ညအခ်ိန္ ဖမ္းဆီးေငြညႇစ္ေနတဲ့ စစ္အုပ္စုက ကားတစ္စီးကို ေသနတ္နဲ႔ဝိုင္းပစ္၊ ယာဥ္ေမာင္းေသဆုံး၊အေလာင္းလာေကာက္သူကိုပါ သတ္မယ္လို႔ မူး႐ူးေအာ္ဟစ္ၿခိမ္းေျခာက္၊

MFP ၊ ေအာက္တိုဘာ – ၂၃

မႏၲေလးၿမိဳ႕၊ (၇၃) လမ္းနဲ႔ (၃၅) လမ္းေထာင့္မွာ မေန႔က ညပိုင္း လာသမွ် ကား၊ဆိုင္ကယ္ ဖမ္းဆီးေငြညႇစ္ေနတဲ့ စစ္အုပ္စုက ကားတစ္စီးကို ေသနတ္နဲ႔ ဝိုင္းပစ္ခတ္လို႔ ယာဥ္ေမာင္း ေသဆုံးတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

ေအာက္တိုဘာ (၂၂) ရက္ ည (၁၀) နာရီဝန္းက်င္က မႏၲေလးၿမိဳ႕လည္ေခါင္ျဖစ္တဲ့ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ (၇၃) လမ္းနဲ႔ (၃၅)လမ္းေထာင့္ မီးပြိဳင့္မွာ စစ္အုပ္စုက CCTV ေတြ တပ္ဆက္ရင္း စစ္ေကာင္စီ သစၥာခံ လက္နက္ကိုင္အင္အား (၂၀) ခန႔္က လမ္းသြားလမ္းလာေတြကို ဖမ္းဆီးေငြညႇစ္ေနခ်ိန္ ကားတစ္စီးကို ေသနတ္နဲ႔ ဝိုင္းပစ္တာလို႔ ဆိုပါတယ္။

ၿမိဳ႕လည္ (၃၅) လမ္းအတိုင္း အရွိန္နဲ႔ ေမာင္းႏွင္လာတဲ့ Crown ကားကို တားဆီးရာ မရပ္ေပးလို႔ဆိုၿပီး စစ္အုပ္စုက (၃၅)လမ္း၊ (၇၃)ႏွင့္ (၇၄)လမ္းၾကားမွာ ေသနတ္နဲ႔ ဝိုင္းပစ္ခဲ့တာလို႔ ဆိုပါတယ္။ ကားက မီးပြိဳင့္အနီး လမ္းေဘးယာဥ္ထိန္း႐ုံးကို ဝင္တိုက္ကာ ရပ္တန႔္သြားၿပီး ယာဥ္ေမာင္းျဖစ္သူ ေသဆုံးခဲ့တာလို႔ ေဒသခံသတင္းရင္းျမစ္ေတြက ေျပာပါတယ္။

စစ္အုပ္စုက ဖမ္းဆီးေငြညႇစ္ေနတာကို မသိဘဲ အရွိန္နဲ႔ ေမာင္းလာခ်ိန္ စစ္အုပ္စုရဲ႕ ပစ္သတ္ခံလိုက္ရတာ ျဖစ္ၿပီး ယာဥ္ထိန္း႐ုံးကို ဝင္တိုက္ၿပီး ကားရပ္သြားခ်ိန္အထိ စစ္အုပ္စုက ဆက္လက္ပစ္ခတ္ေနတယ္လို႔ ဆိုပါတယ္။

လမ္းေဘးမွာ ရပ္တန႔္သြားတဲ့ကားကို ဆက္လက္ပစ္ခတ္ေနတဲ့ စစ္အုပ္စုက လူနာတင္ကားေတြ မလာဖို႔နဲ႔ လာတဲ့သူကိုပါ ပစ္သတ္မယ္လို႔ မူး႐ူးဆဲဆို ေအာ္ဟစ္ၿခိမ္းေျခာက္ခဲ့တယ္လို႔ အဲဒီျဖစ္စဥ္ကို သိရွိသူ ၿမိဳ႕ခံတစ္ဦးက ရွင္းျပပါတယ္။

“ ေသနတ္ပစ္သံက (၁၀) ခ်က္မက ၾကားရတယ္၊ ကားက သူတို႔စစ္ေနတာ မသိဘဲ ဝင္လာတာ၊ ေၾကာက္အားလန႔္အားနဲ႔ ေမာင္းေျပးတဲ့သေဘာပဲ၊ ယာဥ္ထိန္း႐ုံးကို ဝင္တိုက္ၿပီး ရပ္သြားေပမယ့္ ေခြးေတြက ဆက္ပစ္ေနေသးတာ၊ အဲဒါအျပင္ လူနာတင္ကားလာရင္လည္း ပစ္မယ္ဆိုၿပီး ရပ္ကြက္ကို ေအာ္ဟစ္ဆဲဆိုတာေတြ လုပ္တယ္ “ လို႔ သူက MFP ကို ေျပာပါတယ္။

ထင္တိုင္းက်ဲ ပစ္ခတ္ေသာင္းက်န္းၿပီး ခဏအၾကာမွာ စစ္အုပ္စုက လူနာတင္ယာဥ္တစ္စီး ေခၚၿပီး ေသဆုံးသူကို ကားထဲက ဆြဲထုတ္ တင္ေဆာင္သြားတယ္လို႔ ဆိုပါတယ္။

စစ္အုပ္စုက ေသနတ္နဲ႔ဝိုင္းပစ္ခဲ့တဲ့ကားထဲ ဒဏ္ရာရသူေတြ ရွိ၊မရွိႏွင့္ ေသဆုံးသူနဲ႔ပတ္သက္တဲ့ အေသးစိတ္ကိုေတာ့ မသိရေသးပါဘူး။ စစ္ေလာ္ဘီေတြကေတာ့ ကားက လမ္းေဘး ယာဥ္ထိန္း႐ုံး ဝင္တိုက္ၿပီး ယာဥ္ေမာင္းေသတာလို႔ သတင္းျဖန႔္ပါတယ္။

မႏၲေလးၿမိဳ႕မွာ စစ္အုပ္စုက လမ္းသြားလမ္းလာေတြကို ဖမ္းဆီးေငြညႇစ္တာေတြ လုပ္ေနခ်ိန္ ရပ္မေပးတဲ့ ဆိုင္ကယ္နဲ႔ ကားေတြကို ေသနတ္နဲ႔ ပစ္သတ္တာေတြ ထင္တိုင္းက်ဲ လုပ္ေဆာင္ေနပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း မႏၲေလးက်ဳံးေဘး (၂၆)လမ္းေပၚ အပါအဝင္ စစ္အုပ္စုက ပစ္သတ္သူ (၁၀) ဦးထက္မနည္း ရွိႏိုင္တယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

စစ္အုပ္စုရဲ႕ ပစ္သတ္မႈေတြထဲ ၿပီးခဲ့တဲ့ႏွစ္က (၁၂)လမ္းနဲ႔ (၆၆) လမ္းေထာင့္မွာ ဆိုင္ကယ္ကို ေသနတ္နဲ႔ လိုက္ပစ္သတ္ရာက စစ္ေကာင္စီ စီစဥ္တဲ့ အလုပ္သမားေဆး႐ုံမွာ ကိုဗစ္ကာကြယ္ေဆး လာထိုးသူကို ထိမွန္ၿပီး ေသဆုံးသြားတဲ့ျဖစ္စဥ္က လူသိမ်ားပါတယ္။

စစ္အုပ္စုဟာ ယခု ရက္ပိုင္း မႏၲေလးၿမိဳ႕အႏွံ႔ ေန႔ခင္းဘက္သာမက ညအခ်ိန္ေတြမွာပါ ဖမ္းဆီးေငြညႇစ္ ေသာင္းက်န္းေနၿပီး ယမန္ေန႔ ညပိုင္းကလည္း မဟာေအာင္ေျမၿမိဳ႕နယ္ထဲ ကားတစ္စီးကို ဖမ္းဆီးေငြညႇစ္ေနခ်ိန္ ေငြမေပးဘဲ ေမာင္းထြက္သြားတာကို မူး႐ူးေနတဲ့ စကစတစ္ေယာက္က လိုက္လံပစ္ခတ္ခဲ့ၿပီး ယာဥ္ေပၚပါသူေတြဟာ စစ္ေကာင္စီ သစၥာခံ လဝက ဝန္ထမ္းေတြျဖစ္ေနလို႔ ေတာင္းပန္ၿပီး ေဆး႐ုံပို႔ေပးလိုက္ရတယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။

===========

ညအချိန် ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက ကားတစ်စီးကို သေနတ်နဲ့ဝိုင်းပစ်၊ ယာဉ်မောင်းသေဆုံး၊အလောင်းလာကောက်သူကိုပါ သတ်မယ်လို့ မူးရူးအော်ဟစ်ခြိမ်းခြောက်၊

MFP ၊ အောက်တိုဘာ – ၂၃

မန္တလေးမြို့၊ (၇၃) လမ်းနဲ့ (၃၅) လမ်းထောင့်မှာ မနေ့က ညပိုင်း လာသမျှ ကား၊ဆိုင်ကယ် ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက ကားတစ်စီးကို သေနတ်နဲ့ ဝိုင်းပစ်ခတ်လို့ ယာဉ်မောင်း သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ (၂၂) ရက် ည (၁၀) နာရီဝန်းကျင်က မန္တလေးမြို့လည်ခေါင်ဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်၊ (၇၃) လမ်းနဲ့ (၃၅)လမ်းထောင့် မီးပွိုင့်မှာ စစ်အုပ်စုက CCTV တွေ တပ်ဆက်ရင်း စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်အင်အား (၂၀) ခန့်က လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်နေချိန် ကားတစ်စီးကို သေနတ်နဲ့ ဝိုင်းပစ်တာလို့ ဆိုပါတယ်။

မြို့လည် (၃၅) လမ်းအတိုင်း အရှိန်နဲ့ မောင်းနှင်လာတဲ့ Crown ကားကို တားဆီးရာ မရပ်ပေးလို့ဆိုပြီး စစ်အုပ်စုက (၃၅)လမ်း၊ (၇၃)နှင့် (၇၄)လမ်းကြားမှာ သေနတ်နဲ့ ဝိုင်းပစ်ခဲ့တာလို့ ဆိုပါတယ်။ ကားက မီးပွိုင့်အနီး လမ်းဘေးယာဉ်ထိန်းရုံးကို ဝင်တိုက်ကာ ရပ်တန့်သွားပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုက ဖမ်းဆီးငွေညှစ်နေတာကို မသိဘဲ အရှိန်နဲ့ မောင်းလာချိန် စစ်အုပ်စုရဲ့ ပစ်သတ်ခံလိုက်ရတာ ဖြစ်ပြီး ယာဉ်ထိန်းရုံးကို ဝင်တိုက်ပြီး ကားရပ်သွားချိန်အထိ စစ်အုပ်စုက ဆက်လက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

လမ်းဘေးမှာ ရပ်တန့်သွားတဲ့ကားကို ဆက်လက်ပစ်ခတ်နေတဲ့ စစ်အုပ်စုက လူနာတင်ကားတွေ မလာဖို့နဲ့ လာတဲ့သူကိုပါ ပစ်သတ်မယ်လို့ မူးရူးဆဲဆို အော်ဟစ်ခြိမ်းခြောက်ခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိသူ မြို့ခံတစ်ဦးက ရှင်းပြပါတယ်။

“ သေနတ်ပစ်သံက (၁၀) ချက်မက ကြားရတယ်၊ ကားက သူတို့စစ်နေတာ မသိဘဲ ဝင်လာတာ၊ ကြောက်အားလန့်အားနဲ့ မောင်းပြေးတဲ့သဘောပဲ၊ ယာဉ်ထိန်းရုံးကို ဝင်တိုက်ပြီး ရပ်သွားပေမယ့် ခွေးတွေက ဆက်ပစ်နေသေးတာ၊ အဲဒါအပြင် လူနာတင်ကားလာရင်လည်း ပစ်မယ်ဆိုပြီး ရပ်ကွက်ကို အော်ဟစ်ဆဲဆိုတာတွေ လုပ်တယ် “ လို့ သူက MFP ကို ပြောပါတယ်။

ထင်တိုင်းကျဲ ပစ်ခတ်သောင်းကျန်းပြီး ခဏအကြာမှာ စစ်အုပ်စုက လူနာတင်ယာဉ်တစ်စီး ခေါ်ပြီး သေဆုံးသူကို ကားထဲက ဆွဲထုတ် တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက သေနတ်နဲ့ဝိုင်းပစ်ခဲ့တဲ့ကားထဲ ဒဏ်ရာရသူတွေ ရှိ၊မရှိနှင့် သေဆုံးသူနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ စစ်လော်ဘီတွေကတော့ ကားက လမ်းဘေး ယာဉ်ထိန်းရုံး ဝင်တိုက်ပြီး ယာဉ်မောင်းသေတာလို့ သတင်းဖြန့်ပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်နေချိန် ရပ်မပေးတဲ့ ဆိုင်ကယ်နဲ့ ကားတွေကို သေနတ်နဲ့ ပစ်သတ်တာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးကျုံးဘေး (၂၆)လမ်းပေါ် အပါအဝင် စစ်အုပ်စုက ပစ်သတ်သူ (၁၀) ဦးထက်မနည်း ရှိနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ ပစ်သတ်မှုတွေထဲ ပြီးခဲ့တဲ့နှစ်က (၁၂)လမ်းနဲ့ (၆၆) လမ်းထောင့်မှာ ဆိုင်ကယ်ကို သေနတ်နဲ့ လိုက်ပစ်သတ်ရာက စစ်ကောင်စီ စီစဉ်တဲ့ အလုပ်သမားဆေးရုံမှာ ကိုဗစ်ကာကွယ်ဆေး လာထိုးသူကို ထိမှန်ပြီး သေဆုံးသွားတဲ့ဖြစ်စဉ်က လူသိများပါတယ်။

စစ်အုပ်စုဟာ ယခု ရက်ပိုင်း မန္တလေးမြို့အနှံ့ နေ့ခင်းဘက်သာမက ညအချိန်တွေမှာပါ ဖမ်းဆီးငွေညှစ် သောင်းကျန်းနေပြီး ယမန်နေ့ ညပိုင်းကလည်း မဟာအောင်မြေမြို့နယ်ထဲ ကားတစ်စီးကို ဖမ်းဆီးငွေညှစ်နေချိန် ငွေမပေးဘဲ မောင်းထွက်သွားတာကို မူးရူးနေတဲ့ စကစတစ်ယောက်က လိုက်လံပစ်ခတ်ခဲ့ပြီး ယာဉ်ပေါ်ပါသူတွေဟာ စစ်ကောင်စီ သစ္စာခံ လဝက ဝန်ထမ်းတွေဖြစ်နေလို့ တောင်းပန်ပြီး ဆေးရုံပို့ပေးလိုက်ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *