ေငြေၾကးခဝါခ်သည့္ႏိုင္ငံမ်ားစာရင္းမွ တႏွစ္အတြင္း လြတ္ေအာင္လုပ္မည္ဟု ဗဟိုဘဏ္ဆို

23 Oct 2022 By MPA

ျမန္မာႏိုင္ငံကို ေငြေၾကးခဝါခ်သည့္ႏိုင္ငံမ်ားစာရင္းမွ တႏွစ္အတြင္း လြတ္ေျမာက္ေအာင္ေဆာင္႐ြက္မည္ဟု ဗဟိုဘဏ္က ေအာက္တိုဘာ ၂၂ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာလိုက္သည္

ကမာၻ႔ေငြေၾကးခဝါခ်မႈႏွင့္အၾကမ္းဖက္မႈ ဘ႑ာေရးဆိုင္ရာေစာင့္ၾကည့္ေရးအဖြဲ႕ (FATF)က ျမန္မာႏိုင္ငံ ကို ေငြေၾကးခဝါခ်သည့္အမည္ပ်က္ႏိုင္ငံ(Black List)အျဖစ္ ေအာက္တိုဘာ ၂၁ ရက္ေန႔က ေၾကညာခဲ့မႈႏွင့္ပတ္သက္၍ ဗဟိုဘဏ္က ထုတ္ျပန္ေၾကညာလိုက္ျခင္းျဖစ္သည္

ျမန္မာႏိုင္ငံအေနႏွင့္ FATF ၏ အႀကံျပဳခ်က္မ်ားကိုလိုက္နာေဆာင္႐ြက္လ်က္ရွိရာ အႀကံျပဳခ်က္ အခ်က္ ၄ဝ အနက္ လက္ရွိတြင္ ၂၄ ခ်က္ ျပည့္မီေအာင္ေဆာင္႐ြက္ထားၿပီးျဖစ္သည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္

ျမန္မာႏိုင္ငံအေနႏွင့္ ၂ဝ၁၁ ခုႏွစ္ ဇြန္လမွ ၂ဝ၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလအထိ FATF ႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈမရွိေသာႏိုင္ငံမ်ားစာရင္း (Gray List) တြင္ပါဝင္ခဲ့ဖူးေသာ္လည္း Black List စာရင္း၌မႈ ပထမဆုံးအႀကိမ္ ပါဝင္လာျခင္းျဖစ္သည္ဟု စီးပြားေရးပညာရွင္အခ်ိဳ႕က ေျပာဆိုသည္

FATF က အမည္ပ်က္ႏိုင္ငံမ်ားစာရင္းတြင္ထည့္သြင္းလိုက္သည့္အတြက္ ျမန္မာႏိုင္ငံအေနႏွင့္ ျပည္ပႏွင့္ ေငြေၾကးလႊဲေျပာင္းမႈမ်ားျပဳလုပ္ရာ၌ ျပည္ပဘဏ္မ်ား၏ အေလးထားစိစစ္ျခင္းခံရႏိုင္သည္ဟုလည္း ၎တို႔က ေျပာဆိုၾကသည္

ထို႔ေၾကာင့္ ေငြေၾကးေဈးကြက္အတြင္း မသမာမႈမ်ားမျပဳလုပ္ရန္ႏွင့္ ျမန္မာႏိုင္ငံေတာ္ဗဟို၏ စည္းမ်ဥ္း စည္းကမ္းမ်ားအတိုင္း လိုက္နာေဆာင္႐ြက္ရန္ႏွင့္ လိုက္နာျခင္းမရွိသူမ်ားကို အေရးယူမည္ဟု ဗဟိုဘဏ္က အသိေပးထားသည္

=========

ငွေကြေးခဝါချသည့်နိုင်ငံများစာရင်းမှ တနှစ်အတွင်း လွတ်အောင်လုပ်မည်ဟု ဗဟိုဘဏ်ဆို

23 Oct 2022 By MPA

မြန်မာနိုင်ငံကို ငွေကြေးခဝါချသည့်နိုင်ငံများစာရင်းမှ တနှစ်အတွင်း လွတ်မြောက်အောင်ဆောင်ရွက်မည်ဟု ဗဟိုဘဏ်က အောက်တိုဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံ ကို ငွေကြေးခဝါချသည့်အမည်ပျက်နိုင်ငံ(Black List)အဖြစ် အောက်တိုဘာ ၂၁ ရက်နေ့က ကြေညာခဲ့မှုနှင့်ပတ်သက်၍ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်

မြန်မာနိုင်ငံအနေနှင့် FATF ၏ အကြံပြုချက်များကိုလိုက်နာဆောင်ရွက်လျက်ရှိရာ အကြံပြုချက် အချက် ၄ဝ အနက် လက်ရှိတွင် ၂၄ ချက် ပြည့်မီအောင်ဆောင်ရွက်ထားပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

မြန်မာနိုင်ငံအနေနှင့် ၂ဝ၁၁ ခုနှစ် ဇွန်လမှ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ FATF နှင့် ပူးပေါင်း ဆောင်ရွက်မှုမရှိသောနိုင်ငံများစာရင်း (Gray List) တွင်ပါဝင်ခဲ့ဖူးသော်လည်း Black List စာရင်း၌မှု ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်အချို့က ပြောဆိုသည်

FATF က အမည်ပျက်နိုင်ငံများစာရင်းတွင်ထည့်သွင်းလိုက်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် ပြည်ပနှင့် ငွေကြေးလွှဲပြောင်းမှုများပြုလုပ်ရာ၌ ပြည်ပဘဏ်များ၏ အလေးထားစိစစ်ခြင်းခံရနိုင်သည်ဟုလည်း ၎င်းတို့က ပြောဆိုကြသည်

ထို့ကြောင့် ငွေကြေးဈေးကွက်အတွင်း မသမာမှုများမပြုလုပ်ရန်နှင့် မြန်မာနိုင်ငံတော်ဗဟို၏ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာခြင်းမရှိသူများကို အရေးယူမည်ဟု ဗဟိုဘဏ်က အသိပေးထားသည်

Leave a Reply

Your email address will not be published. Required fields are marked *