အက်ဥ္းေထာင္ထဲက ႏိုင္ငံေရး အက်ဥ္းသားေတြ ဆႏၵျပေန

ပုသိမ္ေထာင္ထဲက ႏိုင္ငံေရး အက်ဥ္းသားေတြ ဆႏၵျပေန

DeltaNewsAgency

ဧရာဝတီတိုင္း ပုသိမ္ေထာင္ထဲက ႏိုင္ငံေရး အက်ဥ္း သားေတြဟာ ဒီကေန႔ ေအာက္တိုဘာ (၂၂) ရက္ေန႔လယ္ ၁၂ နာရီ ခြဲဝန္းက်င္ ကစၿပီးေထာင္ထဲမွာ ဆႏၵျပေနၾက တယ္လို႔သိရပါတယ္

“သူတို႔ေတြ မိန္းေဂ်း(ပင္မေထာင္)ဘက္ မွာ ေသြးသစၥာ သီခ်င္း ကို ေအာ္ဆိုၿပီး ဆႏၵျပေနၾကတာအိပ္ ေဆာင္ ေတြထဲျပန္မဝင္ၾကဘူး”လို႔ ၿမိဳ႕ခံတဦးက ေျပာပါတယ္

ေထာင္တြင္း ဖိႏွိပ္ အ ႏိုင္က်င့္ ႐ိုက္ႏွက္တာေတြ၊ အက်ဥ္းသား အခြင့္အေရး ဆုံးရႈံးေနတာေတြနဲ႔ ပတ္သက္ ