ဆင္ျဖဴေတာ္ေတြ႕ဟုဆိုကာ စစ္ေကာင္စီအဖြဲ႕စုံမွေတာနင္းရွာေဖြေန

ရန္ကုန္၊ေအာက္တိုဘာ ၂၄

ရန္ကုန္တိုင္းေဒသႀကီး တိုက္ႀကီးၿမိဳ႕နယ္အတြင္း ဆင္ျဖဴေတာ္ေတြ႕သည့္သတင္းေၾကာင့္ စစ္ေကာင္စီ ရန္ကုန္တိုင္းတိုင္းမႉး၏ ႀကီးၾကပ္မႈျဖင့္ အဖြဲ႕စုံမွေတာနင္းရွာေဖြေနသည္ဟု သစ္ေတာႏွင့္ တပ္သတင္းရင္းျမစ္မ်ား၏ ေျပာဆိုခ်က္အရသိရသည္

တိုက္ႀကီးၿမိဳ႕နယ္ ကြမ္းသီးေျမာင္ေက်း႐ြာ အနီးခ႐ိုင္ခ်င္းဆက္လမ္းႏွင့္ ေျမာက္လႈိင္႐ိုးမ ႀကိဳးဝိုင္းတဝိုက္ တြင္ စစ္ေကာင္စီတပ္ဖြဲ႕၊သစ္ေတာဝန္ထမ္း၊ေထြအုပ္ဝန္ထမ္းမ်ားျဖင့္ ရွာေဖြေနျခင္းျဖစ္ေၾကာင္း သတင္း ရင္းျမစ္မ်ားမွေျပာသည္

ၿပီးခဲ့သည့္စက္တင္ဘာ ၉ ရက္ႏွင့္ေအာက္တိုဘာ ၁၀ ရက္ေန႔ ညေနပိုင္းတို႔တြင္ အေကာင္ ၁၀ေကာင္နီးပါး ရွိသည့္ ဆင္အုပ္တြင္ ဆင္ျဖဴတစ္ေကာင္ပါလာသည္ဟု ေဒသခံမ်ား သတင္းေပးပို႔ခ်က္အရ ရန္ကုန္တိုင္း စစ္ေကာင္စီဖြဲ႕မွ ေတာနင္းရွာေဖြေနျခင္းျဖစ္ေၾကာင္း သိရသည္

ကြမ္းသီးေျမာင္႐ြာအနီး စခန္းခ်၍ ဒ႐ုန္းမ်ားကိုပါအသုံးျပဳၿပီးရွာေဖြေနျခင္းျဖစ္ၿပီး ယင္းအနီးတဝိုက္ လယ္ေစာင့္တဲ ဥယာဥ္ၿခံေျမေစာင့္တဲမ်ားေတြ႕ရင္လည္း အင္အားသုံးဖ်က္ခိုင္းတာမ်ိဳးမ်ားလည္း ျပဳလုပ္ေနျခင္းေၾကာင္းသိရသည္

ယင္းဆင္ျဖဴေတာ္ကို ရေအာင္ဖမ္းေပးႏိုင္သည့္ ဝန္ထမ္းကို ရာထူးတိုးခ်ီးျမႇင့္မည္ဟုလည္း မက္လုံးေပးထားေၾကာင္း သိရသည္

ပေဒသရာဇ္ ေခတ္အဆက္ဆက္ကေတာ့ ဆင္ျဖဴေတာ္ကို သာမန္ တိရစာၦန္ အျဖစ္ သေဘာ မထားဘဲ ဘုန္းက်က္သေရ တိုးေစသည့္အရာဟုဆိုကာ သတ္မွတ္ထားၾကသည္ကိုေတြ႕ရသည္

ျမန္မာႏိုင္ငံက စစ္အုပ္စုေခါင္းေဆာင္မ်ားသည္လည္း ပေဒသရာဇ္ ေခတ္အဆက္ဆက္ က အယူအဆ ေဟာင္းကို ဆက္လက္ စြဲကိုင္ ထားၾကၿပီး ဆင္ျဖဴမ်ားကို စုေဆာင္းကာ ဂုဏ္ယူေလ့ရွိၾကသည္

ႏိုင္ငံတကာမွာေတာ့ သိပၸံပညာ ရႈေထာင့္ကေန ေလ့လာ သုံးသပ္သူမ်ားက ဆင္ျဖဴဆိုသည္မွာ Albino လို႔ေခၚသည့္ မ်ိဳး႐ိုးဗီဇ ေဖာက္ျပန္မႈ ေၾကာင့္ ေရာဂါ ျဖစ္ပြား ေနေသာ သတၱဝါ တမ်ိဳးဟု ဆိုထားသည္

======

ဆင်ဖြူတော်တွေ့ဟုဆိုကာ စစ်ကောင်စီအဖွဲ့စုံမှတောနင်းရှာဖွေနေ

ရန်ကုန်၊အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း ဆင်ဖြူတော်တွေ့သည့်သတင်းကြောင့် စစ်ကောင်စီ ရန်ကုန်တိုင်းတိုင်းမှူး၏ ကြီးကြပ်မှုဖြင့် အဖွဲ့စုံမှတောနင်းရှာဖွေနေသည်ဟု သစ်တောနှင့် တပ်သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရသိရသည်

တိုက်ကြီးမြို့နယ် ကွမ်းသီးမြောင်ကျေးရွာ အနီးခရိုင်ချင်းဆက်လမ်းနှင့် မြောက်လှိုင်ရိုးမ ကြိုးဝိုင်းတဝိုက် တွင် စစ်ကောင်စီတပ်ဖွဲ့၊သစ်တောဝန်ထမ်း၊ထွေအုပ်ဝန်ထမ်းများဖြင့် ရှာဖွေနေခြင်းဖြစ်ကြောင်း သတင်း ရင်းမြစ်များမှပြောသည်

ပြီးခဲ့သည့်စက်တင်ဘာ ၉ ရက်နှင့်အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းတို့တွင် အကောင် ၁၀ကောင်နီးပါး ရှိသည့် ဆင်အုပ်တွင် ဆင်ဖြူတစ်ကောင်ပါလာသည်ဟု ဒေသခံများ သတင်းပေးပို့ချက်အရ ရန်ကုန်တိုင်း စစ်ကောင်စီဖွဲ့မှ တောနင်းရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်

ကွမ်းသီးမြောင်ရွာအနီး စခန်းချ၍ ဒရုန်းများကိုပါအသုံးပြုပြီးရှာဖွေနေခြင်းဖြစ်ပြီး ယင်းအနီးတဝိုက် လယ်စောင့်တဲ ဥယာဉ်ခြံမြေစောင့်တဲများတွေ့ရင်လည်း အင်အားသုံးဖျက်ခိုင်းတာမျိုးများလည်း ပြုလုပ်နေခြင်းကြောင်းသိရသည်

ယင်းဆင်ဖြူတော်ကို ရအောင်ဖမ်းပေးနိုင်သည့် ဝန်ထမ်းကို ရာထူးတိုးချီးမြှင့်မည်ဟုလည်း မက်လုံးပေးထားကြောင်း သိရသည်

ပဒေသရာဇ် ခေတ်အဆက်ဆက်ကတော့ ဆင်ဖြူတော်ကို သာမန် တိရစ္ဆာန် အဖြစ် သဘော မထားဘဲ ဘုန်းကျက်သရေ တိုးစေသည့်အရာဟုဆိုကာ သတ်မှတ်ထားကြသည်ကိုတွေ့ရသည်

မြန်မာနိုင်ငံက စစ်အုပ်စုခေါင်းဆောင်များသည်လည်း ပဒေသရာဇ် ခေတ်အဆက်ဆက် က အယူအဆ ဟောင်းကို ဆက်လက် စွဲကိုင် ထားကြပြီး ဆင်ဖြူများကို စုဆောင်းကာ ဂုဏ်ယူလေ့ရှိကြသည်

နိုင်ငံတကာမှာတော့ သိပ္ပံပညာ ရှုထောင့်ကနေ လေ့လာ သုံးသပ်သူများက ဆင်ဖြူဆိုသည်မှာ Albino လို့ခေါ်သည့် မျိုးရိုးဗီဇ ဖောက်ပြန်မှု ကြောင့် ရောဂါ ဖြစ်ပွား နေသော သတ္တဝါ တမျိုးဟု ဆိုထားသည်

Leave a Reply

Your email address will not be published. Required fields are marked *