သတိထားမိလား ??

မြို့မသိမ်းကြသေးဘူးလား အော်ချက်ထုတ်ပြီး တကယ်သိမ်းဖို့ ရီဟာဇယ် လက်ရည်စမ်းကြည့်ရုံရှိသေး

နာဂစ်ထက်ဆိုးမယ်တို့ ဆီးရီးယားလို ဖြစ်မယ်တို့ ပြည်သူအထိနာမယ်တို့ တောထဲမှာပဲ တိုက်ကြပါတို့နဲ့ ကဖျက်ကယက်လုပ်လာ ရေးတင် ပြော အော်ချက်တွေ ထုတ်နေကြတယ်..ထိုသူတွေက မည်သူတွေလဲ ?

ပြည်သူဘက်ကလိုနဲ့ စစ်တပ်ရှုံးမှာ တလရ အောင်သွားမှာကြောက်နေကြသူတွေလား မေးရမယ်

အကြောင်းက ပြည်သူအထိနာမယ် မြို့ပျက်မယ်ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ စစ်ကိုရပ်တန့် တော်လှန်ရေးကိုအိုင်ကျပြီး ပြည်သူ စိတ်ပျက်အောင် လုပ်ဆောင်နေတဲ့ သူတွေ ဖြစ်သည့်အတွက်

အထူးသဖြင့် မြို့သိမ်း လက်လွတ်ရပြီး ထွက်ပြေးတဲ့အဆင့်ထိရောက်မှာကြောက်တဲ့ မအလတသိုက်နဲ့ တလရမှာ ကိုယ်ကျိုးလုပ် လိမ်ညာစားနေတဲ့ သူအချို့ဟာ

တလရအပြီး ဘောင်ချာစုတ်ခံရမှာစိုးလို့ ခုတလရကို မအောင်မြင်စေပဲ စစ်တပ်နိုင်စေ သို့ ခုလို ဖြစ်ပြီး လုပ်စားချင်နေကြတယ်ဆိုတာ မြင်သာနေ၍

ရှင်းရှင်းပဲ ပြောမယ် ပျက်ရင်ပြင် တည်ဆောက်လို့ရတယ် ရန်သူကို အနိုင်ရနေချိန် ဆက်ဖိမထား ရှေ့မတိုးရင် ကိုယ်ပဲ တပ်လန်သွားကြမယ်ဆိုတာ သိရင်

အချို့တွေ တလရ အောင်မှာ စစ်တပ်ရှုံးမှာကြောက်နေတဲ့ စကားတွေ ရေးတင်နေတာတွေကို ဂရုမပြုပဲ တလရအောင်ဖို့ လုပ်စရာရှိတာသာ အဆုံးထိ လုပ်သွားကြဖို့လိုကြောင်း တိုက်တွန်းရင်း

အရေးတော်ပုံ သွေးကြွေးဆွေးနွေးစရာမရှိ သူေဿကိုယ်ရှင် ပြည်တော်သာ ၀င်ကြမည်ဟု ဆိုချင်လေသည်ေဿရဲတဲ့ကောင် ထွက်ခဲ့ကြေးပဲ ဒီပွဲက စစ်တပ် နောက်ဆုံး နိဂုံး အဆုံးသတ်မည့်ပွဲပဲ

ကော့ကရိတ်အကြောင်းလျှောက်မတွေးကြနဲ့
… … …
လိုင်းပေါ်မှာကပေါက်ပန်းလေးဆယ်တွေ…. (ရေးမလို့ ဖုန်းအားမရှိလို့ ကြာပြီ)..

သပ်လျှိုတဲ့သတင်းတက်လာတယ်.. ဟ ရန်သူက အလုပ်လုပ်လှချေလားလို့တွေးမိတယ်.. ရန်သူက အလုပ်လုပ်တာထက် ကိုယ့်လူတွေဒူလှချေလားလို့ ပို တွေးမိတယ်…

မြေပြင်အခြေအနေက ထင်ထားတာနဲ့ ခြားနားပါတယ်..

ကော့ကရိတ်မှာ မြို့မသိမ်းနိုင်ပေမဲ့ Objective အချို့ရပါတယ်.. စစ်ရေးအမြတ်ရှိပါတယ်..

တောင်ပိုင်းတိုင်းရဲ့ Active Strength စုစုပေါင်းရဲ့ 5%.. တမဟ ၆ နယ်ရဲ့ 20% တောင် မသုံးရဘဲ မြို့ပေါ်ထိတက်ထိုးတာ တိုးတက်မှုလို့ပဲ မြင်ပါ..

တဖက်မှာ.. ဘုရားသုံးဆူဖက်မှာ နှစ်နေရာ သုံးနေရာ ရခဲ့တဲ့အမြတ်နဲ့ မြေပုံကို ထောက်ပြီး..

စခန်းရှုံး စခန်းရ.. ရန်သူသေ ကိုယ်သေတွက်ရင်.. ခုရင်ပိုင်းက ဘယ်နေရာကနေနေကြည့်ကြည့် ကိုယ်သာပါတယ်..

ဒါဟာ Fact ပါပဲ…

လွန်လွန်ပြောရရင် တောင်ပိုင်းမင်းသား ဗိုလ်ဒါဘောတောင် ဝင်မတိုက်ဘဲ ကော်ဖီမစ်ဖျော်သောက်နေတယ်ဆိုတာ သိစေချင်ပါတယ်…

ထပ်ပြောချင်သေးတာက လတ်လတ်လောလော High Rank Officer ၂ ယောက်လောက်အထိ အမြတ်ထွက်ထားတာတောင် ထည့်မပေါင်းသေးပါဘူး…

ထပ်ဆောင်းပြောရရင် ကိုယ်တွေလိုပါချီပါချက်လဲ ဘီယာသောက်နေသေးပါတယ်…

စစ်ချီရက်မရောက်သေးတာ အမှန်ပါပဲ…ပြောရရင် စကစတပ်ကလည်း ဘာဗျူဟာမှမရှိသလို စိတ်ဓာတ်ရော ခံယူချက်ရော တိုက်လိုစိတ်ရော သတ္တိရော ဘယ်နေရာမှာမကောင်းပါဘူး.. ဒါပေမဲ့ ပြသနာက လက်နက်ကြီး+လေယာဉ် ခြိမ်းခြောက်မှု အလွန်များနေတာပါ.. ဒါဟာ မြို့တွေရွာတွေဘက် ချည်းကပ်တိုက်တိုင်း ကြုံနေကျ / ကြုံနေရဦးမဲ့ပြသနာပါ…

လူဦးရေထူထပ်တဲ့မြို့မှာဖြစ်ရင် Civilian Casualty က အလွန်မြင့်မားပါတယ်…စကစရဲ့ အရပ်သားတွေကိုပစ်မှတ် ထားတတ်တဲ့ လူမဆန်တဲ့ လုပ်ရပ်တွေက လူကောင်းတွေအဖို့ အတော်ခက်ပါတယ်..

အရက်မူးဆေးကွဲရင်တောင် ရွာဘက်ကိုလှမ်းပစ်ပါတယ်.. ရန်သူကပ်လာရင်ပိုဆိုးပေါ့ လူနေအိမ်တွေကိုချည်းပစ်တာ.. အရပ်သားတွေကခဏခဏသေတာပဲ…

အဲ့လိုရွာထိရင် ပြန်ဆုတ်ရတာမျိုးရှိတယ်..ပြန်ဆုတ်ပေးရင် နှစ်ချက်ဝါဒဖြန်ဖြန့်တယ်..တစ်က ရန်အင်အားအလုံးအရင်းနဲ့ဝင်စီးတာကို ရွပ်ရွပ်ချွံချွံခုခံလို့ ရန်သူတွေ လန်ကျဆိုလား.. ထွက်ပြေးဆိုလား.. မိမိတပ်စည်းရုံးရေးအတွက်အမြတ်ထုတ်တယ်….

နှစ်က ရန်သူက လက်နက်ကြီးနဲ့ပစ်လို့ အပြစ်မဲ့ပြည်သူသေဆုံးဆိုပြီး.. ပြည်သူနဲ့ တလရတပ်တွေ သွေးကွဲအောင် ထပ်အမြတ်ထုတ်တယ်… ဟုတ်နေရောပဲ…စောင်ကျင့်မကောင်းတဲ့ဘက်ကတွေးရင် တကယ့်ဆရာကြီးတွေ.. ..

ကော့ကရိတ်မှာတော့ လက်နက်ကြီးရော လေယာဉ်ရောက သူတို့စခန်းနေရာမပေးရပြီးရောဆိုပြီး အတင်းကာရောစွတ်ကျဲတာ.. အရပ်သားတွေဘယ်လောက်ထိမယ် မှန်းကြည့်ကြပေါ့..

သူတို့ရဲ့ဗျူဟာက အရမ်းရိုးရှင်းတယ်.. ပြည်သူတွေသေပေမဲ့ ရန်သူအထိနာရင် ရပြီ.. အဲ့တာမျိုးကြီး.. တခါတလေ သူ့လူတောင်ထိတယ်.. ဒါလည်းအိုခေပဲ.. သူ့အတွက် တစ်ကြောင်းကုန်ရင် တစ်ကြောင်းထပ်ထုတ်တယ်… နောက်ဆုံး လူမကျန်တော့တဲ့အထိတောင် လူတွေထုတ်သုံးနေ စတေးနေမဲ့ပုံပါပဲ..

အဆိုးဆုံးထဲတစ်ချက်က BGF ပါပဲ.. BGF ဟာ လူလည်… နိုင်မယ်ဆိုရင် ကိုယ့်ဖက်ပါမယ်လို့ တစ်ချို့ကပြောကြတယ်.. မမှန်ပါဘူး.. BGF ဟာ စကစနဲ့ ပြိုလဲကျတဲ့အထိတောင် လက်တွဲမဖြုတ်ဘဲ ပူးပေါင်းတိုက်ပွဲဝင်မဲ့ “ကရင့်ဖနှောင့်ထဲကဆူး” ပါပဲ..

မအလရဲစခန်းဆိုတာက (ပြည်သူတွေမသိမှာစိုးလို့) မအလအစိမ်းဝတ် သုံးစိတစ်ပွေနဲ့ ရဲ+စစ်သား ၁ စိတ်ရှိနေပေမဲ့ BGF ၁ ခွဲတောင်ထိုင်ပေးပါတယ်..

တကယ့်စောင်ကျိုးနဲ ရဲစခန်းအင်အား..ထိုင်တဲ့တစ်ခွဲမှာက စနိုက်ပါနဲ့… ၄၀ မမ ဗုံးသမားနဲ့.. RPG သမားနဲ့ M16 တောင်မကိုင်ဘူး.. ဈေးပေါလို့ M4 နဲ့…ဘန်ကာနဲ့ ဗုံးခိုကျင်းနဲ့ အမ်မာ.. လက်နက်ကြီးတွင်းရောဗျ..(တကယ်လည်း ၆၀မမ ၈၀မမ လောက်တော့အောက်ထစ် ရှိကြတယ်)

နောက်တစ်ခုသိဖို့က ပျောက်ကျားဗျူဟာပါပဲ… တက်လာတဲ့အဖွဲ့တွေက ကော့ကရိတ်ကိုသိမ်းပြီး ကိုယ်ပိုင်နယ်မြေထူထောင်ဖို့အထိ စစ်ရေးရည်မှန်းချက်မရှိပါဘူး..ခလရ(၉၇) ပြာကျသွားရင်လည်း ယူသင့်တာယူ ရှို့သင်တာရှို့ပြီး ပြန်ထွက်မှာပါပဲ..

အဲ့တော့မြို့မသိမ်းနိုင်ခဲ့တဲ့အတွက် ဘာမှစိတ်ဆင်းရဲဖို့မလိုပါဘူး….(သူ တို့တောင်ကြားကနေ မြို့အထိရောက်လာတဲ့ Progress ကိုပဲ ချီးကျူးကြပါ)

ဗျူဟာအရ နောက်တစ်ကြိမ်လာဦးမှာပါပဲ..မဟာဗျူဟာအရ အချိန်ကျရင်တော့ ကော့ကရိတ် မြဝတီ ဘားအံ မော်လမြိုင် မုဒုံ ကြာအင်း… ဘယ်ဟာမှ မကျန် အကုန်ဝင်မှာပါပဲ… အဲ့အချိန်ကျရင်တော့ ဒီထက်ပိုပြီးပြင်းထန်မှာပါ.. ခုလို အနည်းစုထုတ်နှုတ်အင်အားမဟုတ်ဘဲ Total Strength နဲ့မြင်ရမှာပါ…

နောက်ဆုံးချုပ်ပြောရရင် ကော့ကရိတ်က တိုက်ပွဲတွေဖြစ်နေဆဲပါ.. Facebook တက်တဲ့သတင်းတွေကို လျှောက်ဖတ်ပြီး တောင်တွေးမြောက်တွေး အတွေးဝင်ဖို့မလိုပါဘူး..

ရန်သူ့ဝါဒဖြန့်မှုကိုလည်း သတိကြီးကြီးထားကြပါ..

ကျနော်တို့အမြတ်တွေ အများကြီးရှိပါတယ်..

Kill Ratio လား.. Objective ကိုကြည့်မလား..

ဘာမှမတွက်ရင်တောင်..

ကော့ကရိတ်ဟာ ငိုက်နေတဲ့ပြည်သူကို လှုပ်နှိုးပေးသလို တော်လှန်ရေးတပ်တွေကိုမြို့ထဲဝင်စေချင်တဲ့ပြည်သူ့မျှော်လင့်ချက်ရောင်နီအစပဲ…

ကော့ကရိတ်ပြည်သူများ ဘေးကင်းရာရွှေ့နိုင်ကြပါစေ…

နောက်နှစ်မြို့လောက် ထပ်သိမ်းလိုက် ဘပုပြေးမပြေး လောင်းမလား 😋😋😋

#မင်းတော်ဝင် Ⓜ️

Credit.

Leave a Reply

Your email address will not be published. Required fields are marked *