KIO ၆၂ ႏွစ္ေျမာက္ အထိမ္းအမွတ္ပြဲကို စစ္တပ္က ေလယာဥ္ျဖင့္ ဗုံးက်ဲမႈေၾကာင့္ ကခ်င္ အႏုပညာရွင္ႏွင့္ ျပည္သူ ၅၀ ေက်ာ္ေသဆုံးၿပီး အပ်က္အစီးျမင္ကြင္း ဗီဒီယို(႐ုပ္/သံ)

ရန္ကုန္၊ ေအာက္တိုဘာ ၂၄

အၾကမ္းဖက္စစ္တပ္က ဖားကန႔္တြင္ ယမန္ေန႔ ညပိုင္းျပဳလုပ္ေသာ KIO ၆၂ ႏွစ္ေျမာက္ အထမ္းအမွတ္ ေတးဂီတ ေဖ်ာ္ေျဖပြဲကို ယမန္ေန႔ည ၈ နာရီ ၄၀ မိနစ္အခ်ိန္ စစ္ေလယာဥ္မ်ားျဖင့္ ဗုံးက်ဲတိုက္ခိုက္ရာ ျပည္သူႏွင့္ အႏုပညာရွင္ ၅၀ ထိခိုက္ေသဆုံးခဲ့ၿပီး ယင္းတို႔ထဲတြင္ နာမည္ႀကီး အဆိုေတာ္ Aurali ၊ အမ်ိဳးသမီး အဆိုေတာ္ Galau Yaw Lwi အပါအဝင္ ဂီတသမားမ်ားပါ ကြယ္ လြန္သြားေၾကာင္း ကခ်င္ေဒသသတင္းရင္း ျမစ္မ်ားထံမွ သိရွိရသည္

ကခ်င္ နာမည္ႀကီး အႏုပညာရွင္ သ႐ုပ္ေဆာင္ ေဇာ္ဒိန္ Zau Ding Lahtaw ေသဆုံးသည္ဆိုေသာ သတင္းမ်ားထြက္ေပၚေသာ္လည္း အတည္မျပဳႏိုင္ေသးေပ။ တခ်ိဳ႕သတင္းရင္းျမစ္မ်ားက ဒဏ္ရာအျပင္းအထန္ရရွိသည္ဟု ဆိုသည္

လတ္တေလာ ရန္ကုန္ေခတ္သစ္က အတည္ျပဳရရွိထားေသာ စာရင္းမ်ားအရ အႏုပညာရွင္မ်ားတြင္ အဆို ေတာ္ Aura Li ၊ အဆိုေတာ္ Galau Yaw Lwi ၊ ကီးဘုတ္တီးခတ္သူ Ko King (Keyboard) အပါအဝင္ ဂီတႏွင့္တီးဝိုင္းသမားတခ်ိဳ႕ ေသဆုံးေၾကာင္း သိရွိရသည္

” အေလာင္းေတြက စိစစ္ေနတုန္းလို႔ ေျပာတယ္။ ႐ုပ္အေလာင္းခ်ည္းပဲ ၅၀ ေလာက္ရွိမယ္ေျပာတယ္။ ဒဏ္ရာရသူေတြလည္းမ်ားတယ္” ဟု ကခ်င္ သတင္းရင္းျမစ္တစ္ခုက ေျပာသည္

လက္ရွိအေနအထား ေသဆုံးသူမ်ားအေနျဖင့္ ႐ုပ္အေလာင္း ၅၀ ခန႔္ရရွိထားၿပီး အေသးစိတ္ ဆက္လက္ စိစစ္ေနဆဲျဖစ္ေၾကာင္း ကခ်င္သတင္းရင္းျမစ္တခ်ိဳ႕က ဆိုသည္

ေအာက္တိုဘာလ ၂၃ ရက္ေန႔ ည ၈ နာရီ ၄၀ မိနစ္အခ်ိန္ စစ္တပ္က ဂ်က္ေလ ယာဥ္မ်ားျဖင့္ ၆၂ ႏွစ္ေျမာက္ KIO အထိမ္းအမွတ္ေန႔ ေတးဂီတ ေဖ်ာ္ေျဖပြဲအခမ္းအနားက်င္းပေနသည့္အေပၚ ဗုံးက်ဲျခင္းျဖစ္ေၾကာင္း၊ ေတးဂီတ ေဖ်ာ္ေျဖပြဲတြင္ အႏုပညာရွင္မ်ား ျပည္သူမ်ား တက္ေရာက္ေနခ်ိန္လည္းျဖစ္ေၾကာင္း သိရွိရသည္။

” ဖားကန႔္ တပ္မဟာ ၉ မွာ သီခ်င္းဆိုပြဲလုပ္ေနတာ။ မေန႔ ည ၉ နာရီေလာက္က မအလ တပ္က ေလယာဥ္နဲ႔ဗုံးက်ဲခ်တာ အႏုပညာရွင္ေတြ ျပည္သူေတြေရာ အပါအဝင္ ၅၀ ေက်ာ္ေတာ့ ထိခိုက္ေသဆုံးမႈရွိတယ္။ စာရင္းေတာ့ အတိအက် မသိရေသးဘူး။ ဒဏ္ရာရတာေရာ၊ ေသဆုံးတာေရာက ၅၀ ေက်ာ္တယ္လို႔ သိရပါတယ္

