ေကာ့ကာရိတ္ၿမိဳ႕တြင္းတိုက္ပြဲတြင္ စစ္ေကာင္စီစခန္းငယ္တစ္ခုကို က်ားျဖဴစစ္ေၾကာင္းက တိုက္ခိုက္ၿပီး လက္နက္အခ်ိဳ႕ ရရွိ၊ မတၱရာတြင္ စစ္ေၾကာင္း မိုင္းခြဲခံရၿပီး စစ္သား ၁၂ ဦး ေသဆုံး

ရန္ကုန္၊ ေအာက္တိုဘာ ၂၃

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕တြင္း၌ ျဖစ္ပြားခဲ့ေသာ ေအာက္တိုဘာလ ၂၁ ရက္ တိုက္ပြဲတြင္ အၾကမ္းဖက္စစ္ေကာင္စီ၏ စခန္းငယ္တစ္ခုကို KNLA ပူးေပါင္းတပ္ က်ားျဖဴစစ္ေၾကာင္း တပ္စိတ္တစ္ခုက တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ၿပီး ေသနတ္ ၄ လက္ႏွင့္ စစ္အသုံးအေဆာင္အခ်ိဳ႕ ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

“အဖူး ဗိုလ္ဂဏန္း ဦးေဆာင္တဲ့ တပ္စိတ္က ေကာ့ကရိတ္တိုက္ပြဲမွာ ေခြး စခန္းငယ္တစ္ခုကို ဝင္စီးၿပီး ရတာ” ဟု က်ားျဖဴစစ္ေၾကာင္း တပ္ရင္း႐ုံးတပ္ဖြဲ႕ (Eagle Brigade) မွာ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

ေအာက္တိုဘာလ ၂၁ ရက္ နံနက္တြင္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၆ အုပ္ခ်ဳပ္နယ္ေျမအတြင္းရွိ ေကာ့ကရိတ္ၿမိဳ႕ရွိ စစ္ေကာင္စီတပ္ဖြဲ႕မ်ားကို ေကာ္သူးေလ Army မွ ဗိုလ္အယ္ေစးဝါး ဦးေဆာင္ေသာ Lion Battalion ႏွင့္ ဗိုလ္ေက်ာ္သက္ ဦးေဆာင္သည့္ KNLA ပူးေပါင္းတပ္ဖြဲ႕မ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး တိုက္ပြဲသည္ ၈ နာရီေက်ာ္ ၾကာျမင့္ခဲ့သည္။

အဆိုပါ တိုက္ပြဲတြင္ စစ္တပ္ဘက္မွ အနည္းဆုံး ၂၀ ဦး ေသဆုံးခဲ့ၿပီး အထိနာသျဖင့္ စစ္ေကာင္စီက ေလေၾကာင္းမွ အႀကိမ္ေရ ၅၀ ေက်ာ္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ေကာ့ကရိတ္ၿမိဳ႕တြင္းတိုက္ပြဲတြင္ ခလရ ၉၇ တပ္ရင္းမွ အမ်ားျပည္သူပိုင္ ေနအိမ္၊ ၿခံဝင္းမ်ားအတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ၿပီး ေလေၾကာင္းမွလည္း ၿမိဳ႕အနီးဝန္းက်င္ရွိ ေက်း႐ြာမ်ားအတြင္းသို႔ အႀကိမ္ေရမ်ားစြာ ဗုံးႀကဲပစ္ခတ္ခဲ့သည္။

စစ္ေကာင္စီဘက္မွ ပစ္ခတ္ေသာ လက္နက္ႀကီးထိမွန္ၿပီး ျပည္သူ အနည္းဆုံး ၂ ဦး ေသဆုံးခဲ့သလို ၁၀ ဦးေက်ာ္ ဒဏ္ရာရခဲ့ၿပီး ဘုန္းႀကီးေက်ာင္းအပါအဝင္ ေနအိမ္ ၁၀ လုံးခန႔္ လက္နက္ႀကီးထိမွန္ ပ်က္စီးခဲ့သည္။

အလားတူ မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္၊ ဖီးျဖဴပင္ေက်း႐ြာအနီးတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက ေအာက္တိုဘာလ ၂၂ ရက္ ယမန္ေန႔ နံနက္တြင္ မိုင္းခြဲတိုက္ခိုက္ရာ အရာရွိ ၂ ဦးအပါအဝင္ စစ္သား ၁၂ ဦး ေသဆုံးေၾကာင္း သတင္းရရွိသည္။

အဆိုပါ စစ္ေကာင္စီစစ္ေၾကာင္းသည္ ေက်ာက္ဆည္ေလး ေက်း႐ြာကို မီးရႈိ႕ဖ်က္ဆီးၿပီး ဇီးျဖဴပင္ေက်း႐ြာကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ဝင္ေရာက္လာေသာ အဖြဲ႕ျဖစ္ေၾကာင္း၊ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက အသင့္ေထာင္ထားေသာ မိုင္းမ်ားျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း နတ္ဆိုး ေျမေအာက္ေတာ္လွန္ေရးအဖြဲ႕က သတင္းထုတ္ျပန္သည္။

တိုက္ခိုက္မႈကို နတ္ဆိုး (ေျမေအာက္ေတာ္လွန္ေရးတပ္ဖြဲ႕)၊ နဂါးညီေနာင္ PDF၊ တိုက္သိမ္း (ေျမေအာက္ေတာ္လွန္ေရးတပ္ဖြဲ႕)၊ ဇာမဏီ PDF၊ ေဒါင္းစစ္သည္ PDF၊ MDY PDF (Mongoose Squadron) တို႔က ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရွိရသည္။

============

ကော့ကာရိတ်မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီစခန်းငယ်တစ်ခုကို ကျားဖြူစစ်ကြောင်းက တိုက်ခိုက်ပြီး လက်နက်အချို့ ရရှိ၊ မတ္တရာတွင် စစ်ကြောင်း မိုင်းခွဲခံရပြီး စစ်သား ၁၂ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း၌ ဖြစ်ပွားခဲ့သော အောက်တိုဘာလ ၂၁ ရက် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ စခန်းငယ်တစ်ခုကို KNLA ပူးပေါင်းတပ် ကျားဖြူစစ်ကြောင်း တပ်စိတ်တစ်ခုက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် ၄ လက်နှင့် စစ်အသုံးအဆောင်အချို့ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

“အဖူး ဗိုလ်ဂဏန်း ဦးဆောင်တဲ့ တပ်စိတ်က ကော့ကရိတ်တိုက်ပွဲမှာ ခွေး စခန်းငယ်တစ်ခုကို ဝင်စီးပြီး ရတာ” ဟု ကျားဖြူစစ်ကြောင်း တပ်ရင်းရုံးတပ်ဖွဲ့ (Eagle Brigade) မှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက် နံနက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ အုပ်ချုပ်နယ်မြေအတွင်းရှိ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များကို ကော်သူးလေ Army မှ ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion နှင့် ဗိုလ်ကျော်သက် ဦးဆောင်သည့် KNLA ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသည် ၈ နာရီကျော် ကြာမြင့်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့ပြီး အထိနာသဖြင့် စစ်ကောင်စီက လေကြောင်းမှ အကြိမ်ရေ ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ကော့ကရိတ်မြို့တွင်းတိုက်ပွဲတွင် ခလရ ၉၇ တပ်ရင်းမှ အများပြည်သူပိုင် နေအိမ်၊ ခြံဝင်းများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လေကြောင်းမှလည်း မြို့အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ အကြိမ်ရေများစွာ ဗုံးကြဲပစ်ခတ်ခဲ့သည်။

စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ အနည်းဆုံး ၂ ဦး သေဆုံးခဲ့သလို ၁၀ ဦးကျော် ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၀ လုံးခန့် လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဖီးဖြူပင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ၂၂ ရက် ယမန်နေ့ နံနက်တွင် မိုင်းခွဲတိုက်ခိုက်ရာ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကျောက်ဆည်လေး ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ဇီးဖြူပင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာသော အဖွဲ့ဖြစ်ကြောင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များက အသင့်ထောင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကို နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)၊ နဂါးညီနောင် PDF၊ တိုက်သိမ်း (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)၊ ဇာမဏီ PDF၊ ဒေါင်းစစ်သည် PDF၊ MDY PDF (Mongoose Squadron) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *