ေ႐ႊေရာင္းေ႐ႊဝယ္လုပ္လိုသူမ်ားအတြက္ ေ႐ႊေဈးနဲ႔ ပတ္သက္လို႔ သတိထားရမယ့္အခ်က္မ်ားႏွင့္လတ္တေလာျဖစ္ေပၚေနေသာ လက္ရွိေဒၚလာေစ်းကြက္အေျခအေန
ေ႐ႊေရာင္းေ႐ႊဝယ္လုပ္လိုသူမ်ားအတြက္ ေ႐ႊေဈးနဲ႔ ပတ္သက္လို႔ သတိထားရမယ့္အခ်က္မ်ား

မဂၤလာပါခင္ဗ် တနဂၤေႏြေန႔ နဲ႔ တနလၤာေန႔(ေဒဝါလီေန႔) ကေတာ့ ျမန္မာ့ေ႐ႊေဈး ပိတ္ႏိုင္ ၿပီး ေဈးကြက္ေအးႏိုင္ပါတယ္ခင္ဗ်။

ဒီၾကားထဲ ျပင္ပေဈးမ်ားျဖင့္အေရာင္းအဝယ္ျဖစ္ႏိုင္ပါတယ္။ သတိထားဖို႔က ေၾကာက္ဝယ္မဝယ္ၾကဖို႔ပါခင္ဗ်။ အဝယ္လည္းအရမ္း မလိုက္ေစခ်င္ပါဘူးခင္ဗ်။

ဝယ္လိုအားနဲ႔ ေရာက္သင့္တဲ့ေဈးတန္းထက္ ေက်ာ္တက္သြားရင္လည္း ဝယ္သူသာခံရတတ္ပါတယ္။ အျမင့္ေဈးမွာ ဝယ္မိရင္ ေရရွည္ ကိုင္ထားရတက္ပါတယ္ ။

ေဈးတန္းအေျခအေနကိုၾကည့္ၿပီး အျမတ္ရလို႔ ျပန္ေရာင္းမယ္ဆိုရင္ေတာင္ ေရတို အက်ိဳးအျမတ္အေနနဲ႔သာ ေရာင္းသင့္ပါတယ္။

ျမန္မာေငြထက္ ေ႐ႊကိုကိုင္ထားရတာပိုၿပီး save ျဖစ္ပါတယ္။ ျပန္ေရာင္းသူေတြ ထပ္သတိထား ရမယ့္အခ်က္က ကိုယ္ကေ႐ႊျပန္ေရာင္းၿပီးရင္ အသုံးလိုလို႔ ေငြေဖာ္မွာလား၊တျခား ကား၊အိမ္ၿခံေျမနဲ႔ လုပ္ငန္းမွာ ထပ္ထည့္ခ်င္တာလား သိရပါမယ္။

ဒီတိုင္းအျမင့္ေဈးမိေနလို႔ ထုတ္ေရာင္းၿပီး အနိမ့္ေဈးတန္းျပန္ေရာက္မွ အဝယ္လိုက္မယ္ဆိုရင္ေတာ့ အရင္အပတ္က ၂၆သိန္းဝန္းက်င္ေဈးတန္းသည္ ၾကမ္းခင္းေဈးလည္းျဖစ္သြားႏိုင္ပါတယ္ ။ ဒါေၾကာင့္ ကိုယ္တိုင္ခ်င့္ခ်ိန္ ဝယ္‌ေရာင္းၾကဖို႔ လိုပါတယ္ခင္ဗ်။

ၾကည္စိုးဦး

လတ္တေလာျဖစ္ေပၚေနေသာ လက္ရွိေဒၚလာေစ်းကြက္အေျခအေန

Open photo

အခုတစ္ပတ္ တရားမဝင္ျပင္ပေဒၚလာေဈးကြက္မွာအေမရိကန္တစ္ေဒၚလာကို က်ပ္ ၃၃၀၀ ထိ ျပန္လည္ျမင့္တက္ခဲ့တယ္လို႔ ျပင္ပႏိုင္ငံျခားေငြေၾကးလဲလွယ္သူေတြဆီကသိရပါတယ္

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၇ ရက္(တနလၤာေန႔) ျပင္ပေဒၚလာေဈးကြက္စဖြင့္ခ်ိန္ကတစ္ေဒၚလာကို ၂၉၀၀ က်ပ္ ဝန္းက်င္မွာပဲအေရာင္းအဝယ္ဆက္ျဖစ္ခဲ့ၾကေပမယ့္ ျမန္မာႏိုင္ငံကို ေငြေၾကးခဝါခ်မႈနဲ႔ ရာဇဝတ္မႈဆိုင္ရာဘ႑ာေရး အမည္ပ်က္ႏိုင္ငံအျဖစ္ FATF ကေၾကညာၿပီးတဲ့ေနာက္ ျပင္ပေဒၚလာေဈးကြက္မွာ ေဈးႏႈန္းမၿငိမ္သက္မႈေတြျဖစ္ေပၚခဲ့တယ္လို႔သိရပါတယ္

ေဈးကြက္မတည္ၿငိမ္ေတာ့လက္ရွိေပါက္ေဈးမဟုတ္တဲ့ အမွန္တကယ္အေရာင္းအဝယ္မျဖစ္ေပၚတဲ့ေလေဈးတန္းေတြပါေပၚလာၿပီး ေအာက္တိုဘာ ၂၂ ရက္ရဲ႕ ျပင္ပေဈးကြက္ထဲႀကိဳက္ေရာင္းႀကိဳက္ဝယ္အလုပ္ျဖစ္မႈမ်ားခဲ့တဲ့ေဈးတန္းကေတာ့ ၃၃၀၀ က်ပ္ျဖစ္တယ္လို႔ျပင္ပႏိုင္ငံျခားေငြေၾကးလဲလွယ္သူတစ္ဦးကေျပာပါတယ္

ျပင္ပေဒၚလာေဈးကြက္ထဲ ေအာက္တိုဘာ ၁၇ ရက္မွ ၂၁ ရက္အထိ တစ္ေဒၚလာကိုက်ပ္ ၂၉၀၀ ဝန္းက်င္မွာပဲအေရာင္းအဝယ္ျဖစ္ခဲ့ေပမယ့္ေအာက္တိုဘာ ၂၂ ရက္ေန႔မွာေတာ့ က်ပ္ ၃၀၀၀ မွ ၃၃၀၀ ၾကား အေရာင္းအဝယ္ရွိခဲ့ကာေဈးကြက္ပိတ္ခ်ိန္မွာေတာ့ က်ပ္ ၃၀၀၀ မွ ၃၂၀၀ ၾကား ျပန္ေရာက္ခဲ့တယ္လို႔ ေဈးကြက္မွသိရပါတယ္

ယေန႔ေအာက္တိုဘာ(၂၃)ရက္ေန႔မနက္(၁၀)နာရီမွာေတာ့ အေမရိကန္ေဒၚလာ ၃၀၀၀ မွ ၃၂၀၀ က်ပ္ၾကားအျဖစ္ရွိေနၿပီး ေစ်းကြက္ကေတာ့အေရာင္းအဝယ္မလုပ္ဘဲ ေစ်းကြက္ပိတ္ထားတာပဲျဖစ္ပါတယ္

ဗဟိုဘဏ္ရဲ႕သတ္မွတ္ရည္ၫႊန္းေဒၚလာေဈးကေတာ့ က်ပ္ ၂၁၀၀ ျဖစ္ၿပီး ျပင္ပေဈးကြက္ထဲ ႏိုင္ငံျခားသုံးေငြလုပ္ငန္း လုပ္ကိုင္ခြင့္လိုင္စင္မရွိဘဲ တရားမဝင္အေရာင္းအဝယ္လုပ္ေနသူေတြကို အေရးယူမႈေတြလုပ္ေဆာင္ေနတယ္လို႔လည္းသိရွိရပါသည္

========

ရွှေရောင်းရွှေဝယ်လုပ်လိုသူများအတွက် ရွှေဈေးနဲ့ ပတ်သက်လို့ သတိထားရမယ့်အချက်များနှင့်လတ်တလောဖြစ်ပေါ်နေသော လက်ရှိဒေါ်လာစျေးကွက်အခြေအနေ
ရွှေရောင်းရွှေဝယ်လုပ်လိုသူများအတွက် ရွှေဈေးနဲ့ ပတ်သက်လို့ သတိထားရမယ့်အချက်များ

မင်္ဂလာပါခင်ဗျ တနင်္ဂနွေနေ့ နဲ့ တနင်္လာနေ့(ဒေဝါလီနေ့) ကတော့ မြန်မာ့ရွှေဈေး ပိတ်နိုင် ပြီး ဈေးကွက်အေးနိုင်ပါတယ်ခင်ဗျ။

ဒီကြားထဲ ပြင်ပဈေးများဖြင့်အရောင်းအဝယ်ဖြစ်နိုင်ပါတယ်။ သတိထားဖို့က ကြောက်ဝယ်မဝယ်ကြဖို့ပါခင်ဗျ။ အဝယ်လည်းအရမ်း မလိုက်စေချင်ပါဘူးခင်ဗျ။

ဝယ်လိုအားနဲ့ ရောက်သင့်တဲ့ဈေးတန်းထက် ကျော်တက်သွားရင်လည်း ဝယ်သူသာခံရတတ်ပါတယ်။ အမြင့်ဈေးမှာ ဝယ်မိရင် ရေရှည် ကိုင်ထားရတက်ပါတယ် ။

ဈေးတန်းအခြေအနေကိုကြည့်ပြီး အမြတ်ရလို့ ပြန်ရောင်းမယ်ဆိုရင်တောင် ရေတို အကျိုးအမြတ်အနေနဲ့သာ ရောင်းသင့်ပါတယ်။

မြန်မာငွေထက် ရွှေကိုကိုင်ထားရတာပိုပြီး save ဖြစ်ပါတယ်။ ပြန်ရောင်းသူတွေ ထပ်သတိထား ရမယ့်အချက်က ကိုယ်ကရွှေပြန်ရောင်းပြီးရင် အသုံးလိုလို့ ငွေဖော်မှာလား၊တခြား ကား၊အိမ်ခြံမြေနဲ့ လုပ်ငန်းမှာ ထပ်ထည့်ချင်တာလား သိရပါမယ်။

ဒီတိုင်းအမြင့်ဈေးမိနေလို့ ထုတ်ရောင်းပြီး အနိမ့်ဈေးတန်းပြန်ရောက်မှ အဝယ်လိုက်မယ်ဆိုရင်တော့ အရင်အပတ်က ၂၆သိန်းဝန်းကျင်ဈေးတန်းသည် ကြမ်းခင်းဈေးလည်းဖြစ်သွားနိုင်ပါတယ် ။ ဒါကြောင့် ကိုယ်တိုင်ချင့်ချိန် ဝယ်‌ရောင်းကြဖို့ လိုပါတယ်ခင်ဗျ။

ကြည်စိုးဦး

လတ်တလောဖြစ်ပေါ်နေသော လက်ရှိဒေါ်လာစျေးကွက်အခြေအနေ

Open photo

အခုတစ်ပတ် တရားမဝင်ပြင်ပဒေါ်လာဈေးကွက်မှာအမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၃၀၀ ထိ ပြန်လည်မြင့်တက်ခဲ့တယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီကသိရပါတယ်

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်(တနင်္လာနေ့) ပြင်ပဒေါ်လာဈေးကွက်စဖွင့်ချိန်ကတစ်ဒေါ်လာကို ၂၉၀၀ ကျပ် ဝန်းကျင်မှာပဲအရောင်းအဝယ်ဆက်ဖြစ်ခဲ့ကြပေမယ့် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနဲ့ ရာဇဝတ်မှုဆိုင်ရာဘဏ္ဍာရေး အမည်ပျက်နိုင်ငံအဖြစ် FATF ကကြေညာပြီးတဲ့နောက် ပြင်ပဒေါ်လာဈေးကွက်မှာ ဈေးနှုန်းမငြိမ်သက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်

ဈေးကွက်မတည်ငြိမ်တော့လက်ရှိပေါက်ဈေးမဟုတ်တဲ့ အမှန်တကယ်အရောင်းအဝယ်မဖြစ်ပေါ်တဲ့လေဈေးတန်းတွေပါပေါ်လာပြီး အောက်တိုဘာ ၂၂ ရက်ရဲ့ ပြင်ပဈေးကွက်ထဲကြိုက်ရောင်းကြိုက်ဝယ်အလုပ်ဖြစ်မှုများခဲ့တဲ့ဈေးတန်းကတော့ ၃၃၀၀ ကျပ်ဖြစ်တယ်လို့ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတစ်ဦးကပြောပါတယ်

ပြင်ပဒေါ်လာဈေးကွက်ထဲ အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ တစ်ဒေါ်လာကိုကျပ် ၂၉၀၀ ဝန်းကျင်မှာပဲအရောင်းအဝယ်ဖြစ်ခဲ့ပေမယ့်အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ကျပ် ၃၀၀၀ မှ ၃၃၀၀ ကြား အရောင်းအဝယ်ရှိခဲ့ကာဈေးကွက်ပိတ်ချိန်မှာတော့ ကျပ် ၃၀၀၀ မှ ၃၂၀၀ ကြား ပြန်ရောက်ခဲ့တယ်လို့ ဈေးကွက်မှသိရပါတယ်

ယနေ့အောက်တိုဘာ(၂၃)ရက်နေ့မနက်(၁၀)နာရီမှာတော့ အမေရိကန်ဒေါ်လာ ၃၀၀၀ မှ ၃၂၀၀ ကျပ်ကြားအဖြစ်ရှိနေပြီး စျေးကွက်ကတော့အရောင်းအဝယ်မလုပ်ဘဲ စျေးကွက်ပိတ်ထားတာပဲဖြစ်ပါတယ်

ဗဟိုဘဏ်ရဲ့သတ်မှတ်ရည်ညွှန်းဒေါ်လာဈေးကတော့ ကျပ် ၂၁၀၀ ဖြစ်ပြီး ပြင်ပဈေးကွက်ထဲ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ တရားမဝင်အရောင်းအဝယ်လုပ်နေသူတွေကို အရေးယူမှုတွေလုပ်ဆောင်နေတယ်လို့လည်းသိရှိရပါသည်

Leave a Reply

Your email address will not be published. Required fields are marked *