စစ္ကိုင္းတြင္ ႐ုရွားထုတ္ စြမ္းအားျမင့္ Kamov KA-29 Helix ဟု ယူဆရသည့္ ရဟတ္ယာဥ္ တစ္စင္း အသုံးျပဳမႈ စတင္ျမင္ေတြ႕ရ

ရန္ကုန္၊ ေအာက္တိုဘာ ၂၃

စစ္ကိုင္းတိုင္းတြင္ စစ္ေကာင္စီတပ္က သယ္ယူပို႔ေဆာင္ေရးႏွင့္တိုက္ခိုက္ေရး ႏွစ္မ်ိဳးသုံး ႐ုရွားထုတ္ စြမ္းအားျမင့္ Kamov KA-29 Helix ဟု ယူဆရသည့္ အမ်ိဳးအစား ရဟတ္ယာဥ္တစ္စင္း အသုံးျပဳမႈ စတင္ျမင္ေတြ႕ရေၾကာင္း စစ္ဘက္ေလ့လာသူတခ်ိဳ႕က‌ ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္

ေအာက္တိုဘာလ ၁၉ ရက္ေန႔ စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္၊ ရင္ေပါင္တိုင္ေက်း႐ြာအုပ္စုကို စစ္တပ္က ရဟတ္ ယာဥ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္း၊ စစ္အင္အား ၂၀၀ ခန႔္ကို သယ္ယူပို႔ေဆာင္ျခင္းမ်ား လုပ္ေဆာင္ခဲ့ရာ ေဒသခံမ်ားက ရဟတ္ယာဥ္မ်ား ပ်ံသန္းမႈကို ဓာတ္ပုံမွတ္တမ္းမ်ား ႐ိုက္ကူးၿပီး မီဒီယာမ်ားသို႔ ေပးပို႔ခဲ့ၾကည္

ယင္းမာပင္ေဒသခံမ်ားက ေပးပို႔လာသည့္ စစ္တပ္ရဟတ္ယာဥ္ပုံမ်ားကို မီဒီယာမ်ားက ေဖာ္ျပခဲ့ၾကရာတြင္ ဓာတ္ပုံမ်ားတြင္ သယ္ယူပို႔ေဆာင္ေရးႏွင့္တိုက္ခိုက္ေရး ႏွစ္မ်ိဳးသုံး ႐ုရွားထုတ္ Kamov KA-29 Helix ဟုယူဆရသည့္ အၿမီးတို အမ်ိဳးအစား ရ ဟတ္ယာဥ္တစ္စင္းပါဝင္လာသည္ကိုေတြ႕ရေၾကာင္း စစ္လက္နက္ကြၽမ္းက်င္သူ သတင္းရင္းျမစ္က ေျပာသည္

” ယင္းမာပင္မွာ တိုက္ခိုက္ေရးလုပ္တဲ့ အၿမီးတိုရဟတ္ယာဥ္တစ္စီးပုံ ေတြ႕ရတယ္။ အဲဒါက Kamov KA-29 Helix တိုက္ခိုက္ေရးရဟတ္ယာဥ္ျဖစ္ဖို႔မ်ားပါတယ္။ အဲဒီ ရဟတ္ယာဥ္က ပန္ကာ ၂ ထပ္ျဖစ္တယ္၊ ေနာက္အၿမီးမွာ ပန္ကာမပါလို႔ ထိန္း သိမ္း ရေကာင္းပါတယ္။ မီးခိုး၊ ဖုန္ဒဏ္ေတြကိုခံႏိုင္ရည္ျမင့္ပါတယ္။ ရဟတ္ယာဥ္ အတြင္းခန္းမွာ စစ္သည္ ၁၆ ဦး တင္ ေဆာင္ႏိုင္ၿပီး တစ္နာရီကို ၂၇၀ ကီလိုမီတာႏႈန္းနဲ႔ အကြာအေဝး ကီလိုမီတာ ၁၀၀၀ နီးပါးပ်ံႏိုင္လို႔ နယ္ေျမတစ္ခုအတြင္းမွာ တစ္႐ြာဝင္တစ္႐ြာထြက္အခ်ိန္ေပးပ်ံႏိုင္တယ္

အျမင့္ မီတာ၅၀၀၀ အထိ ပ်ံတက္ႏိုင္လို႔ လက္နက္ငယ္နဲ႔ လွမ္းပစ္လို႔မရဘူး။ တပ္ဆင္ထားတဲ့ လက္နက္က ေျပာင္း ၄ လုံးတြဲ ၇ ဒသမ ၆၂ မမ စက္ေသနတ္မွာ က်ည္ ၁၈၀၀ ေတာင့္ ပါ လို႔ ေျမျပင္ျပစ္မွတ္ေတြကိုေသေသခ်ာခ်ာခ်ိန္ပစ္လို႔ရသလို အၾကာႀကီးလည္းပစ္ႏိုင္တယ္။ စက္ေသနတ္ရဲ႕ထိေရာက္ တဲ့အကြာအေဝးက မီတာ ၁၀၀၀ ျဖစ္ပါတယ္

၃၀ မမ စက္အေျမာက္တလက္လည္း က်ည္ အေတာင့္ ၂၅၀ နဲ႔တပ္ထားၿပီး အကြာအေဝး မီတာ၂၀၀၀ ကိုတိက်စြာပစ္ခတ္ႏိုင္တယ္။ အဲဒီပစ္ခတ္မႈက အေဝးဆုံးမီတာ ၄၀၀၀ အထိ ေရာက္ ပါတယ္။ ရဟတ္ယာဥ္အျပင္မွာလက္နက္တပ္ဆင္တဲ့ Hard point ၄ ေနရာပါေသးလို႔ တင့္ဖ်က္ ဒုံးက်ည္၊ ေလာင္ခ်ာအစရွိတာေတြ တပ္ဆင္ပစ္လို႔ရပါေသးတယ္

ၿခဳံငုံေျပာရရင္ ေျမျပင္ျပစ္မွတ္ေတြကိုေလေၾကာင္းအသာစီးယူၿပီး အေသးစိတ္စိတ္တိုင္းက် ပစ္ခတ္ဖို႔အတြက္ Kamov KA-29 Helix ရဟတ္ ယာဥ္ေတြကို ႐ုရွားဆီက လွ်ိဳ႕ဝွက္ ဝယ္ သုံးတယ္လို႔ ယူဆရပါတယ္” ဟု စစ္ဘက္သတင္းရင္းျမစ္က ေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ႐ုရွားထံမွ ေရတပ္သုံး Ka 27 ရဟတ္ယာဥ္မ်ား ဝယ္ယူရန္ ေဆြးေႏြးမႈမ်ား ရွိခဲ့ေသာ္လည္း ဝယ္ ယူခဲ့သည္ဆိုေသာ သတင္းမ်ား မထြက္ရွိခဲ့ေၾကာင္း၊ လက္ရွိတြင္လည္း Kamov KA-29 Helix ဟု ယူဆရသည့္ ရဟတ္ ယာဥ္ကိုလည္း ဝယ္ယူသည္ဆိုေသာ သတင္းမ်ား ထြက္ေပၚျခင္းမရွိဘဲ စစ္ကိုင္းေဒသ စစ္ဆင္ေရးတြင္ ႐ုတ္တရက္ ေတြ႕ျမင္ရျခင္း ျဖစ္သည္ဟု ၎က ဆိုသည္

“ဖရီးဂိတ္ ေရငုပ္သေဘၤာဖ်က္ ေရတပ္သုံး Ka27 ရဟတ္ယာဥ္ေတြ ဝယ္ဖို႔ေဆြးေႏြးခဲ့ဖူးေပမယ့္ ႏိုင္ငံတကာသတင္းေတြအပါ အဝင္ စစ္ဖက္သတင္းေတြမွာလည္း ျမန္မာျပည္မွာေရာက္ေနေၾကာင္းမသိရဘူး။ တပ္ေတာ္ဝင္တာလည္းမရွိလို႔ ယင္းမာပင္မွာ ေတြ႕ရတဲ့ ရဟတ္ယာဥ္က အခုရက္ပိုင္းမွ ေရာက္လာတာေတြ ျဖစ္ႏိုင္ပါတယ္

အခုေတြ႕ရတာက ေရျပင္မဟုတ္ဘဲ ဖုန္ထူတဲ့အညာေျမေဝဟင္မွာျဖစ္လို႔ Ka27 မဟုတ္ဘဲ မ်ိဳးကြဲ Ka 29 Helix ျဖစ္ႏိုင္တယ္လို႔ေျပာတာပါ။ စစ္ကိုင္းနဲ႔ ေျမျပန႔္ေဒသကို အားထည့္ ေခ်မႈန္းဖို႔ လက္နက္ စနစ္အသစ္ ေတြပိုသုံးမယ့္သေဘာလို႔ ယူဆရပါတယ္။ ေနာက္တစ္ခါ တ႐ုတ္ဆီကေနလည္း တိုက္ေလ ယာဥ္ အသစ္ေတြထပ္ဝယ္ေနတာေတြ႕တယ္” ဟု စစ္ဘက္သတင္းရင္းျမစ္က ဆက္လက္ေျပာသည္

========

စစ်ကိုင်းတွင် ရုရှားထုတ် စွမ်းအားမြင့် Kamov KA-29 Helix ဟု ယူဆရသည့် ရဟတ်ယာဉ် တစ်စင်း အသုံးပြုမှု စတင်မြင်တွေ့ရ

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က သယ်ယူပို့ဆောင်ရေးနှင့်တိုက်ခိုက်ရေး နှစ်မျိုးသုံး ရုရှားထုတ် စွမ်းအားမြင့် Kamov KA-29 Helix ဟု ယူဆရသည့် အမျိုးအစား ရဟတ်ယာဉ်တစ်စင်း အသုံးပြုမှု စတင်မြင်တွေ့ရကြောင်း စစ်ဘက်လေ့လာသူတချို့က‌ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

အောက်တိုဘာလ ၁၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအုပ်စုကို စစ်တပ်က ရဟတ် ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်အင်အား ၂၀၀ ခန့်ကို သယ်ယူပို့ဆောင်ခြင်းများ လုပ်ဆောင်ခဲ့ရာ ဒေသခံများက ရဟတ်ယာဉ်များ ပျံသန်းမှုကို ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးပြီး မီဒီယာများသို့ ပေးပို့ခဲ့ကြည်

ယင်းမာပင်ဒေသခံများက ပေးပို့လာသည့် စစ်တပ်ရဟတ်ယာဉ်ပုံများကို မီဒီယာများက ဖော်ပြခဲ့ကြရာတွင် ဓာတ်ပုံများတွင် သယ်ယူပို့ဆောင်ရေးနှင့်တိုက်ခိုက်ရေး နှစ်မျိုးသုံး ရုရှားထုတ် Kamov KA-29 Helix ဟုယူဆရသည့် အမြီးတို အမျိုးအစား ရ ဟတ်ယာဉ်တစ်စင်းပါဝင်လာသည်ကိုတွေ့ရကြောင်း စစ်လက်နက်ကျွမ်းကျင်သူ သတင်းရင်းမြစ်က ပြောသည်

” ယင်းမာပင်မှာ တိုက်ခိုက်ရေးလုပ်တဲ့ အမြီးတိုရဟတ်ယာဉ်တစ်စီးပုံ တွေ့ရတယ်။ အဲဒါက Kamov KA-29 Helix တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ဖို့များပါတယ်။ အဲဒီ ရဟတ်ယာဉ်က ပန်ကာ ၂ ထပ်ဖြစ်တယ်၊ နောက်အမြီးမှာ ပန်ကာမပါလို့ ထိန်း သိမ်း ရကောင်းပါတယ်။ မီးခိုး၊ ဖုန်ဒဏ်တွေကိုခံနိုင်ရည်မြင့်ပါတယ်။ ရဟတ်ယာဉ် အတွင်းခန်းမှာ စစ်သည် ၁၆ ဦး တင် ဆောင်နိုင်ပြီး တစ်နာရီကို ၂၇၀ ကီလိုမီတာနှုန်းနဲ့ အကွာအဝေး ကီလိုမီတာ ၁၀၀၀ နီးပါးပျံနိုင်လို့ နယ်မြေတစ်ခုအတွင်းမှာ တစ်ရွာဝင်တစ်ရွာထွက်အချိန်ပေးပျံနိုင်တယ်

အမြင့် မီတာ၅၀၀၀ အထိ ပျံတက်နိုင်လို့ လက်နက်ငယ်နဲ့ လှမ်းပစ်လို့မရဘူး။ တပ်ဆင်ထားတဲ့ လက်နက်က ပြောင်း ၄ လုံးတွဲ ၇ ဒသမ ၆၂ မမ စက်သေနတ်မှာ ကျည် ၁၈၀၀ တောင့် ပါ လို့ မြေပြင်ပြစ်မှတ်တွေကိုသေသေချာချာချိန်ပစ်လို့ရသလို အကြာကြီးလည်းပစ်နိုင်တယ်။ စက်သေနတ်ရဲ့ထိရောက် တဲ့အကွာအဝေးက မီတာ ၁၀၀၀ ဖြစ်ပါတယ်

၃၀ မမ စက်အမြောက်တလက်လည်း ကျည် အတောင့် ၂၅၀ နဲ့တပ်ထားပြီး အကွာအဝေး မီတာ၂၀၀၀ ကိုတိကျစွာပစ်ခတ်နိုင်တယ်။ အဲဒီပစ်ခတ်မှုက အဝေးဆုံးမီတာ ၄၀၀၀ အထိ ရောက် ပါတယ်။ ရဟတ်ယာဉ်အပြင်မှာလက်နက်တပ်ဆင်တဲ့ Hard point ၄ နေရာပါသေးလို့ တင့်ဖျက် ဒုံးကျည်၊ လောင်ချာအစရှိတာတွေ တပ်ဆင်ပစ်လို့ရပါသေးတယ်

ခြုံငုံပြောရရင် မြေပြင်ပြစ်မှတ်တွေကိုလေကြောင်းအသာစီးယူပြီး အသေးစိတ်စိတ်တိုင်းကျ ပစ်ခတ်ဖို့အတွက် Kamov KA-29 Helix ရဟတ် ယာဉ်တွေကို ရုရှားဆီက လျှို့ဝှက် ဝယ် သုံးတယ်လို့ ယူဆရပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ရုရှားထံမှ ရေတပ်သုံး Ka 27 ရဟတ်ယာဉ်များ ဝယ်ယူရန် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ဝယ် ယူခဲ့သည်ဆိုသော သတင်းများ မထွက်ရှိခဲ့ကြောင်း၊ လက်ရှိတွင်လည်း Kamov KA-29 Helix ဟု ယူဆရသည့် ရဟတ် ယာဉ်ကိုလည်း ဝယ်ယူသည်ဆိုသော သတင်းများ ထွက်ပေါ်ခြင်းမရှိဘဲ စစ်ကိုင်းဒေသ စစ်ဆင်ရေးတွင် ရုတ်တရက် တွေ့မြင်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်

“ဖရီးဂိတ် ရေငုပ်သင်္ဘောဖျက် ရေတပ်သုံး Ka27 ရဟတ်ယာဉ်တွေ ဝယ်ဖို့ဆွေးနွေးခဲ့ဖူးပေမယ့် နိုင်ငံတကာသတင်းတွေအပါ အဝင် စစ်ဖက်သတင်းတွေမှာလည်း မြန်မာပြည်မှာရောက်နေကြောင်းမသိရဘူး။ တပ်တော်ဝင်တာလည်းမရှိလို့ ယင်းမာပင်မှာ တွေ့ရတဲ့ ရဟတ်ယာဉ်က အခုရက်ပိုင်းမှ ရောက်လာတာတွေ ဖြစ်နိုင်ပါတယ်

အခုတွေ့ရတာက ရေပြင်မဟုတ်ဘဲ ဖုန်ထူတဲ့အညာမြေဝေဟင်မှာဖြစ်လို့ Ka27 မဟုတ်ဘဲ မျိုးကွဲ Ka 29 Helix ဖြစ်နိုင်တယ်လို့ပြောတာပါ။ စစ်ကိုင်းနဲ့ မြေပြန့်ဒေသကို အားထည့် ချေမှုန်းဖို့ လက်နက် စနစ်အသစ် တွေပိုသုံးမယ့်သဘောလို့ ယူဆရပါတယ်။ နောက်တစ်ခါ တရုတ်ဆီကနေလည်း တိုက်လေ ယာဉ် အသစ်တွေထပ်ဝယ်နေတာတွေ့တယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ပြောသည်

 

Leave a Reply

Your email address will not be published. Required fields are marked *