အမရပူရရဲစခန္းလက္ေအာက္ရွိ စစ္ကိုင္းတံတားရဲကင္းမွ ေသနတ္ ၂ လက္ ေပ်ာက္ဆုံးမႈ ရဲ ၃ ဦးကို စစ္တပ္က ဖမ္းဆီး စစ္ေၾကာ၊ အမရပူရဲရဲစခန္းမွ ရဲတပ္ၾကပ္ႀကီးတစ္ဦး က်ပ္သိန္း ၂၀၀ ယူေဆာင္ထြက္ေျပး

ရန္ကုန္၊ ေအာက္တိုဘာ ၂၃

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္ ရဲစခန္း လက္ေအာက္ရွိ စစ္ကိုင္းတိုင္းတံတား ရဲကင္းမွ ေသနတ္ ၂ လက္ေပ်ာက္ဆုံးသြားျဖင့္ ရဲကင္းႏွင့္ အမရပူရရဲစခန္းမွ ရဲ ၃ ဦးကို စစ္တပ္က ဖမ္းဆီး စစ္ေၾကာေနေၾကာင္း ရဲအသိုင္းအဝိုင္းထံမွ သိရွိရသည္။

ေအာက္တိုဘာလ ၁၈ ရက္ေန႔တြင္ ရဲကင္းမွ ေသနတ္ ၂ လက္ေပ်ာက္ဆုံးခဲ့ျခင္းျဖစ္ေၾကာင္း၊ ေသနတ္ ၃ လက္ကို ေသတၱာတြင္ ေသာ့ခတ္ထားစဥ္ ၂ လက္ေပ်ာက္ ဆုံးျခင္းျဖစ္ေၾကာင္း ၊ ေပ်ာက္ဆုံးသည့္ ေသနတ္မ်ားကို ႀကိတ္ရွာေသာ္ လည္း မေတြ႕သည့္အဆုံး စစ္တပ္ကို အေၾကာင္းၾကားရာမွ ရဲ ၃ ဦး ဖမ္းဆီး စစ္ ေၾကာခံေနရျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“အမရပူရ စခန္းပိုင္ စစ္ကိုင္းတံတား ရဲကင္းမွာ ေသနတ္ ၂လက္ေပ်ာက္သြားပါတယ္။ ေသာ့ခတ္ထားတဲ့ ေသနတ္ ၃လက္ထဲမွာမွ ၂လက္ေပ်ာက္တာပါ။ ေသ နတ္မေပ်ာက္တဲ့ ရဲကို မသၤကာျဖစ္ၾကပါတယ္။ ပထမေတာ့ သူတို႔ဘာသာ ႀကိတ္ ရွာေနတာပါ။ ေနာက္ပိုင္းမေတြ႕ေတာ့မွ အေၾကာင္းၾကားတာ။ ရဲတစ္ေယာက္ထြက္ေျပးတယ္။

၃ေယာက္ စစ္ေၾကာေရးကို ဖမ္းေခၚသြားပါတယ္။ စစ္တပ္က လာဖမ္းတာပါ” ဟု ရဲအသိုင္းအဝိုင္းက ေျပာသည္။

အဆိုပါျဖစ္စဥ္မ်ားမတိုင္မီ အမရပူရၿမိဳ႕နယ္ ရဲစခန္းမွ ရဲတပ္ၾကပ္ႀကီးတစ္ဦးသည္ ေငြက်ပ္ သိန္း ၂၀၀ တန္ဖိုးရွိ ပစၥည္းမ်ား ယူေဆာင္ထြက္ေျပးသြားေၾကာင္း သိရွိရသည္။

“အမရပူရစခန္း ရဲတပ္ၾကပ္ႀကီးတစ္ဦးလည္း ေ႐ႊေငြ သိန္း၂၀၀ ဖိုးေလာက္ ယူၿပီး ထြက္ေျပးသြားတယ္။ အဲဒါကေတာ့ ေသနတ္ေပ်ာက္တဲ့ျဖစ္စဥ္ေတြ မတိုင္မီျဖစ္တာ။

ၿပီးေတာ့ ရဲတပ္သား ဇင္ၿဖိဳးေအာင္ ဆိုသူကလည္း က်ည္ဆံေတြေပ်ာက္လို႔ဆိုၿပီး ၁ ေတာင့္ကို ၇၀၀၀၀ နဲ႔ စခန္းက ေလွ်ာ္ခိုင္းပါတယ္။ အဲဒီမွာလည္း ရဲေတြအခ်င္းခ်င္း မၾကည္မျဖဴေတြ ျဖစ္ၾကတယ္” ဟု ရဲအသိုင္းအဝိုင္းက ေျပာဆိုသည္။

============

အမရပူရရဲစခန်းလက်အောက်ရှိ စစ်ကိုင်းတံတားရဲကင်းမှ သေနတ် ၂ လက် ပျောက်ဆုံးမှု ရဲ ၃ ဦးကို စစ်တပ်က ဖမ်းဆီး စစ်ကြော၊ အမရပူရဲရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး ကျပ်သိန်း ၂၀၀ ယူဆောင်ထွက်ပြေး

ရန်ကုန်၊ အောက်တိုဘာ ၂၃

မန္တလေးတိုင်း၊ အမရပူရမြို့နယ် ရဲစခန်း လက်အောက်ရှိ စစ်ကိုင်းတိုင်းတံတား ရဲကင်းမှ သေနတ် ၂ လက်ပျောက်ဆုံးသွားဖြင့် ရဲကင်းနှင့် အမရပူရရဲစခန်းမှ ရဲ ၃ ဦးကို စစ်တပ်က ဖမ်းဆီး စစ်ကြောနေကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရဲကင်းမှ သေနတ် ၂ လက်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေနတ် ၃ လက်ကို သေတ္တာတွင် သော့ခတ်ထားစဉ် ၂ လက်ပျောက် ဆုံးခြင်းဖြစ်ကြောင်း ၊ ပျောက်ဆုံးသည့် သေနတ်များကို ကြိတ်ရှာသော် လည်း မတွေ့သည့်အဆုံး စစ်တပ်ကို အကြောင်းကြားရာမှ ရဲ ၃ ဦး ဖမ်းဆီး စစ် ကြောခံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“အမရပူရ စခန်းပိုင် စစ်ကိုင်းတံတား ရဲကင်းမှာ သေနတ် ၂လက်ပျောက်သွားပါတယ်။ သော့ခတ်ထားတဲ့ သေနတ် ၃လက်ထဲမှာမှ ၂လက်ပျောက်တာပါ။ သေ နတ်မပျောက်တဲ့ ရဲကို မင်္သကာဖြစ်ကြပါတယ်။ ပထမတော့ သူတို့ဘာသာ ကြိတ် ရှာနေတာပါ။ နောက်ပိုင်းမတွေ့တော့မှ အကြောင်းကြားတာ။ ရဲတစ်ယောက်ထွက်ပြေးတယ်။

၃ယောက် စစ်ကြောရေးကို ဖမ်းခေါ်သွားပါတယ်။ စစ်တပ်က လာဖမ်းတာပါ” ဟု ရဲအသိုင်းအဝိုင်းက ပြောသည်။

အဆိုပါဖြစ်စဉ်များမတိုင်မီ အမရပူရမြို့နယ် ရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ ပစ္စည်းများ ယူဆောင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

“အမရပူရစခန်း ရဲတပ်ကြပ်ကြီးတစ်ဦးလည်း ရွှေငွေ သိန်း၂၀၀ ဖိုးလောက် ယူပြီး ထွက်ပြေးသွားတယ်။ အဲဒါကတော့ သေနတ်ပျောက်တဲ့ဖြစ်စဉ်တွေ မတိုင်မီဖြစ်တာ။

ပြီးတော့ ရဲတပ်သား ဇင်ဖြိုးအောင် ဆိုသူကလည်း ကျည်ဆံတွေပျောက်လို့ဆိုပြီး ၁ တောင့်ကို ၇၀၀၀၀ နဲ့ စခန်းက လျှော်ခိုင်းပါတယ်။ အဲဒီမှာလည်း ရဲတွေအချင်းချင်း မကြည်မဖြူတွေ ဖြစ်ကြတယ်” ဟု ရဲအသိုင်းအဝိုင်းက ပြောဆိုသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *