ဘဝမွာ အေႂကြး ၃ မ်ိဳး မတင္ပါေစနဲ႔…

အေႂကြး ၃ မ်ိဳးလုံး မတင္ေစနဲ႔

ဘာေႂကြးမွ မတင္မိေစနဲ႔

ေလာကႀကီးမွာ ဘာေႂကြးပဲ ျဖစ္ျဖစ္ အေႂကြးတင္ရင္ ျပန္ဆပ္ရတယ္။ ဒီဘဝဆပ္ခ်င္ဆပ္၊ ဒီဘဝ မဆပ္ရင္ ေနာက္ဘဝ ျပန္ဆပ္ရမွာပဲ။ ဒါေၾကာင့္ ဘာေႂကြးမွ မတင္တာ အေကာင္းဆုံးပါ။

အေႂကြး ၃- မ်ိဳး ရွိတယ္လို႔ မွတ္ပါ

ဥစၥာေႂကြး, ႏႈတ္ေႂကြး, ဝဋ္ေႂကြး တို႔ပဲ ျဖစ္ပါတယ္။ အဲဒီ ၃- မ်ိဳးထဲမွာ ဝဋ္ေႂကြးက ေၾကာက္စရာ အေကာင္းဆုံးပဲ။ ဘာေၾကာင့္လဲ၊ ဝဋ္ေႂကြးက ဘဝေပါင္း ေျမာက္မ်ားစြာ ျပန္ဆပ္ရတယ္ေလ

ျမတ္စြာဘုရားသည္ပင္ အတိတ္က လုပ္ခဲ့တဲ့ အကုသိုလ္ေတြကို ျပန္ဆပ္ခဲ့ရတယ္။ အဲဒါကိုပဲ ” ဝိပါက္ေတာ္” လို႔ ေခၚပါတယ္

“ဝိပါက္ေတာ္ ဆယ့္ႏွစ္ပါး” ဆိုတာ ျမတ္စြာဘုရား ျပန္ဆပ္ရတဲ့ ဝဋ္ေႂကြးေတြပဲ ျဖစ္ပါတယ္

ဥစၥာေႂကြး

ပစၥည္းဥစၥာ ေခ်းငွါးၿပီး ျပန္မေပးရင္ “ေႂကြး” တင္သြားတယ္။ အဲဒါကို “ဥစၥာေႂကြး” လို႔ ေခၚတယ္။

ဥစၥာေႂကြးတင္ရင္ ပိုင္ရွင္ကို ျပန္ၿပီးေတာ့ ဆပ္ရတယ္။အကယ္၍ ဒီဘဝမွာ မဆပ္ပါက ေနာက္ေနာင္ဘဝေတြမွာ ျပန္ဆပ္ရတယ္

တခ်ိဳ႕ဆိုရင္ ေႂကြးရွင္ထံမွာ ကြၽဲတို႔ ႏြားတို႔ အေစခံတို႔ ျဖစ္ၿပီး ျပန္ဆပ္ရတယ္တဲ့။ဒါေၾကာင့္ ” ဥစၥာေႂကြးတင္ရင္ သူ႔ကြၽန္ ျဖစ္တတ္တယ္” လို႔ မွတ္ပါ

ေတာင္တြင္းႀကီးဘက္မွ လူဝင္စားတစ္ေယာက္ ရွိခဲ့ဖူးတယ္။ သူဟာ အတိတ္က သူ႔မိတ္ေဆြဆီကေနဆန္ကို အေႂကြးယူတယ္

အေႂကြးယူထားတဲ့ ဆန္ျပန္မဆပ္ရေသးခင္မွာ ေႁမြကိုက္လို႔ ေသသြားတယ္။ ေသတဲ့အခါ ေႂကြးရွင္ထံမွာ ႏြားျဖစ္ရတယ္

ႏြားဘဝကေန ေသေတာ့မွ လူျပန္ျဖစ္တယ္။လူျပန္ျဖစ္တဲ့အခါ အဲဒီအေၾကာင္းေတြအကုန္မွတ္မိေနေတာ့ လူဝင္စားကေလးက မိဘေတြကို ေျပာျပလိုက္တယ္

မိဘေတြကို ေျပာျပေတာ့ စုံစမ္းတဲ့အခါ ကေလးေျပာတဲ့အတိုင္း မွန္ေနတယ္။ ဒါနဲ႔ သူယူခဲ့တဲ့ ေႂကြးကို ျပန္ဆပ္လိုက္တယ္တဲ့။ ဒါေၾကာင့္ တစ္ေယာက္ေယာက္ကို ေပးစရာ ရွိရင္ ဒီဘဝမွာတင္ ေပးႏိုင္ေအာင္ ႀကိဳးစားပါ

ဘယ္လိုမွ မေပးႏိုင္ပါက ျပန္ ေတာင္းပန္ပါ။ ေတာင္းပန္လိုက္ေတာ့ အေႂကြး မတင္ေတာ့ဘူး။ ေတာင္းပန္ျခင္းဟာ ပညာရွိသူေတာ္ေကာင္းတို႔ရဲ႕ က်င့္စဥ္တစ္ခုပါပဲ

ႏႈတ္ေႂကြး

“ကတိ” ဆိုတာ အင္မတန္ အေရးႀကီးတယ္။ ဒါေၾကာင့္ ကတိကို အလြယ္တကူ မေပးရဘူး။တစ္ေယာက္ေယာက္ကို ကတိေပးၿပီး ဘာမွ လုပ္မေပးရင္ “ႏႈတ္ေႂကြး” တင္သြားတယ္

ဒါေၾကာင့္ မန္လည္ဆရာေတာ္ႀကီးက “မင္းမွာသစၥာ၊ လူမွာကတိ၊ ဆို႐ိုးရွိတိုင္း၊ ၿမဲဘိဘယ္ခါ၊ မခြၽတ္ရာဘူး။ အကုသိုလ္မွာ၊ မုသာဝါဒ၊ ကုသိုလ္မွကား၊ သစၥဝါစာ၊ ေလးဆုံးသာတည္း” လို႔ မိန႔္ေတာ္မူခဲ့တယ္

ႏႈတ္ေႂကြးတင္ရင္ စီးပြားလုပ္တဲ့အခါ အဆင္မေျပေတာ့ဘူး။ တခ်ိဳ႕ဆိုရင္ ဘာလုပ္လုပ္ အဆင္မေျပေတာ့ဘူးဒါေၾကာင့္ ႏႈတ္ေႂကြး မတင္မိေစနဲ႔

ဒီေနရာမွာ ကတိတည္ မတည္ႏွင့္ ပါတ္သက္ၿပီး အက်ိဳး ၄- မ်ိဳး မွတ္ထားရမယ္

(၁) တခ်ိဳ႕လူေတြ စီးပြားေရး လုပ္တယ္။ အဆင္မေျပဘူးတဲ့။ အတိတ္က ကတိေပးၿပီး အကူအညီ မေပးခဲ့လို႔ပါ
ကတိပ်က္ခဲ့တယ္ေပါ့။ ကတိဖ်က္တဲ့ အကုသိုလ္ေၾကာင့္ အဆင္မေျပတာတဲ့

(၂) တခ်ိဳ႕ လူေတြ စီးပြားေရး လုပ္တယ္။ မွန္းသေလာက္ အဆင္မေျပဘူးတဲ့။ နည္းနည္းပဲ အဆင္ေျပတယ္။ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ဘူးတဲ့

အတိတ္က ကတိေပးၿပီး အကူအညီ နည္းနည္းပဲေပးခဲ့လို႔ပါ။ ကတိတစ္ဝက္ပဲ တည္တယ္ေပါ့

(၃) တခ်ိဳ႕ လူေတြ စီးပြားေရး လုပ္တယ္။ မွန္းသေလာက္အဆင္ေျပတယ္

အတိတ္က ကတိေပးတဲ့အတိုင္း အကူအညီ ေပးခဲ့လို႔ပါ။ကတိ တည္တယ္ေပါ့။ဒါေၾကာင့္ မွန္းသေလာက္ အဆင္ေျပတာ

(၄) တခ်ိဳ႕လူေတြ စီးပြားေရး လုပ္တယ္။ မွန္းတာထက္ ပိုအဆင္ေျပတယ္တဲ့

အတိတ္က ကတိေပးတာထက္ ပိုၿပီး အကူအညီ ေပးခဲ့လို႔ပါ။ ဒါေၾကာင့္ မွန္းတာထက္ ပိုၿပီးေတာ့အဆင္ေျပသြားတယ္

တစ္ရာ မွန္းထားေပမဲ့ တစ္ေထာင္ ရသြားတယ္ေပါ့။ဒါေၾကာင့္ ကတိေပးၿပီးရင္ ဘယ္ေတာ့မွ မပ်က္ေစနဲ႔။ အကယ္၍ ကတိပ်က္သြားရင္လည္း ျပန္ ေတာင္းပန္ရမယ္။ ဒါဆိုရင္ အေႂကြးမတင္ေတာ့ဘူး

ဝဋ္ေႂကြး

ကိုယ္ခ်င္းစာ တရား ကင္းမဲ့ၿပီး ဒုစ႐ိုက္လုပ္မိရင္ ” ဝဋ္ေႂကြး” တင္သြားတယ္။ ဝဋ္ေႂကြးတင္ရင္ေတာ့ ဘဝေပါင္းမ်ားစြာ ျပန္ဆပ္ရတယ္

ဒါေၾကာင့္ အေႂကြးသုံးမ်ိဳးထဲမွာ ဝဋ္ေႂကြးက အဆိုးဆုံးပဲ။ဘုရားလက္ထက္ေတာ္က သာမာဝတီ မိဖုရားႀကီးဆိုရင္ ဝဋ္ေႂကြးေၾကာင့္ အသတ္ခံခဲ့ရတယ္။

မိဖုရားႀကီးဟာ ဘုရားျမတ္စြာကို အလြန္ၾကည္ညိဳတယ္။ ေမတၱာတရား ႀကီးမားတဲ့ေနရာမွာေတာ့ တကယ့္ စံျပပဲ။ ဒါေပမဲ့ ကံမေကာင္းရွာဘူး။

သူ႔ကို မာဂ႑ီမိဖုရားက မ်က္မုန္းက်ိဳး ေနတယ္။ ဒီေတာ့ အမ်ိဳးမ်ိဳး ေသေၾကာင္း ႀကံတယ္။ ေနာက္ဆုံး သာမာဝတီကို မီးရႈိ႕ၿပီး အသတ္ခိုင္းလိုက္တယ္။ ဒါေၾကာင့္ သာမာဝတီမိဖုရားႀကီးဟာ မရႈမလွ ဘဝနိဂုံးခ်ဳပ္ရတယ္

လြန္ခဲ့တဲ့ ဘဝတစ္ခုက သာမာဝတီေလာင္းလ်ာ အမ်ိဳးသမီးဟာ တျခားအမ်ိဳးသမီးေတြႏွင့္အတူ မီးလႈံခ်င္လို႔ ဆိုၿပီး ၿခဳံေတြကို မီးရႈိ႕တယ္

ၿခဳံတစ္ခုရဲ႕ေအာက္မွာ ပေစၥကဗုဒၶတစ္ပါး ဈာန္သမာပတ္ ဝင္စားေနတယ္။ အဲဒါကို သူတို႔ မသိရွာဘူး။ ၿခဳံေတြ မီးေလာင္ေတာ့မွ ၿခဳံေအာက္မွာ ပေစၥကဗုဒၶ ရွိမွန္း သိသြားၾကတယ္

အဲဒီေနာက္ ” ဒီပေစၥကဗုဒၶ အရွင္ျမတ္ကို ဘုရင္က ကိုးကြယ္ေနတာ၊ ဘုရင္သိရင္ေတာ့ မလြယ္ဘူး၊ ကဲ အခုမွေတာ့ မထူးေတာ့ဘူး” ဆိုၿပီး ပေစၥကဗုဒၶကိုပါ မီးရႈိ႕လိုက္ၾကတယ္

ပေစၥကဗုဒၶကေတာ့ ဘာအႏၲရာယ္မွ မရွိဘူး၊ ဘာေၾကာင့္လဲ၊ တန္ခိုးျဖင့္ တျခားေနရာ ႂကြသြားလို႔ပါ။ အဲဒီဝဋ္ေကြၽးေၾကာင့္ သာမာဝတီေလာင္းလ်ာ အမ်ိဳးသမီးဟာ ငရဲက်သြားတယ္။ ငရဲက လြတ္ေျမာက္တဲ့အခါ မီးရႈိ႕ၿပီး အသတ္ခံရတာပဲ

ဒါေၾကာင့္ “သူမ်ားကို အႏိုင္ယူဖို႔ ဘယ္ေတာ့မွ မႀကိဳးစားနဲ႔၊ ဝဋ္ေႂကြးဆိုတာ က်ိန္စာထက္ ပို ေၾကာက္စရာ ေကာင္းတယ္”တဲ့။ မိမိတို႔ သတိထားရမည့္ အခ်က္ပါပဲ

ဒါေၾကာင့္ ဘာေႂကြးမွ မတင္ေအာင္ ႀကိဳးစားရမယ္။ ဘာေႂကြးမွ မတင္မွ စိတ္ထဲ ရွင္းသြားတယ္။ စိတ္ထဲရွင္းသြားရင္ ပီတိပဲ။ ပီတိျဖစ္ေလ ဘဝက ၿငိမ္း ခ်မ္းေလပဲ ျဖစ္ပါတယ္

“သတၱဝါခပ္သိမ္း၊ တရားကိန္း၊ ေအးၿငိမ္းခ်မ္းသာ ရွိပါေစ”

သီတဂူ အရွင္ေဒဝိႏၵာဘိဝံသ

=================

ဘဝမှာ အကြွေး ၃ မျိုး မတင်ပါစေနဲ့…

အကြွေး ၃ မျိုးလုံး မတင်စေနဲ့

ဘာကြွေးမှ မတင်မိစေနဲ့

လောကကြီးမှာ ဘာကြွေးပဲ ဖြစ်ဖြစ် အကြွေးတင်ရင် ပြန်ဆပ်ရတယ်။ ဒီဘဝဆပ်ချင်ဆပ်၊ ဒီဘဝ မဆပ်ရင် နောက်ဘဝ ပြန်ဆပ်ရမှာပဲ။ ဒါကြောင့် ဘာကြွေးမှ မတင်တာ အကောင်းဆုံးပါ။

အကြွေး ၃- မျိုး ရှိတယ်လို့ မှတ်ပါ

ဥစ္စာကြွေး, နှုတ်ကြွေး, ဝဋ်ကြွေး တို့ပဲ ဖြစ်ပါတယ်။ အဲဒီ ၃- မျိုးထဲမှာ ဝဋ်ကြွေးက ကြောက်စရာ အကောင်းဆုံးပဲ။ ဘာကြောင့်လဲ၊ ဝဋ်ကြွေးက ဘဝပေါင်း မြောက်များစွာ ပြန်ဆပ်ရတယ်လေ

မြတ်စွာဘုရားသည်ပင် အတိတ်က လုပ်ခဲ့တဲ့ အကုသိုလ်တွေကို ပြန်ဆပ်ခဲ့ရတယ်။ အဲဒါကိုပဲ ” ဝိပါက်တော်” လို့ ခေါ်ပါတယ်

“ဝိပါက်တော် ဆယ့်နှစ်ပါး” ဆိုတာ မြတ်စွာဘုရား ပြန်ဆပ်ရတဲ့ ဝဋ်ကြွေးတွေပဲ ဖြစ်ပါတယ်

ဥစ္စာကြွေး

ပစ္စည်းဥစ္စာ ချေးငှါးပြီး ပြန်မပေးရင် “ကြွေး” တင်သွားတယ်။ အဲဒါကို “ဥစ္စာကြွေး” လို့ ခေါ်တယ်။

ဥစ္စာကြွေးတင်ရင် ပိုင်ရှင်ကို ပြန်ပြီးတော့ ဆပ်ရတယ်။အကယ်၍ ဒီဘဝမှာ မဆပ်ပါက နောက်နောင်ဘဝတွေမှာ ပြန်ဆပ်ရတယ်

တချို့ဆိုရင် ကြွေးရှင်ထံမှာ ကျွဲတို့ နွားတို့ အစေခံတို့ ဖြစ်ပြီး ပြန်ဆပ်ရတယ်တဲ့။ဒါကြောင့် ” ဥစ္စာကြွေးတင်ရင် သူ့ကျွန် ဖြစ်တတ်တယ်” လို့ မှတ်ပါ

တောင်တွင်းကြီးဘက်မှ လူဝင်စားတစ်ယောက် ရှိခဲ့ဖူးတယ်။ သူဟာ အတိတ်က သူ့မိတ်ဆွေဆီကနေဆန်ကို အကြွေးယူတယ်

အကြွေးယူထားတဲ့ ဆန်ပြန်မဆပ်ရသေးခင်မှာ မြွေကိုက်လို့ သေသွားတယ်။ သေတဲ့အခါ ကြွေးရှင်ထံမှာ နွားဖြစ်ရတယ်

နွားဘဝကနေ သေတော့မှ လူပြန်ဖြစ်တယ်။လူပြန်ဖြစ်တဲ့အခါ အဲဒီအကြောင်းတွေအကုန်မှတ်မိနေတော့ လူဝင်စားကလေးက မိဘတွေကို ပြောပြလိုက်တယ်

မိဘတွေကို ပြောပြတော့ စုံစမ်းတဲ့အခါ ကလေးပြောတဲ့အတိုင်း မှန်နေတယ်။ ဒါနဲ့ သူယူခဲ့တဲ့ ကြွေးကို ပြန်ဆပ်လိုက်တယ်တဲ့။ ဒါကြောင့် တစ်ယောက်ယောက်ကို ပေးစရာ ရှိရင် ဒီဘဝမှာတင် ပေးနိုင်အောင် ကြိုးစားပါ

ဘယ်လိုမှ မပေးနိုင်ပါက ပြန် တောင်းပန်ပါ။ တောင်းပန်လိုက်တော့ အကြွေး မတင်တော့ဘူး။ တောင်းပန်ခြင်းဟာ ပညာရှိသူတော်ကောင်းတို့ရဲ့ ကျင့်စဉ်တစ်ခုပါပဲ

နှုတ်ကြွေး

“ကတိ” ဆိုတာ အင်မတန် အရေးကြီးတယ်။ ဒါကြောင့် ကတိကို အလွယ်တကူ မပေးရဘူး။တစ်ယောက်ယောက်ကို ကတိပေးပြီး ဘာမှ လုပ်မပေးရင် “နှုတ်ကြွေး” တင်သွားတယ်

ဒါကြောင့် မန်လည်ဆရာတော်ကြီးက “မင်းမှာသစ္စာ၊ လူမှာကတိ၊ ဆိုရိုးရှိတိုင်း၊ မြဲဘိဘယ်ခါ၊ မချွတ်ရာဘူး။ အကုသိုလ်မှာ၊ မုသာဝါဒ၊ ကုသိုလ်မှကား၊ သစ္စဝါစာ၊ လေးဆုံးသာတည်း” လို့ မိန့်တော်မူခဲ့တယ်

နှုတ်ကြွေးတင်ရင် စီးပွားလုပ်တဲ့အခါ အဆင်မပြေတော့ဘူး။ တချို့ဆိုရင် ဘာလုပ်လုပ် အဆင်မပြေတော့ဘူးဒါကြောင့် နှုတ်ကြွေး မတင်မိစေနဲ့

ဒီနေရာမှာ ကတိတည် မတည်နှင့် ပါတ်သက်ပြီး အကျိုး ၄- မျိုး မှတ်ထားရမယ်

(၁) တချို့လူတွေ စီးပွားရေး လုပ်တယ်။ အဆင်မပြေဘူးတဲ့။ အတိတ်က ကတိပေးပြီး အကူအညီ မပေးခဲ့လို့ပါ
ကတိပျက်ခဲ့တယ်ပေါ့။ ကတိဖျက်တဲ့ အကုသိုလ်ကြောင့် အဆင်မပြေတာတဲ့

(၂) တချို့ လူတွေ စီးပွားရေး လုပ်တယ်။ မှန်းသလောက် အဆင်မပြေဘူးတဲ့။ နည်းနည်းပဲ အဆင်ပြေတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးတဲ့

အတိတ်က ကတိပေးပြီး အကူအညီ နည်းနည်းပဲပေးခဲ့လို့ပါ။ ကတိတစ်ဝက်ပဲ တည်တယ်ပေါ့

(၃) တချို့ လူတွေ စီးပွားရေး လုပ်တယ်။ မှန်းသလောက်အဆင်ပြေတယ်

အတိတ်က ကတိပေးတဲ့အတိုင်း အကူအညီ ပေးခဲ့လို့ပါ။ကတိ တည်တယ်ပေါ့။ဒါကြောင့် မှန်းသလောက် အဆင်ပြေတာ

(၄) တချို့လူတွေ စီးပွားရေး လုပ်တယ်။ မှန်းတာထက် ပိုအဆင်ပြေတယ်တဲ့

အတိတ်က ကတိပေးတာထက် ပိုပြီး အကူအညီ ပေးခဲ့လို့ပါ။ ဒါကြောင့် မှန်းတာထက် ပိုပြီးတော့အဆင်ပြေသွားတယ်

တစ်ရာ မှန်းထားပေမဲ့ တစ်ထောင် ရသွားတယ်ပေါ့။ဒါကြောင့် ကတိပေးပြီးရင် ဘယ်တော့မှ မပျက်စေနဲ့။ အကယ်၍ ကတိပျက်သွားရင်လည်း ပြန် တောင်းပန်ရမယ်။ ဒါဆိုရင် အကြွေးမတင်တော့ဘူး

ဝဋ်ကြွေး

ကိုယ်ချင်းစာ တရား ကင်းမဲ့ပြီး ဒုစရိုက်လုပ်မိရင် ” ဝဋ်ကြွေး” တင်သွားတယ်။ ဝဋ်ကြွေးတင်ရင်တော့ ဘဝပေါင်းများစွာ ပြန်ဆပ်ရတယ်

ဒါကြောင့် အကြွေးသုံးမျိုးထဲမှာ ဝဋ်ကြွေးက အဆိုးဆုံးပဲ။ဘုရားလက်ထက်တော်က သာမာဝတီ မိဖုရားကြီးဆိုရင် ဝဋ်ကြွေးကြောင့် အသတ်ခံခဲ့ရတယ်။

မိဖုရားကြီးဟာ ဘုရားမြတ်စွာကို အလွန်ကြည်ညိုတယ်။ မေတ္တာတရား ကြီးမားတဲ့နေရာမှာတော့ တကယ့် စံပြပဲ။ ဒါပေမဲ့ ကံမကောင်းရှာဘူး။

သူ့ကို မာဂဏ္ဍီမိဖုရားက မျက်မုန်းကျိုး နေတယ်။ ဒီတော့ အမျိုးမျိုး သေကြောင်း ကြံတယ်။ နောက်ဆုံး သာမာဝတီကို မီးရှို့ပြီး အသတ်ခိုင်းလိုက်တယ်။ ဒါကြောင့် သာမာဝတီမိဖုရားကြီးဟာ မရှုမလှ ဘဝနိဂုံးချုပ်ရတယ်

လွန်ခဲ့တဲ့ ဘဝတစ်ခုက သာမာဝတီလောင်းလျာ အမျိုးသမီးဟာ တခြားအမျိုးသမီးတွေနှင့်အတူ မီးလှုံချင်လို့ ဆိုပြီး ခြုံတွေကို မီးရှို့တယ်

ခြုံတစ်ခုရဲ့အောက်မှာ ပစ္စေကဗုဒ္ဓတစ်ပါး ဈာန်သမာပတ် ဝင်စားနေတယ်။ အဲဒါကို သူတို့ မသိရှာဘူး။ ခြုံတွေ မီးလောင်တော့မှ ခြုံအောက်မှာ ပစ္စေကဗုဒ္ဓ ရှိမှန်း သိသွားကြတယ်

အဲဒီနောက် ” ဒီပစ္စေကဗုဒ္ဓ အရှင်မြတ်ကို ဘုရင်က ကိုးကွယ်နေတာ၊ ဘုရင်သိရင်တော့ မလွယ်ဘူး၊ ကဲ အခုမှတော့ မထူးတော့ဘူး” ဆိုပြီး ပစ္စေကဗုဒ္ဓကိုပါ မီးရှို့လိုက်ကြတယ်

ပစ္စေကဗုဒ္ဓကတော့ ဘာအန္တရာယ်မှ မရှိဘူး၊ ဘာကြောင့်လဲ၊ တန်ခိုးဖြင့် တခြားနေရာ ကြွသွားလို့ပါ။ အဲဒီဝဋ်ကျွေးကြောင့် သာမာဝတီလောင်းလျာ အမျိုးသမီးဟာ ငရဲကျသွားတယ်။ ငရဲက လွတ်မြောက်တဲ့အခါ မီးရှို့ပြီး အသတ်ခံရတာပဲ

ဒါကြောင့် “သူများကို အနိုင်ယူဖို့ ဘယ်တော့မှ မကြိုးစားနဲ့၊ ဝဋ်ကြွေးဆိုတာ ကျိန်စာထက် ပို ကြောက်စရာ ကောင်းတယ်”တဲ့။ မိမိတို့ သတိထားရမည့် အချက်ပါပဲ

ဒါကြောင့် ဘာကြွေးမှ မတင်အောင် ကြိုးစားရမယ်။ ဘာကြွေးမှ မတင်မှ စိတ်ထဲ ရှင်းသွားတယ်။ စိတ်ထဲရှင်းသွားရင် ပီတိပဲ။ ပီတိဖြစ်လေ ဘဝက ငြိမ်း ချမ်းလေပဲ ဖြစ်ပါတယ်

“သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ”

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

Leave a Reply

Your email address will not be published. Required fields are marked *