(၁၀)ႏွစ္အ႐ြယ္ မိန္းကေလးငယ္ကို အိမ္နီးခ်င္း ၿခံေစာင့္က ေျမေအာက္ခန္းထဲ ဖမ္းဆီးခ်ဳပ္ေႏွာင္၊

MFP ၊ ေအာက္တိုဘာ – ၂၃

စစ္ကိုင္းတိုင္း တမူးၿမိဳ႕၊ ေစာ္ဘြားရပ္ကြက္မွာ အသက္(၁၀)ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးကို အိမ္နီးခ်င္း ၿခံေစာင့္ အလုပ္သမား အသက္(၄၀)အ႐ြယ္ အမ်ိဳးသားက ေျမေအာက္ခန္းထဲ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားမႈ ျဖစ္ပြားခဲ့ၿပီး ေန႔ခ်င္း ျပန္လည္ရွာေဖြ ကယ္တင္ႏိုင္ခဲ့တယ္လို႔ သတင္း ရရွိပါတယ္

မေန႔က ေအာက္တိုဘာ(၂၂)ရက္ မနက္(၇)နာရီက တမူးၿမိဳ႕၊ ေစာ္ဘြားရပ္ကြက္၊ (၁၁/ခ)ရပ္ကြက္ေန အသက္(၁၀)ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး ေပ်ာက္ဆုံးေနေၾကာင္း မိခင္က လာေရာက္တိုင္တန္းလို႔ စစ္ေဆးရွာေဖြရာ အိမ္နီးခ်င္း ၿခံေစာင့္အမ်ိဳးသားတစ္ေယာက္က ကေလးငယ္ကို ဖမ္းဆီးထားၿပီး ေျမေအာက္ခန္းထဲ ခ်ဳပ္ေႏွာင္ထားခ်ိန္ ျပန္ရွာေတြ႕ခဲ့တာလို႔ စစ္အုပ္စုက ဆိုပါတယ္

ကေလးငယ္ ေပ်ာက္ဆုံးေနမႈႏွင့္ ပတ္သက္ၿပီး စစ္အုပ္စုႏွင့္ ေဒသခံေတြက လိုက္လံရွာေဖြတာ၊ နီးစပ္ရာ ေမးျမန္းစုံစမ္းရာကေန မသကၤာဖြယ္ အသက္(၄၀)အ႐ြယ္ လွဝင္း ဆိုသူကို ဖမ္းမိခဲ့ၿပီး ၎ကို စစ္ေဆးရာကေန ညေန(၃)နာရီအခ်ိန္မွာ ေျမေအာက္ခန္းထဲ ဖမ္းဆီးခံထားရတဲ့ ကေလးငယ္ကို ရွာေဖြေတြ႕ရွိၿပီး ကယ္ထုတ္ႏိုင္ခဲ့တာလို႔ ေဒသခံေတြက ဆိုပါတယ္။

လွဝင္း ဆိုသူဟာ တမူးၿမိဳ႕၊ ေစာ္ဘြားရပ္ကြက္၊ (၁၁/ခ)ရပ္ထဲက ၿခံတစ္ၿခံမွာ ၿခံေစာင့္အျဖစ္ လုပ္ကိုင္သူ ျဖစ္ၿပီး ၎အေစာင့္က်ေနတဲ့ ၿခံဝန္းထဲမွာ ေျမက်င္းတူးၿပီး အခန္းပုံစံ ဖြဲ႕စည္းကာ ကေလးငယ္ကို ဖမ္းဆီး ခ်ဳပ္ေႏွာင္ထားတာလို႔ ေဒသခံေတြက ေျပာပါတယ္

အဲ့ဒီ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး အသက္(၁၀)ႏွစ္အ႐ြယ္ ကေလးငယ္ကို ေျမေအာက္ခန္းထဲ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့ လွဝင္းကို အေရးယူဖို႔ ဆက္လက္ လုပ္ေဆာင္ေနတယ္လို႔ စစ္အုပ္စုက သတင္း ထုတ္ျပန္ထားပါတယ္။

ကေလးငယ္ကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့ ေျမေအာက္ခန္းႏွင့္ က်ဴးလြန္သူ လွဝင္း ဆိုသူကို ေတြ႕ရစဥ္/Photo – CJ

========

(၁၀)နှစ်အရွယ် မိန်းကလေးငယ်ကို အိမ်နီးချင်း ခြံစောင့်က မြေအောက်ခန်းထဲ ဖမ်းဆီးချုပ်နှောင်၊

MFP ၊ အောက်တိုဘာ – ၂၃

စစ်ကိုင်းတိုင်း တမူးမြို့၊ စော်ဘွားရပ်ကွက်မှာ အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အိမ်နီးချင်း ခြံစောင့် အလုပ်သမား အသက်(၄၀)အရွယ် အမျိုးသားက မြေအောက်ခန်းထဲ ဖမ်းဆီးချုပ်နှောင်ထားမှု ဖြစ်ပွားခဲ့ပြီး နေ့ချင်း ပြန်လည်ရှာဖွေ ကယ်တင်နိုင်ခဲ့တယ်လို့ သတင်း ရရှိပါတယ်

မနေ့က အောက်တိုဘာ(၂၂)ရက် မနက်(၇)နာရီက တမူးမြို့၊ စော်ဘွားရပ်ကွက်၊ (၁၁/ခ)ရပ်ကွက်နေ အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း မိခင်က လာရောက်တိုင်တန်းလို့ စစ်ဆေးရှာဖွေရာ အိမ်နီးချင်း ခြံစောင့်အမျိုးသားတစ်ယောက်က ကလေးငယ်ကို ဖမ်းဆီးထားပြီး မြေအောက်ခန်းထဲ ချုပ်နှောင်ထားချိန် ပြန်ရှာတွေ့ခဲ့တာလို့ စစ်အုပ်စုက ဆိုပါတယ်

ကလေးငယ် ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး စစ်အုပ်စုနှင့် ဒေသခံတွေက လိုက်လံရှာဖွေတာ၊ နီးစပ်ရာ မေးမြန်းစုံစမ်းရာကနေ မသင်္ကာဖွယ် အသက်(၄၀)အရွယ် လှဝင်း ဆိုသူကို ဖမ်းမိခဲ့ပြီး ၎င်းကို စစ်ဆေးရာကနေ ညနေ(၃)နာရီအချိန်မှာ မြေအောက်ခန်းထဲ ဖမ်းဆီးခံထားရတဲ့ ကလေးငယ်ကို ရှာဖွေတွေ့ရှိပြီး ကယ်ထုတ်နိုင်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

လှဝင်း ဆိုသူဟာ တမူးမြို့၊ စော်ဘွားရပ်ကွက်၊ (၁၁/ခ)ရပ်ထဲက ခြံတစ်ခြံမှာ ခြံစောင့်အဖြစ် လုပ်ကိုင်သူ ဖြစ်ပြီး ၎င်းအစောင့်ကျနေတဲ့ ခြံဝန်းထဲမှာ မြေကျင်းတူးပြီး အခန်းပုံစံ ဖွဲ့စည်းကာ ကလေးငယ်ကို ဖမ်းဆီး ချုပ်နှောင်ထားတာလို့ ဒေသခံတွေက ပြောပါတယ်

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသက်(၁၀)နှစ်အရွယ် ကလေးငယ်ကို မြေအောက်ခန်းထဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ လှဝင်းကို အရေးယူဖို့ ဆက်လက် လုပ်ဆောင်နေတယ်လို့ စစ်အုပ်စုက သတင်း ထုတ်ပြန်ထားပါတယ်။

ကလေးငယ်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ မြေအောက်ခန်းနှင့် ကျူးလွန်သူ လှဝင်း ဆိုသူကို တွေ့ရစဉ်/Photo – CJ

Leave a Reply

Your email address will not be published. Required fields are marked *