တိုက္ပြဲအတြင္း ယာဥ္ေပၚမွ ကြမ္းယာႏွင့္ ေရဗူး ယူခဲ့မိသည့္အတြက္ PDF ရဲေဘာ္က ေတာင္းပန္ထား

RNA_ေအာက္တိုဘာ(၂၃)၊၂၀၂၂ခုႏွစ္။

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕တိုက္ပြဲ ( ေအာက္တိုဘာ ၂၁ ရက္) ေန႔က ၿမိဳ႕အဝင္လမ္းမေပၚ ပစ္ထားခဲ့ၾကရသည့္ ကုန္တင္ယာဥ္ေပၚမွ ကြမ္းယာႏွင့္ ေရဗူး ယူခဲ့မိသည့္အတြက္ ယာဥ္ပိုင္ရွင္အေနျဖင့္ နားလည္ေပးရန္ တိုက္ပြဲဝင္ရဲေဘာ္က ေတာင္းပန္ထားသည္

” ေကာ့ကရိတ္ၿမိဳ႕ထဲ ဝင္တဲ့အခ်ိန္ ကြၽန္ေတာ္တို႔ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္က စစ္သားေတြ ျပည္သူလူထုပိုင္တဲ့ ပစၥည္းေတြကို ဖ်က္လိုဖ်က္စီး ဘာတစ္ခုမွ မလုပ္ခဲ့ပါဘူး

ကားေပၚက ေရနဲ႔ ကြမ္းယာေတာ့ ယူခဲ့မိပါတယ္ တန္ဖိုးအတိုင္း ပိုက္ဆံျပန္ထားေပးဖို႔ အလြယ္တကူ ပိုက္ဆံ မရွိခဲ့ဘူး ကားပိုင္ရွင္က ခြင့္လႊတ္နားလည္ေပးဖို႔ ေတာင္းပန္ပါတယ္ ခင္ဗ်” ဟု ေကာ့ကရိတ္တိုက္ပြဲတြင္ ပါဝင္တိုက္ခိုက္ခဲ့သည့္ ရဲေဘာ္သစ္ေနာင္ေနာင္က လူမႈကြန္ယက္မွတဆင့္ ေတာင္းပန္ထားသည္

ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္ကို PDF ရဲေဘာ္မ်ားက ကာကြယ္ေစာင့္ေရွာက္မည္ဟု သစၥာဓိ႒ာန္ျပဳထားၾကၿပီး၊ အာဏာသိမ္းစစ္ေကာင္စီတပ္က ျပည္သူမ်ားကို သတ္ျဖတ္ ဖမ္းဆီး ေက်း႐ြာမ်ားကို မီးရႈိ႕ဖ်က္ဆီးေနၾကသည္

RedNewsAgency

========

တိုက်ပွဲအတွင်း ယာဉ်ပေါ်မှ ကွမ်းယာနှင့် ရေဗူး ယူခဲ့မိသည့်အတွက် PDF ရဲဘော်က တောင်းပန်ထား

RNA_အောက်တိုဘာ(၂၃)၊၂၀၂၂ခုနှစ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲ ( အောက်တိုဘာ ၂၁ ရက်) နေ့က မြို့အဝင်လမ်းမပေါ် ပစ်ထားခဲ့ကြရသည့် ကုန်တင်ယာဉ်ပေါ်မှ ကွမ်းယာနှင့် ရေဗူး ယူခဲ့မိသည့်အတွက် ယာဉ်ပိုင်ရှင်အနေဖြင့် နားလည်ပေးရန် တိုက်ပွဲဝင်ရဲဘော်က တောင်းပန်ထားသည်

” ကော့ကရိတ်မြို့ထဲ ဝင်တဲ့အချိန် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်က စစ်သားတွေ ပြည်သူလူထုပိုင်တဲ့ ပစ္စည်းတွေကို ဖျက်လိုဖျက်စီး ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး

ကားပေါ်က ရေနဲ့ ကွမ်းယာတော့ ယူခဲ့မိပါတယ် တန်ဖိုးအတိုင်း ပိုက်ဆံပြန်ထားပေးဖို့ အလွယ်တကူ ပိုက်ဆံ မရှိခဲ့ဘူး ကားပိုင်ရှင်က ခွင့်လွှတ်နားလည်ပေးဖို့ တောင်းပန်ပါတယ် ခင်ဗျ” ဟု ကော့ကရိတ်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော်သစ်နောင်နောင်က လူမှုကွန်ယက်မှတဆင့် တောင်းပန်ထားသည်

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို PDF ရဲဘော်များက ကာကွယ်စောင့်ရှောက်မည်ဟု သစ္စာဓိဋ္ဌာန်ပြုထားကြပြီး၊ အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ် ဖမ်းဆီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြသည်

RedNewsAgency

Leave a Reply

Your email address will not be published. Required fields are marked *