့ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်တာကတော့ ပြည်သူလူထုတွေ ရှိတဲ့ နေရာလည်းပါတယ်။ မနေ့က ဂုဏ်ပြုတဲ့နေရာမှာလည်း ပြည်သူ လူထုနဲ့ အားလုံးပူးပေါင်းပြီးတော့မှ နေတဲ့နေရာဖြစ်ပါတယ်။

မေး။ ။ ဒီဖြစ်စဥ်ကြောင့် ရှေ့ဆက် ဘာတွေသက်ရောက်မှုရှိလားမလဲ။

​ဖြေ။ ။ အဲတာအတိအကျတော့ ကျွန်တော်လည်း ပြောမရဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ အမြင်နဲ့ ပြန်ပြောမယ်ဆိုရတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ရက်တွေကတော့ ပြည်သူလူထုပေါ်ပဲ ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တယ်ဆိုတော့ ငြိမ်ချမ်းရေးဘက်မှာ ထိခိုက်နိုင်တာပေါ့။ စစ်ကောင်စီကိုလည်း လူထုက ယုံကြည်မှုရှိမှာ မဟုတ်ဘူးဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အရှုပ်တော်ပုံက ပိုပြီးတော့မှ ရှည်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

မေး။ ။ လက်ရှိဖြစ်ပျက်တဲ့ အဖြစ်အပျက်ကြောင့် ငြိမ်းချမ်းရေး ထိခိုက်တယ်ဆိုတာထက် စစ်တပ်ဘက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာဆိုတော့ နိုင်ငံတကာကိုကော အရေးယူဖို့ တောင်းဆိုတာတွေ ရှိနိုင်မလား။

ဖြေ။ ။ အဲတာကတော့ ဗဟိုကော်မတီဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်မှာပါ။ အခုထိကတော့ ကျွန်တော်တို့ ဘာမှ မကြားသိရပါဘူး။ ဒါကတော့ ဗဟိုကောမတီရဲ့ ဆုံးဖြတ်ချက်ပေါ့။ သူတို့ အစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်လာမလဲပေါ့။ သူတို့နဲ့ပဲဆိုင်မှာပါ။

မေး။ ။ ဒီနေ့ အလံတိုင်လဲ တစ်ဝက်လွှင့်တယ်လို့ သိရပါတယ်။ အဲတာကကော ဘယ်လိုပြောပြလို့ရမလဲ။

ဖြေ။ ။ ဒါကတော့ အဖြစ်အပျက်ကတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ ထိခိုက်တာ သေဆုံးတာ ကျဆုံးသွားတာတွေရှိလို့ ကျွန်တော်တို့ ကချင် အလံတော်တွေကို ဂုဏ်ပြုတဲ့ အနေအထားပေါ့။ သူတို့ကို ဝမ်းနည်းကြေကွဲဂုဏ်ပြုဆုတောင်းတဲ့ အနေအထားမျိုးဖြစ်ပါတယ်။

မေး။ ။ ကျဆုံးသွားတဲ့အထဲမှာ အနုပညာရှင်တွေ တေးဂီတအဆိုတော်တွေ လူငယ်တွေတော်တော်များများပါတယ်လို့ သိရပါတယ်။ အဲဒါကော အတည်ပြုနိုင်ပါလား။

ဖြေ။ ။ ပါတယ်လို့ကတော့ အတည်ပြုပြောလို့ရပါတယ်။ ဒါပေမယ့် ဘယ်သူတွေ မည်သူ မည်ဝါတွေ ဘယ်နှစ်ဦးဆိုတာကတော့ ကျွန်တော်တို့ စုံစမ်းနေတုန်း ဖြစ်ပါတယ်။ အဲဒီ အနုပညာရှင်တွေ ပါသွားတာ မှန်ပါတယ်။

ဓာတ်ပုံ- KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ။

Photo- မြစ်ကြီးနားဂျာနယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *