မႏၲေလး စက္မႈၿမိဳ႕သစ္မွာ စကစရဲကို အနီးကပ္ ပစ္ခတ္၊

ထုံးဘိုတိုးဂိတ္အနီး စစ္ကားကို မိုင္းဆြဲရာ စကစ ေလးေယာက္ ေသဟုဆို

MFP ၊ ေအာက္တိုဘာ – ၂၃

မႏၲေလးၿမိဳ႕၊ စက္မႈၿမိဳ႕သစ္၊ (၁၃၉)လမ္း၊ (၆၈)လမ္းနဲ႔ (၆၉)လမ္းၾကားမွာ ဒီမနက္(၇)နာရီခြဲက စစ္ေကာင္စီသစၥာခံ ရဲတစ္ေယာက္ကို လက္လုပ္တစ္ေတာင့္ထိုးနဲ႔ အနီးကပ္ သြားေရာက္ ပစ္ခတ္ခဲ့တယ္လို႔ မႏၲေလးၿမိဳ႕ျပေျပာက္က်ား No More Dictatorship – NMD အဖြဲ႕က ထုတ္ျပန္ပါတယ္

အဲ့ဒီလို အနီးကပ္ ပစ္ခတ္မႈေၾကာင့္ စကစရဲ လဲက်သြားၿပီး ေသ၊မေသကိုေတာ့ မသိရေသးဘူးလို႔ ဆိုပါတယ္

အလားတူ ဒီေန႔ ေအာက္တိုဘာ(၂၃)ရက္ မနက္(၁၀)နာရီဝန္းက်င္အခ်ိန္ မႏၲေလး-ေက်ာက္ဆည္လမ္းေပၚက ျမစ္ငယ္ ထုံးဘိုတိုးဂိတ္ တံတားျဖဴ တံတားအနီးမွာ စကစ (၁၅) ေယာက္ လိုက္ပါလာတဲ့ ေဖာကားကို

Generation Z Power-GZP ( Mandalay ) ျပည္သူ႔ကာကြယ္ေရး ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕ ႏွင့္ မဟာမိတ္ျဖစ္တဲ့ ပုသိမ္ႀကီးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕(ပကဖ) တို႔ ပူးေပါင္းၿပီး ပေဒသာမိုင္း ႏွစ္လုံးနဲ႔ ေဖာက္ခြဲတိုက္ခိုက္ခဲ့တယ္လို႔ GZP က ထုတ္ျပန္ပါတယ္

မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ ကားေပၚလိုက္လာတဲ့ စကစ အားလုံး ျပင္းထန္ဒဏ္ရာ ရရွိခဲ့ၾကၿပီး စကစ ေလးေယာက္ကေတာ့ ေလေပၚပ်ံတက္လာကာ လြင့္စင္ျပဳတ္က် ေသဆုံးသြားတယ္လို႔ GZP ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္

မႏၲေလးၿမိဳ႕မွာ စစ္အုပ္စုဟာ ေန႔ေရာညပါ ျပည္သူကို ဖမ္းဆီးစစ္ေဆး ေငြညႇစ္တာ၊ လက္နက္ျပ မိုက္ေျ့းခြဲတာေတြ လုပ္ေဆာင္ေနၿပီး မေန႔ညပိုင္းကေတာ့ မႏၲေလးၿမိဳ႕လည္ (၃၅) လမ္းနဲ႔ (၇၃)လမ္း မီးပြိဳင့္မွာ အရွိန္နဲ႔ ေမာင္းႏွင္လာတဲ့ လမ္းသြားလမ္းလာ ကားတစ္စီးကို တားတာ ရပ္မေပးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေသနတ္နဲ႔ ဝိုင္းပစ္ရာ ယာဥ္ေမာင္းျဖစ္သူ ေသဆုံးခဲ့ပါတယ္

========

မန္တလေး စက်မှုမြို့သစ်မှာ စကစရဲကို အနီးကပ် ပစ်ခတ်၊

ထုံးဘိုတိုးဂိတ်အနီး စစ်ကားကို မိုင်းဆွဲရာ စကစ လေးယောက် သေဟုဆို

MFP ၊ အောက်တိုဘာ – ၂၃

မန္တလေးမြို့၊ စက်မှုမြို့သစ်၊ (၁၃၉)လမ်း၊ (၆၈)လမ်းနဲ့ (၆၉)လမ်းကြားမှာ ဒီမနက်(၇)နာရီခွဲက စစ်ကောင်စီသစ္စာခံ ရဲတစ်ယောက်ကို လက်လုပ်တစ်တောင့်ထိုးနဲ့ အနီးကပ် သွားရောက် ပစ်ခတ်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား No More Dictatorship – NMD အဖွဲ့က ထုတ်ပြန်ပါတယ်

အဲ့ဒီလို အနီးကပ် ပစ်ခတ်မှုကြောင့် စကစရဲ လဲကျသွားပြီး သေ၊မသေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်

အလားတူ ဒီနေ့ အောက်တိုဘာ(၂၃)ရက် မနက်(၁၀)နာရီဝန်းကျင်အချိန် မန္တလေး-ကျောက်ဆည်လမ်းပေါ်က မြစ်ငယ် ထုံးဘိုတိုးဂိတ် တံတားဖြူ တံတားအနီးမှာ စကစ (၁၅) ယောက် လိုက်ပါလာတဲ့ ဖောကားကို

Generation Z Power-GZP ( Mandalay ) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့ နှင့် မဟာမိတ်ဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်းပြီး ပဒေသာမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ GZP က ထုတ်ပြန်ပါတယ်

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားပေါ်လိုက်လာတဲ့ စကစ အားလုံး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြပြီး စကစ လေးယောက်ကတော့ လေပေါ်ပျံတက်လာကာ လွင့်စင်ပြုတ်ကျ သေဆုံးသွားတယ်လို့ GZP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်

မန္တလေးမြို့မှာ စစ်အုပ်စုဟာ နေ့ရောညပါ ပြည်သူကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာ၊ လက်နက်ပြ မိုက်ေြ့းခွဲတာတွေ လုပ်ဆောင်နေပြီး မနေ့ညပိုင်းကတော့ မန္တလေးမြို့လည် (၃၅) လမ်းနဲ့ (၇၃)လမ်း မီးပွိုင့်မှာ အရှိန်နဲ့ မောင်းနှင်လာတဲ့ လမ်းသွားလမ်းလာ ကားတစ်စီးကို တားတာ ရပ်မပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သေနတ်နဲ့ ဝိုင်းပစ်ရာ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *