ရဲ ၃ ဦးက အခ်ဳပ္သား ၁၁ ဦးေခၚေဆာင္ကာ ရဲစခန္းကထြက္ေျပး

ဧရာဝတီတိုင္းမ္

ေအာက္တိုဘာလ ၂၃ ရက္

စစ္ကိုင္းတိုင္း၊ ခႏၲီးၿမိဳ႕နယ္မွာ ေအာက္တိုဘာလ ၁၈ ရက္ေန႔က ၿမိဳ႕မရဲစခန္းမွာ တာဝန္က်တဲ့ ရဲ ၃ ဦး ဦးေဆာင္ၿပီး အခ်ဳပ္သား ၁၁ ဦးကို ေခၚေဆာင္ကာ ရဲစခန္းက ထြက္ေျပးမႈျဖစ္ပြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ အသိုင္းဝိုင္းကသိရပါတယ္။

ၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္း ၁ မွာရွိတဲ့ ႏိုင္ငံေရးမႈနဲ႔ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသူမ်ားကို ေခၚေဆာင္ၿပီး အခ်ဳပ္ခန္း ေစာင့္ရဲတပ္သားရဲ႕ ေသနတ္ ၁ လက္ကို ယူေဆာင္ကာ ထြက္ေျပးခဲ့တာလို႔ ရဲတပ္ဖြဲ႕နဲ႔နီးစပ္သူတဦးက ေျပာပါတယ္။

“ ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့သူေတြထားတဲ့ အခ်ဳပ္ခန္းက တရားခံေတြကို ေခၚၿပီးေျပးတာ ခုေလာေလာဆယ္ေတာ့ ျပန္ဖမ္းမိတာ ၅ ဦးရွိၿပီ ကင္းသားကိုတြန္းလွဲၿပီးေတာ့ ေသနတ္လုယူထြက္ေျပးသြားတာ အကုန္ဖမ္းမိဖို႔ေတာ့ ႀကိဳးစားေနတယ္”လို႔ ရဲတပ္ဖြဲ႕နဲ႔နီးစပ္သူတဦးက ေျပာပါတယ္။

ခႏၲီးၿမိဳ႕မရဲစခန္းမွာတာဝန္က်ေနတဲ့ ရဲ ၃ ဦးဟာ အခ်ဳပ္ခန္း ၃ ခန္းရွိတဲ့အထဲက အခ်ဳပ္ခန္း အမွတ္ ၁ ရဲ႕ အိမ္သာနားက သံဆူးႀကိဳးနဲ႔ သံတိုင္ကို ျဖတ္ၿပီး အခ်ဳပ္သားေတြကို ကယ္တင္ထြက္ေျပးသြားတာလို႔ ဆိုပါတယ္။

ထြက္ေျပးသြားတဲ့အထဲက ရဲတပ္ဖြဲ႕ဝင္ ၃ ဦးနဲ႔ အခ်ဳပ္သားေတြကို ျပန္ဖမ္းမိဖို႔အတြက္ ၿမိဳ႕နယ္တိုင္းမွာရွိတဲ့ ရဲစခန္းေတြကို ဓါတ္ပုံေတြျဖန႔္ၿပီး ၿမိဳ႕အဝင္ထြက္ ဂိတ္ေတြမွာ စစ္ေဆးဖို႔အတြက္ သတင္းျဖန႔္ထားတယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

Ayeyarwaddy_Times

==========

ရဲ ၃ ဦးက အချုပ်သား ၁၁ ဦးခေါ်ဆောင်ကာ ရဲစခန်းကထွက်ပြေး

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့က မြို့မရဲစခန်းမှာ တာဝန်ကျတဲ့ ရဲ ၃ ဦး ဦးဆောင်ပြီး အချုပ်သား ၁၁ ဦးကို ခေါ်ဆောင်ကာ ရဲစခန်းက ထွက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းကသိရပါတယ်။

မြို့မရဲစခန်း အချုပ်ခန်း ၁ မှာရှိတဲ့ နိုင်ငံရေးမှုနဲ့ဖမ်းဆီးချုပ်နှောင်ခံထားရသူများကို ခေါ်ဆောင်ပြီး အချုပ်ခန်း စောင့်ရဲတပ်သားရဲ့ သေနတ် ၁ လက်ကို ယူဆောင်ကာ ထွက်ပြေးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေထားတဲ့ အချုပ်ခန်းက တရားခံတွေကို ခေါ်ပြီးပြေးတာ ခုလောလောဆယ်တော့ ပြန်ဖမ်းမိတာ ၅ ဦးရှိပြီ ကင်းသားကိုတွန်းလှဲပြီးတော့ သေနတ်လုယူထွက်ပြေးသွားတာ အကုန်ဖမ်းမိဖို့တော့ ကြိုးစားနေတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ခန္တီးမြို့မရဲစခန်းမှာတာဝန်ကျနေတဲ့ ရဲ ၃ ဦးဟာ အချုပ်ခန်း ၃ ခန်းရှိတဲ့အထဲက အချုပ်ခန်း အမှတ် ၁ ရဲ့ အိမ်သာနားက သံဆူးကြိုးနဲ့ သံတိုင်ကို ဖြတ်ပြီး အချုပ်သားတွေကို ကယ်တင်ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ထွက်ပြေးသွားတဲ့အထဲက ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အချုပ်သားတွေကို ပြန်ဖမ်းမိဖို့အတွက် မြို့နယ်တိုင်းမှာရှိတဲ့ ရဲစခန်းတွေကို ဓါတ်ပုံတွေဖြန့်ပြီး မြို့အဝင်ထွက် ဂိတ်တွေမှာ စစ်ဆေးဖို့အတွက် သတင်းဖြန့်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

Ayeyarwaddy_Times

 

Leave a Reply

Your email address will not be published. Required fields are marked *