မလႈိင္မွာ ဒ႐ုန္းနဲ႔ ဗုံးႀကဲလို႔ စကစ အနည္းဆုံး ႏွစ္ေယာက္ေသ၊စစ္အုပ္စု ေၾကာက္လန႔္တၾကား ထြက္ေျပး၊

MFP ၊ ေအာက္တိုဘာ – ၂၃

မႏၲေလးတိုင္း မိတၳီလာခ႐ိုင္ မလႈိင္ၿမိဳ႕နယ္၊ သရက္ေကာင္းပင္႐ြာထဲ စီးနင္းအထိုင္ခ်ေနၿပီး ျပည္သူကို ရန္ျပဳ ေသာင္းက်န္း ဖိႏွိပ္ေနတဲ့ စစ္အုပ္စုကို

ဒ႐ုန္းနဲ႔ ဗုံးႀကဲတိုက္ခိုက္ရာ စကစ အနည္းဆုံး ႏွစ္ေယာက္ ေသတယ္လို႔ ျမင္းၿခံခ႐ိုင္ အမွတ္(၄)တပ္ရင္း – Natogyi People Defence Force – NPDF က သတင္း ထုတ္ျပန္ပါတယ္

ေအာက္တိုဘာ(၂၁)ရက္ ညေန(၄)နာရီက မလႈိင္နယ္၊ သရက္ေကာင္းပင္ေက်း႐ြာထဲက စစ္အုပ္စုကို တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္

“သရက္ေကာင္းပင္ ေက်း႐ြာအတြင္း တပ္ဆြဲထားေသာ (စခ)မ်ားကို ကြၽႏ္ုပ္တို႔ NPDF အဖြဲ႕မွ Drone ျဖင့္ ဗုံးက်ဲတိုက္ခိုက္ခဲ့ရာ (စခ)မ်ားဘက္မွ ႏွစ္ေကာင္ ပြဲခ်င္းၿပီး (ဂန႔္)သြားခဲ့ၿပီး ထပ္တိုး (ဂန႔္)သူမ်ားႏွင့္ ဒဏ္ရာရရွိသူမ်ား ရွိ” လို႔ NPDF က ေဖာ္ျပပါတယ္

စစ္အုပ္စုက မႏၲေလးတိုင္း မလႈိင္၊ မိတၳီလာႏွင့္ ျမင္းၿခံ စတဲ့ နယ္ေတြထဲ ႐ြာစဥ္ပတ္ေမႊကာ လူသတ္၊ လုယက္၊ ဓားျပတိုက္၊

ဖမ္းဆီးေငြညႇစ္တာေတြ ထင္တိုင္းက်ဲ က်ဴးလြန္ေနၿပီး ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြကလည္း “အသက္ကိုဖ်က္လို႔ အသက္ကို ျပန္လုမယ့္ ေတာက်ီးကန္း စစ္ဆင္ေရး” အျဖစ္ စစ္အုပ္စုကို ခုခံတိုက္ခိုက္ေနတာ ျဖစ္ပါတယ္

==========

မလှိုင်မှာ ဒရုန်းနဲ့ ဗုံးကြဲလို့ စကစ အနည်းဆုံး နှစ်ယောက်သေ၊စစ်အုပ်စု ကြောက်လန့်တကြား ထွက်ပြေး၊

MFP ၊ အောက်တိုဘာ – ၂၃

မန္တလေးတိုင်း မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာထဲ စီးနင်းအထိုင်ချနေပြီး ပြည်သူကို ရန်ပြု သောင်းကျန်း ဖိနှိပ်နေတဲ့ စစ်အုပ်စုကို

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စကစ အနည်းဆုံး နှစ်ယောက် သေတယ်လို့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း – Natogyi People Defence Force – NPDF က သတင်း ထုတ်ပြန်ပါတယ်

အောက်တိုဘာ(၂၁)ရက် ညနေ(၄)နာရီက မလှိုင်နယ်၊ သရက်ကောင်းပင်ကျေးရွာထဲက စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်

“သရက်ကောင်းပင် ကျေးရွာအတွင်း တပ်ဆွဲထားသော (စခ)များကို ကျွန်ုပ်တို့ NPDF အဖွဲ့မှ Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ (စခ)များဘက်မှ နှစ်ကောင် ပွဲချင်းပြီး (ဂန့်)သွားခဲ့ပြီး ထပ်တိုး (ဂန့်)သူများနှင့် ဒဏ်ရာရရှိသူများ ရှိ” လို့ NPDF က ဖော်ပြပါတယ်

စစ်အုပ်စုက မန္တလေးတိုင်း မလှိုင်၊ မိတ္ထီလာနှင့် မြင်းခြံ စတဲ့ နယ်တွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊

ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း “အသက်ကိုဖျက်လို့ အသက်ကို ပြန်လုမယ့် တောကျီးကန်း စစ်ဆင်ရေး” အဖြစ် စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *