မိုင္းရွင္းေနတဲ့ စစ္အုပ္စု စႏိုက္ပါနဲ႔ပစ္ခံရၿပီး ၁ ဦးေသဆုံး

ျမင္းမူ၊ ေအာက္တိုဘာ ၂၄၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္အတြင္း မိုင္းရွင္းဖို႔လာတဲ့ စစ္ေကာင္စီတပ္သားေတြကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြက ေအာက္တိုဘာလ ၂၄ ရက္ဒီကေန႔မနက္ပိုင္းမွာ စႏိုက္ပါနဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

ျမင္းမူၿမိဳ႕နယ္၊ ထီးေဆာင္းနဲ႔ ကန္ျပား႐ြာအၾကားရွိ ကန္ျပားဇရပ္အနီးေရာက္ေနတဲ့ စစ္သားေတြကို မီတာ ၇၀၀ အေဝးကေန စႏိုက္ပါနဲ႔ ပစ္ခတ္ခဲ့တာျဖစ္ၿပီး၊ စစ္သား ၁ ဦးေသဆုံးခဲ့တယ္လို႔ Zero ေျပာက္က်ားတပ္မဟာ တပ္ရင္း ၇ – ျမင္းၿခံခ႐ိုင္ ေဖာက္ခြဲေရးေခါင္းေဆာင္ ဗိုလ္သက္ႀကီးက ေျပာပါတယ္။

“ဒီေန႔ မနက္ ၁၀ နာရီ ၁၆ မိနစ္မွာ ျမင္းမူၿမိဳ႕ထဲကေန စစ္ကိုင္းဘက္ကို ျပန္ဆုတ္လာတဲ့ ေျခလ်င္စစ္ေၾကာင္းက စစ္သားေတြကို ထီးေဆာင္းနဲ႔ ကန္ျပား႐ြာအၾကား ကန္ျပားဇရပ္မွာ မီတာ ၇၀၀ ေလာက္ကေန စႏိုက္ပါနဲ႔ပစ္လိုက္တာ၊

မိုင္းေတြရွင္းေနတဲ့ စစ္ေၾကာင္းကို ေနာက္ကေနလိုက္ပစ္တာ၊ အဲဒီစစ္ေၾကာင္းက ကားေတြမိုင္းခြဲမွာေၾကာက္လို႔ စစ္သားေတြက ေရွ႕ကမိုင္းရွင္းေနၾကတာ၊ ကားေပၚမွာထိုင္ေနတဲ့ ၁ ေကာင္က်သြားတယ္” လို႔ ေျပာပါတယ္။

ဒီတိုက္ခိုက္မႈကို Zero ေျပာက္က်ားတပ္မဟာ တပ္ရင္း ၇ – ျမင္းၿခံခ႐ိုင္ နဲ႔ GTR (ျမင္းမူ) အဖြဲ႕တို႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၀ ရက္ကလည္း ျမင္းမူၿမိဳ႕နယ္ ရဲစခန္းနဲ႔ စာသင္ေက်ာင္းမွာတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကို Zero ေျပာက္က်ားတပ္မဟာ တပ္ရင္း ၇ – ျမင္းၿခံခ႐ိုင္က လက္လုပ္မိုင္းနဲ႔ တိုက္ခိုက္ခဲ့လို႔ ရဲ ၃ ဦးနဲ႔ စစ္သား ၄ ဦးေသဆုံးခဲ့ပါေသးတယ္။

သတင္း − ဒိန္းဂ်ား၊ စာတည္း − လင္း

ေျမလတ္အသံ

============

မိုင်းရှင်းနေတဲ့ စစ်အုပ်စု စနိုက်ပါနဲ့ပစ်ခံရပြီး ၁ ဦးသေဆုံး

မြင်းမူ၊ အောက်တိုဘာ ၂၄၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၄ ရက်ဒီကနေ့မနက်ပိုင်းမှာ စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြင်းမူမြို့နယ်၊ ထီးဆောင်းနဲ့ ကန်ပြားရွာအကြားရှိ ကန်ပြားဇရပ်အနီးရောက်နေတဲ့ စစ်သားတွေကို မီတာ ၇၀၀ အဝေးကနေ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ – မြင်းခြံခရိုင် ဖောက်ခွဲရေးခေါင်းဆောင် ဗိုလ်သက်ကြီးက ပြောပါတယ်။

“ဒီနေ့ မနက် ၁၀ နာရီ ၁၆ မိနစ်မှာ မြင်းမူမြို့ထဲကနေ စစ်ကိုင်းဘက်ကို ပြန်ဆုတ်လာတဲ့ ခြေလျင်စစ်ကြောင်းက စစ်သားတွေကို ထီးဆောင်းနဲ့ ကန်ပြားရွာအကြား ကန်ပြားဇရပ်မှာ မီတာ ၇၀၀ လောက်ကနေ စနိုက်ပါနဲ့ပစ်လိုက်တာ၊

မိုင်းတွေရှင်းနေတဲ့ စစ်ကြောင်းကို နောက်ကနေလိုက်ပစ်တာ၊ အဲဒီစစ်ကြောင်းက ကားတွေမိုင်းခွဲမှာကြောက်လို့ စစ်သားတွေက ရှေ့ကမိုင်းရှင်းနေကြတာ၊ ကားပေါ်မှာထိုင်နေတဲ့ ၁ ကောင်ကျသွားတယ်” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ – မြင်းခြံခရိုင် နဲ့ GTR (မြင်းမူ) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်ကလည်း မြင်းမူမြို့နယ် ရဲစခန်းနဲ့ စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ – မြင်းခြံခရိုင်က လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ ရဲ ၃ ဦးနဲ့ စစ်သား ၄ ဦးသေဆုံးခဲ့ပါသေးတယ်။

သတင်း − ဒိန်းဂျား၊ စာတည်း − လင်း

မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *