ၿမိဳင္ၿမိဳ႕နယ္ လင္းကေတာစခန္း သိမ္းပိုက္တိုက္ခိုက္မႈ စစ္ေကာင္စီတပ္သား ခုနစ္ဦးေသဟုဆို

ရဲေခါင္/People’s Spring

အၾကမ္းဖက္စစ္ကာင္စီတပ္စြဲထားေသာ ၿမိဳင္ၿမိဳ႕နယ္ လင္းကေတာစခန္း သိမ္းပိုက္စဥ္ စစ္ေကာင္စီတပ္သား ခုနစ္ဦးေသဆုံးေၾကာင္း Earthquake People’s Defence Forceက ယေန႔(ေအာက္တိုဘာ ၂၂ ရက္) ထုတ္ျပန္သည္။

ယမန္ေန႔ (ေအာက္တိုဘာ ၂၁ ရက္)ေန႔လယ္ ၁၂ နာရီခန႔္တြင္ ၿမိဳင္ၿမိဳ႕နယ္( လင္းကေတာစခန္း) ကိုEarthquake People’s Defence Force၊ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ -ေရစႀကိဳၿမိဳ႕နယ္ (ပ.က.ဖ)၊ ၿမိဳင္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (ပ.က.ဖ)တပ္ရင္း – ၂၊ Salingyi Special Task Force (SSTF)အဖြဲ႕တို႔ပူးေပါင္းၿပီး ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့သည္ဟု ဆိုသည္။

တိုက္ခိုက္ေနစဥ္ ေန႔လယ္ ၂နာရီခန႔္အၾကာတြင္ မုံ႐ြာအေျခစိုက္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ မွ Mi35 ရဟတ္ယာဥ္တစ္စီးျဖင့္ အခ်က္ေပါင္းမ်ားစြာ လာေရာက္ပစ္ခတ္ခဲ့ေၾကာင္း ေဖာ္ျပ သည္။

သို႔ေသာ္ ညေန ၄နာရီခန႔္တြင္ ဒုတိယအႀကိမ္ထပ္မံသိမ္းပိုက္မႈစတင္ခဲ့ၿပီး တိုက္ခိုက္သိမ္းပိုက္ ေနစဥ္မဟာမိတ္အဖြဲ႕မ်ားဘက္မွ စခန္းရွိ ဘန္ကာ ၄ခု အနက္ ၂ခုကို သိမ္းပိုက္ႏိုင္ခဲ့ကာ စခန္းၿခံစည္း႐ိုးကို မီးရႈိ႕ဖ်က္ဆီးေနစဥ္ Mi35 ရဟတ္ ယာဥ္ျဖင့္ နာရီဝက္ၾကာလာေရာက္ပစ္ခတ္ခဲ့သည္ ဟု အသိေပးသည္။

ထို႔ေၾကာင့္ စခန္းကိုသိမ္းယူေနစဥ္ ညေန ၆နာရီခြဲခန႔္တြင္ လက္နက္ခဲယမ္း လိုအပ္ခ်က္အရဆုတ္ ခြာေပးခဲ့ရေၾကာင္း မဟာမိတ္ပူးေပါင္းအဖြဲ႕ မွ တာဝန္ရွိသူက ေျပာသည္။

“လင္းကေတာစခန္းက အခုႏွစ္ ဇြန္လမွာက တည္းက ဝင္သိမ္းၿပီးသား။ဒါေပမယ့္ စခေတြက အင္အား ၄၀ေလာက္နဲ႔ ျပန္တပ္စြဲထားလို႔ ထပ္ၿပီးဝင္တိုက္တာ။ေလေၾကာင္းပစ္ကူရွိလို႔ စခန္းကို အလုံးစုံမသိမ္းႏိုင္ခဲ့ဘူး”ဟု ၎က ရွင္းျပသည္။

တိုက္ပြဲတြင္ စစ္ေကာင္စီတပ္သား ခုနစ္ဦးေသ ဆုံးကာ အမ်ားအျပားထိခိုက္မႈရွိၿပီး မဟာမိတ္တပ္ဖြဲ႕မ်ားဘက္မွ မစိုးရိမ္ရဒဏ္ရာအခ်ိဳ႕သာရရွိခဲ့ၿပီးေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့သည္ဟု Earth quake People’s Defence Forceက ဆိုသည္။

႐ုပ္သံ – Earthquake People’s Defence Force

မြိုင်မြို့နယ် လင်းကတောစခန်း သိမ်းပိုက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို

ရဲခေါင်/People’s Spring

အကြမ်းဖက်စစ်ကာင်စီတပ်စွဲထားသော မြိုင်မြို့နယ် လင်းကတောစခန်း သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကြောင်း Earthquake People’s Defence Forceက ယနေ့(အောက်တိုဘာ ၂၂ ရက်) ထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာ ၂၁ ရက်)နေ့လယ် ၁၂ နာရီခန့်တွင် မြိုင်မြို့နယ်( လင်းကတောစခန်း) ကိုEarthquake People’s Defence Force၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် (ပ.က.ဖ)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း – ၂၊ Salingyi Special Task Force (SSTF)အဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်နေစဉ် နေ့လယ် ၂နာရီခန့်အကြာတွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ Mi35 ရဟတ်ယာဉ်တစ်စီးဖြင့် အချက်ပေါင်းများစွာ လာရောက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြ သည်။

သို့သော် ညနေ ၄နာရီခန့်တွင် ဒုတိယအကြိမ်ထပ်မံသိမ်းပိုက်မှုစတင်ခဲ့ပြီး တိုက်ခိုက်သိမ်းပိုက် နေစဉ်မဟာမိတ်အဖွဲ့များဘက်မှ စခန်းရှိ ဘန်ကာ ၄ခု အနက် ၂ခုကို သိမ်းပိုက်နိုင်ခဲ့ကာ စခန်းခြံစည်းရိုးကို မီးရှို့ဖျက်ဆီးနေစဉ် Mi35 ရဟတ် ယာဉ်ဖြင့် နာရီဝက်ကြာလာရောက်ပစ်ခတ်ခဲ့သည် ဟု အသိပေးသည်။

ထို့ကြောင့် စခန်းကိုသိမ်းယူနေစဉ် ညနေ ၆နာရီခွဲခန့်တွင် လက်နက်ခဲယမ်း လိုအပ်ချက်အရဆုတ် ခွာပေးခဲ့ရကြောင်း မဟာမိတ်ပူးပေါင်းအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

“လင်းကတောစခန်းက အခုနှစ် ဇွန်လမှာက တည်းက ဝင်သိမ်းပြီးသား။ဒါပေမယ့် စခတွေက အင်အား ၄၀လောက်နဲ့ ပြန်တပ်စွဲထားလို့ ထပ်ပြီးဝင်တိုက်တာ။လေကြောင်းပစ်ကူရှိလို့ စခန်းကို အလုံးစုံမသိမ်းနိုင်ခဲ့ဘူး”ဟု ၎င်းက ရှင်းပြသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနစ်ဦးသေ ဆုံးကာ အများအပြားထိခိုက်မှုရှိပြီး မဟာမိတ်တပ်ဖွဲ့များဘက်မှ မစိုးရိမ်ရဒဏ်ရာအချို့သာရရှိခဲ့ပြီးအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Earth quake People’s Defence Forceက ဆိုသည်။

ရုပ်သံ – Earthquake People’s Defence Force

Leave a Reply

Your email address will not be published. Required fields are marked *