ေဘာင္ခ်ာ တေဈး၊ ပါးစပ္ တေဈးျဖစ္ေနတဲ့ ေ႐ႊဆိုင္ႀကီးေတြရဲ႕ လွ်ိဳ႕ဝွက္ဆန္းၾကယ္ ေ႐ႊေရာင္းနည္းအသစ္ ( ႀကဳံလည္း ႀကဳံဖူးပါဘူးေတာ္ေရ ေဘာင္ခ်ာတေဈး ပါးစပ္တေဈးတဲ့ )

ဒီေန႔ မႏၲေလးၿမိဳ႕ရဲ႕ နာမည္အႀကီးဆုံးေ႐ႊဆိုင္မွာ ေ႐ႊသြားဝယ္ပါတယ္။ ေဈးက်တယ္၂၅ သိန္းေအာက္ ဆိုလို႔အေျပးအလႊားသြားခဲ့တာ။ ဟိုေရာက္ေတာ့ ဝန္ထမ္းေကာင္မေလးကို ေ႐ႊအတုံးေလး ၁ က်ပ္သား တတုံး၊ တမတ္သား တတုံးေပးပါ ဆိုေတာ့

ေကာင္မေလးက အမေရ ခဏေလးေနာ္ အမကို ေဈးေလး ျပန္တြက္ျပပီးရွင္းျပအုံးမယ္တဲ့။ ညီမေလးတို႔ ပိုစ့္တင္ထားတာ၂၄ သိန္း ၇ ေသာင္းက အခုတက္သြားလို႔လားဟင္ ဆိုေတာ့ မတက္ဘူး အမတဲ့။ ဒါဆို ရွင္းမျပေတာ့နဲ႔ ယူမယ္ အမ အခ်ိန္မရလို႔ဆိုေတာ့

ေဘာင္ခ်ာဖြင့္တဲ့ေဈးနဲ႔ ေရာင္းေဈးနဲ႔က မတူလို႔တဲ့။ ဟဲ့ ဘယ္လိုမတူတာလဲဆိုေတာ့ ေဘာင္ခ်ာမွာ၂၄ သိန္း ၇ ေသာင္း ဖြင့္ေပးမွာတဲ့အမက၂၅ သိန္း ၉ ေသာင္း ရွင္းေပးရမွာတဲ့။ အမေလး ဘယ္လိုေတြေတာင္ လူလည္လုပ္သလဲဆိုတာေလ။ ေ႐ႊဆိုင္ေတြ အရမ္း

နစ္နာေနဦးမယ္ေနာ္။ က်မတို႔က ေ႐ႊေဈးက်လည္းခံ၊ တက္လည္းခံ၊ အၿမဲရႈံး ရွင္တို႔ကေတာ့ ျမတ္ပီးရင္းျမတ္အရွႈံးကို မရွိဘူးေပါ့ေလလို႔ ေျပာခဲ့လိုက္တယ္။ သူတို႔က ၂၆ သိန္းေက်ာ္ေနရင္ေတာ့ ေဘာင္ခ်ာအမွန္ဖြင့္ေရာင္းတယ္။ ၂၅ သိန္းေအာက္မ်ား က်သြားရင္

ေဘာင္ခ်ာ အမွန္မဖြင့္ေတာ့ဘူး။ ေျပာေသးတယ္။ ဟိုေန႔က ေ႐ႊအသင္းက ၂၅ သိန္းေဈးထက္ပိုရင္စာထုတ္ထားလို႔ပါတဲ့။ ရယ္ရတယ္ သူတို႔အသာေတြခ်ည္းပဲ။ ငါတို႔ျပည္သူေတြကေတာ့ အခံဘက္ကခ်ည္းပဲ။ ခံႏိုင္သမွ်ေတာ့ ခံအုံးေပါ့ဟယ္

===========

ဘောင်ချာ တဈေး၊ ပါးစပ် တဈေးဖြစ်နေတဲ့ ရွှေဆိုင်ကြီးတွေရဲ့ လျှို့ဝှက်ဆန်းကြယ် ရွှေရောင်းနည်းအသစ် ( ကြုံလည်း ကြုံဖူးပါဘူးတော်ရေ ဘောင်ချာတဈေး ပါးစပ်တဈေးတဲ့ )

ဒီနေ့ မန္တလေးမြို့ရဲ့ နာမည်အကြီးဆုံးရွှေဆိုင်မှာ ရွှေသွားဝယ်ပါတယ်။ ဈေးကျတယ်၂၅ သိန်းအောက် ဆိုလို့အပြေးအလွှားသွားခဲ့တာ။ ဟိုရောက်တော့ ဝန်ထမ်းကောင်မလေးကို ရွှေအတုံးလေး ၁ ကျပ်သား တတုံး၊ တမတ်သား တတုံးပေးပါ ဆိုတော့

ကောင်မလေးက အမရေ ခဏလေးနော် အမကို ဈေးလေး ပြန်တွက်ပြပီးရှင်းပြအုံးမယ်တဲ့။ ညီမလေးတို့ ပိုစ့်တင်ထားတာ၂၄ သိန်း ၇ သောင်းက အခုတက်သွားလို့လားဟင် ဆိုတော့ မတက်ဘူး အမတဲ့။ ဒါဆို ရှင်းမပြတော့နဲ့ ယူမယ် အမ အချိန်မရလို့ဆိုတော့

ဘောင်ချာဖွင့်တဲ့ဈေးနဲ့ ရောင်းဈေးနဲ့က မတူလို့တဲ့။ ဟဲ့ ဘယ်လိုမတူတာလဲဆိုတော့ ဘောင်ချာမှာ၂၄ သိန်း ၇ သောင်း ဖွင့်ပေးမှာတဲ့အမက၂၅ သိန်း ၉ သောင်း ရှင်းပေးရမှာတဲ့။ အမလေး ဘယ်လိုတွေတောင် လူလည်လုပ်သလဲဆိုတာလေ။ ရွှေဆိုင်တွေ အရမ်း

နစ်နာနေဦးမယ်နော်။ ကျမတို့က ရွှေဈေးကျလည်းခံ၊ တက်လည်းခံ၊ အမြဲရှုံး ရှင်တို့ကတော့ မြတ်ပီးရင်းမြတ်အရှှုံးကို မရှိဘူးပေါ့လေလို့ ပြောခဲ့လိုက်တယ်။ သူတို့က ၂၆ သိန်းကျော်နေရင်တော့ ဘောင်ချာအမှန်ဖွင့်ရောင်းတယ်။ ၂၅ သိန်းအောက်များ ကျသွားရင်

ဘောင်ချာ အမှန်မဖွင့်တော့ဘူး။ ပြောသေးတယ်။ ဟိုနေ့က ရွှေအသင်းက ၂၅ သိန်းဈေးထက်ပိုရင်စာထုတ်ထားလို့ပါတဲ့။ ရယ်ရတယ် သူတို့အသာတွေချည်းပဲ။ ငါတို့ပြည်သူတွေကတော့ အခံဘက်ကချည်းပဲ။ ခံနိုင်သမျှတော့ ခံအုံးပေါ့ဟယ်

Leave a Reply

Your email address will not be published. Required fields are marked *