တရားသူႀကီးမ်ားကို ေဖ့ဘြတ္ခ္ မသုံးစြဲဖို႔ စကစ မွ ခံဝန္ထိုးခိုင္း

ေအာက္တိုဘာ(၂၄) ရက္ – ေႏြဦးအသံ

တရားသူႀကီးမ်ားကို လူမႈကြန္ရက္ (ေဖ့ဘြတ္ခ္) မသုံးစြဲဖို႔ အၾကမ္းဖက္စစ္ေကာင္စီက အမိန႔္ထုတ္ ခံဝန္ထိုးခိုင္းထားပါတယ္

လူမႈကြန္ရက္(ေဖ့ဘြတ္ခ္) ကို အမ်ားျပည္သူအျမင္မွာ အက်င့္စာရိတၱပ်က္ျပားေၾကာင္း ၊သမာသမတ္က်မႈကို ထိခိုက္ေစေၾကာင္း ထင္ျမင္ေစႏိုင္တဲ့ ႏိုင္ငံေရးဆိုင္ရာ ေရးသားထားသည့္

လူမႈကြန္ရက္ ပို႔စ္မ်ား တင္ျပခ်က္မ်ား ေအာက္မွာ မိမိထင္ျမင္ယူဆခ်က္မ်ား (ကြန႔္မန႔္) ကို လူသိရွင္ၾကား မွတ္ခ်က္ျပဳ ေရးသားေဆြးေႏြးတာ ေတြ မျပဳလုပ္ဖို႔ ပါရွိပါတယ္

တရားသူႀကီးေတြ အေနနဲ႔ တည္ဆဲဥပေဒ ႏိုင္ငံေတာ္ မူဝါဒေတြကို ဆန႔္က်င္တဲ့ အေရးအသားေတြ ျပဳလုပ္ရင္ ဒါမွမဟုတ္ လူပုဂၢိဳလ္တဦးခ်င္းရဲ႕ လုံၿခဳံေရးကို ထိခိုက္ေစႏိုင္တဲ့ အျပဳအမူေတြ ၊

ဌာနဆိုင္ရာ ဝတ္စုံေတြနဲ႔ ပုံတင္ျခင္းေတြ ၊ျဖန႔္ေဝျခင္းေတြကို လုံးဝ(လုံးဝ) မလုပ္ေဆာင္ၾကဖို႔ ဝန္ခံကတိ ျပဳလက္မွတ္ေရးထိုးရမယ္လို႔ ပါဝင္တဲ့ ၫြန္ၾကားစာ ကို ထုတ္ျပန္ထားတာ ျဖစ္ပါတယ္

=========

တရားသူကြီးများကို ဖေ့ဘွတ်ခ် မသုံးစွဲဖို့ စကစ မှ ခံဝန်ထိုးခိုင်း

အောက်တိုဘာ(၂၄) ရက် – နွေဦးအသံ

တရားသူကြီးများကို လူမှုကွန်ရက် (ဖေ့ဘွတ်ခ်) မသုံးစွဲဖို့ အကြမ်းဖက်စစ်ကောင်စီက အမိန့်ထုတ် ခံဝန်ထိုးခိုင်းထားပါတယ်

လူမှုကွန်ရက်(ဖေ့ဘွတ်ခ်) ကို အများပြည်သူအမြင်မှာ အကျင့်စာရိတ္တပျက်ပြားကြောင်း ၊သမာသမတ်ကျမှုကို ထိခိုက်စေကြောင်း ထင်မြင်စေနိုင်တဲ့ နိုင်ငံရေးဆိုင်ရာ ရေးသားထားသည့်

လူမှုကွန်ရက် ပို့စ်များ တင်ပြချက်များ အောက်မှာ မိမိထင်မြင်ယူဆချက်များ (ကွန့်မန့်) ကို လူသိရှင်ကြား မှတ်ချက်ပြု ရေးသားဆွေးနွေးတာ တွေ မပြုလုပ်ဖို့ ပါရှိပါတယ်

တရားသူကြီးတွေ အနေနဲ့ တည်ဆဲဥပဒေ နိုင်ငံတော် မူဝါဒတွေကို ဆန့်ကျင်တဲ့ အရေးအသားတွေ ပြုလုပ်ရင် ဒါမှမဟုတ် လူပုဂ္ဂိုလ်တဦးချင်းရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေ ၊

ဌာနဆိုင်ရာ ဝတ်စုံတွေနဲ့ ပုံတင်ခြင်းတွေ ၊ဖြန့်ဝေခြင်းတွေကို လုံးဝ(လုံးဝ) မလုပ်ဆောင်ကြဖို့ ဝန်ခံကတိ ပြုလက်မှတ်ရေးထိုးရမယ်လို့ ပါဝင်တဲ့ ညွန်ကြားစာ ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *