ေကာ့ကရိတ္ၿမိဳ႕ တိုက္ခိုက္ခံရၿပီးေနာက္ ျမဝတီၿမိဳ႕ကို BGF ႏွင့္စစ္သားမ်ား ပူးေပါင္း ကင္းလွည့္၊ ၿမိဳ႕သိမ္းခံရမည္ စိုးရိမ္၍ လုံၿခဳံေရး တိုးခ်ဟုဆို

ရန္ကုန္၊ ေအာက္တိုဘာ ၂၃

ကရင္ျပည္နယ္၊ ထိုင္း-ျမန္မာနယ္စပ္၊ ျမဝတီၿမိဳ႕တြင္ စစ္တပ္လက္ေအာက္ ခံ BGF နယ္ျခားေစာင့္မ်ားႏွင့္ BGF ဝတ္စုံဝတ္ဆင္ထားေသာ စစ္သား မ်ား ၿမိဳ႕ကို လွည့္လည္ ကင္းလွည့္ျပေနၿပီး ၿမိဳ႕အသိမ္း ခံရမည္ကိုစိုးရိမ္၍ စစ္တပ္ဘက္က လုံၿခဳံေရး အလြန္အမင္းတိုးခ်ေနေၾကာင္း ျမဝတီၿမိဳ႕ခံမ်ားက ေျပာသည္

ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရး တံတားအမွတ္ ၁ ေအာက္တြင္ ေအာက္တိုဘာလ ၂၃ ရက္ေန႔ ယေန႔ နံနက္ ၁၀ နာရီမွစတင္ၿပီး ေျခလွ်င္စစ္ေၾကာင္းျဖင့္ ျမဝတီၿမိဳ႕ကို လွည့္ပတ္ ကင္းလွည့္ေနၾကျခင္းျဖစ္သည္

ေအာက္တိုဘာလ ၂၂ ရက္မွစတင္၍ ျမဝတီၿမိဳ႕တြင္ လုံၿခဳံေရး အထူးတင္းက်ပ္ခဲ့ရာမွ ယေန႔ ၿမိဳ႕တြင္းတြင္ ေျခလွ်င္စစစ္ေၾကာင္းမ်ားျဖင့္ စစ္ေကာင္စီႏွင့္ BGF မ်ားက ကင္းလွည့္လာျခင္းျဖစ္သည္ဟု သိရွိရသည္

” စစ္တပ္နဲ႔ BGF က ၿမိဳ႕ကို ထိန္းထားႏိုင္တယ္ ဆိုတာမ်ိဳး ျပသတဲ့ သေဘာေပါ့ကြာ။ ႀကိဳဆိုတဲ့လူေတြ အေယာင္ျပ ထည့္ၿပီး ၿမိဳ႕က သူတို႔ကို ေထာက္ခံမႈ ရွိတယ္ဆိုတဲ့ သေဘာ ဝါဒ ျဖန႔္တာ ” ဟု ေဒသသတင္းရင္းျမစ္က ရန္ကုန္ေခတ္ သစ္သို႔ ဆက္လက္ေျပာဆိုသည္

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၆ နယ္ေျမတြင္ စစ္ေကာင္စီတပ္ႏွင့္ KNLA ပူးေပါင္းတပ္ဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ျပင္းထန္ေနေသာ္လည္း BGF တပ္ဖြဲ႕ႏွင့္မူ ေတ့ေတ့ဆိုင္ဆိုင္ တိုက္ပြဲျဖစ္ပြားျခင္း မရွိေသးေၾကာင္း၊ BGF တပ္ဖြဲ႕မ်ားက စစ္ေကာင္စီတပ္ဖြဲ႕မ်ားကို လုံၿခဳံေရးယူ လိုက္ပါပို႔ေဆာင္ျခင္း၊ ကင္း လွည့္ျခင္းမ်ားသာ ရွိေၾကာင္း KNLA ႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္ထံမွ သိရွိရသည္

ေအာက္တိုဘာလ ၂၁ ရက္ေန႔တြင္ ေကာ့ကရိတ္ၿမိဳ႕ရွိ စစ္ေကာင္စီတပ္ဖြဲ႕ကို ေကာ္ သူးေလ Army ႏွင့္ KNLA ပူးေပါင္းတပ္ဖြဲ႕မ်ားက ဝင္ေရာက္တိုက္ခိုက္ကာ ၿမိဳ႕ေပၚတြင္ အခ်ိန္အေတာ္ၾကာ စီးနင္းခဲ့ၿပီးေနာက္ ျမဝတီၿမိဳ႕ကို စစ္တပ္ႏွင့္ BGF ပူးေပါင္းလုံၿခဳံေရးယူလာျခင္းျဖစ္ေၾကာင္း သိရွိရသည္

“ေကာ့ကရိတ္ အတိုက္ခံရၿပီးကတည္း ျမဝတီက ေျခာက္ကပ္သြားတာ။ ၿမိဳ႕ထဲ BGF ေျခလွ်င္စစ္ေၾကာင္းေတြနဲ႔ စစ္ေခြး ေတြေရာပဲ။ ေက်ာက္လုံးႀကီးဘက္အျခမ္း ၊ ၂၇၅ တပ္ဘက္နား၊ အမွတ္ ၁ တံတား ၊ေဈးနား ေတြမွာ ေစာင့္ေနၾကတယ္။ လာတိုက္မွာ စိုးလို႔ ထင္ပါတယ္

ေက်ာက္လုံးႀကီးဘက္က အင္အား ပိုမ်ားတယ္။ ကင္းပုန္းေတြလည္း တစ္ၿမိဳ႕လုံး ပတ္ပတ္လည္ လမ္းေတြေရာ ေခ်ာင္ ႀကိဳေခ်ာင္ၾကားေတြေရာပဲ။ ျမဝတီအသိမ္းခံရမွာ ေၾကာက္လို႔ လုံၿခဳံေရးေတြ တိုးၿပီး ခ်တယ္လို႔ ေျပာၾကတယ္” ဟု ျမဝတီေဒသခံက လက္ရွိ အေျခ အေနကို ရွင္းျပသည္

ဓာတ္ပုံ- ယေန႔ ျမဝတီၿမိဳ႕ထဲေျခလွ်င္ ကင္းလွည့္ေနသည့္ BGF စစ္ေၾကာင္း။

===========

ကော့ကရိတ်မြို့ တိုက်ခိုက်ခံရပြီးနောက် မြဝတီမြို့ကို BGF နှင့်စစ်သားများ ပူးပေါင်း ကင်းလှည့်၊ မြို့သိမ်းခံရမည် စိုးရိမ်၍ လုံခြုံရေး တိုးချဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တွင် စစ်တပ်လက်အောက် ခံ BGF နယ်ခြားစောင့်များနှင့် BGF ဝတ်စုံဝတ်ဆင်ထားသော စစ်သား များ မြို့ကို လှည့်လည် ကင်းလှည့်ပြနေပြီး မြို့အသိမ်း ခံရမည်ကိုစိုးရိမ်၍ စစ်တပ်ဘက်က လုံခြုံရေး အလွန်အမင်းတိုးချနေကြောင်း မြဝတီမြို့ခံများက ပြောသည်

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၁ အောက်တွင် အောက်တိုဘာလ ၂၃ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီမှစတင်ပြီး ခြေလျှင်စစ်ကြောင်းဖြင့် မြဝတီမြို့ကို လှည့်ပတ် ကင်းလှည့်နေကြခြင်းဖြစ်သည်

အောက်တိုဘာလ ၂၂ ရက်မှစတင်၍ မြဝတီမြို့တွင် လုံခြုံရေး အထူးတင်းကျပ်ခဲ့ရာမှ ယနေ့ မြို့တွင်းတွင် ခြေလျှင်စစစ်ကြောင်းများဖြင့် စစ်ကောင်စီနှင့် BGF များက ကင်းလှည့်လာခြင်းဖြစ်သည်ဟု သိရှိရသည်

” စစ်တပ်နဲ့ BGF က မြို့ကို ထိန်းထားနိုင်တယ် ဆိုတာမျိုး ပြသတဲ့ သဘောပေါ့ကွာ။ ကြိုဆိုတဲ့လူတွေ အယောင်ပြ ထည့်ပြီး မြို့က သူတို့ကို ထောက်ခံမှု ရှိတယ်ဆိုတဲ့ သဘော ဝါဒ ဖြန့်တာ ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သို့ ဆက်လက်ပြောဆိုသည်

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေသော်လည်း BGF တပ်ဖွဲ့နှင့်မူ တေ့တေ့ဆိုင်ဆိုင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း၊ BGF တပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့များကို လုံခြုံရေးယူ လိုက်ပါပို့ဆောင်ခြင်း၊ ကင်း လှည့်ခြင်းများသာ ရှိကြောင်း KNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရှိရသည်

အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကော် သူးလေ Army နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကာ မြို့ပေါ်တွင် အချိန်အတော်ကြာ စီးနင်းခဲ့ပြီးနောက် မြဝတီမြို့ကို စစ်တပ်နှင့် BGF ပူးပေါင်းလုံခြုံရေးယူလာခြင်းဖြစ်ကြောင်း သိရှိရသည်

“ကော့ကရိတ် အတိုက်ခံရပြီးကတည်း မြဝတီက ခြောက်ကပ်သွားတာ။ မြို့ထဲ BGF ခြေလျှင်စစ်ကြောင်းတွေနဲ့ စစ်ခွေး တွေရောပဲ။ ကျောက်လုံးကြီးဘက်အခြမ်း ၊ ၂၇၅ တပ်ဘက်နား၊ အမှတ် ၁ တံတား ၊ဈေးနား တွေမှာ စောင့်နေကြတယ်။ လာတိုက်မှာ စိုးလို့ ထင်ပါတယ်

ကျောက်လုံးကြီးဘက်က အင်အား ပိုများတယ်။ ကင်းပုန်းတွေလည်း တစ်မြို့လုံး ပတ်ပတ်လည် လမ်းတွေရော ချောင် ကြိုချောင်ကြားတွေရောပဲ။ မြဝတီအသိမ်းခံရမှာ ကြောက်လို့ လုံခြုံရေးတွေ တိုးပြီး ချတယ်လို့ ပြောကြတယ်” ဟု မြဝတီဒေသခံက လက်ရှိ အခြေ အနေကို ရှင်းပြသည်

ဓာတ်ပုံ- ယနေ့ မြဝတီမြို့ထဲခြေလျှင် ကင်းလှည့်နေသည့် BGF စစ်ကြောင်း။

Leave a Reply

Your email address will not be published. Required fields are marked *