ျပည္သူေတြေရာ အႏုပညာရွင္ေတြကို အေပၚက ဗုံးနဲ႔ က်ဲခ်တာပါ ” ဟု ေဒသသတင္းရင္းျမစ္က ေျပာသည္

ရန္ကုန္ေခတ္သစ္သတင္းဌာနက KIO ၏ ေျပာခြင့္ရ ဗိုလ္မႉးႀကီးေနာ္ဘူကို ဆက္သြယ္ေမးျမန္းရန္ အႀကိမ္ႀကိမ္ ဖုန္းေခၚဆိုလ်က္ရွိၿပီး အဆက္အသြယ္ မရရွိေသးေပ

==========

KIO ၆၂ နှစ်မြောက် အထိမ်းအမှတ်ပွဲကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကချင် အနုပညာရှင်နှင့် ပြည်သူ ၅၀ ကျော်သေဆုံးပြီး အပျက်အစီးမြင်ကွင်း ဗီဒီယို(ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၂၄

အကြမ်းဖက်စစ်တပ်က ဖားကန့်တွင် ယမန်နေ့ ညပိုင်းပြုလုပ်သော KIO ၆၂ နှစ်မြောက် အထမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကို ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူနှင့် အနုပညာရှင် ၅၀ ထိခိုက်သေဆုံးခဲ့ပြီး ယင်းတို့ထဲတွင် နာမည်ကြီး အဆိုတော် Aurali ၊ အမျိုးသမီး အဆိုတော် Galau Yaw Lwi အပါအဝင် ဂီတသမားများပါ ကွယ် လွန်သွားကြောင်း ကချင်ဒေသသတင်းရင်း မြစ်များထံမှ သိရှိရသည်

ကချင် နာမည်ကြီး အနုပညာရှင် သရုပ်ဆောင် ဇော်ဒိန် Zau Ding Lahtaw သေဆုံးသည်ဆိုသော သတင်းများထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေးပေ။ တချို့သတင်းရင်းမြစ်များက ဒဏ်ရာအပြင်းအထန်ရရှိသည်ဟု ဆိုသည်

လတ်တလော ရန်ကုန်ခေတ်သစ်က အတည်ပြုရရှိထားသော စာရင်းများအရ အနုပညာရှင်များတွင် အဆို တော် Aura Li ၊ အဆိုတော် Galau Yaw Lwi ၊ ကီးဘုတ်တီးခတ်သူ Ko King (Keyboard) အပါအဝင် ဂီတနှင့်တီးဝိုင်းသမားတချို့ သေဆုံးကြောင်း သိရှိရသည်

” အလောင်းတွေက စိစစ်နေတုန်းလို့ ပြောတယ်။ ရုပ်အလောင်းချည်းပဲ ၅၀ လောက်ရှိမယ်ပြောတယ်။ ဒဏ်ရာရသူတွေလည်းများတယ်” ဟု ကချင် သတင်းရင်းမြစ်တစ်ခုက ပြောသည်

လက်ရှိအနေအထား သေဆုံးသူများအနေဖြင့် ရုပ်အလောင်း ၅၀ ခန့်ရရှိထားပြီး အသေးစိတ် ဆက်လက် စိစစ်နေဆဲဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်တချို့က ဆိုသည်

အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်တပ်က ဂျက်လေ ယာဉ်များဖြင့် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ တေးဂီတ ဖျော်ဖြေပွဲအခမ်းအနားကျင်းပနေသည့်အပေါ် ဗုံးကျဲခြင်းဖြစ်ကြောင်း၊ တေးဂီတ ဖျော်ဖြေပွဲတွင် အနုပညာရှင်များ ပြည်သူများ တက်ရောက်နေချိန်လည်းဖြစ်ကြောင်း သိရှိရသည်။

” ဖားကန့် တပ်မဟာ ၉ မှာ သီချင်းဆိုပွဲလုပ်နေတာ။ မနေ့ ည ၉ နာရီလောက်က မအလ တပ်က လေယာဉ်နဲ့ဗုံးကျဲချတာ အနုပညာရှင်တွေ ပြည်သူတွေရော အပါအဝင် ၅၀ ကျော်တော့ ထိခိုက်သေဆုံးမှုရှိတယ်။ စာရင်းတော့ အတိအကျ မသိရသေးဘူး။ ဒဏ်ရာရတာရော၊ သေဆုံးတာရောက ၅၀ ကျော်တယ်လို့ သိရပါတယ်

ပြည်သူတွေရော အနုပညာရှင်တွေကို အပေါ်က ဗုံးနဲ့ ကျဲချတာပါ ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်

ရန်ကုန်ခေတ်သစ်သတင်းဌာနက KIO ၏ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရန် အကြိမ်ကြိမ် ဖုန်းခေါ်ဆိုလျက်ရှိပြီး အဆက်အသွယ် မရရှိသေးပေ

Leave a Reply

Your email address will not be published. Required fields are marked *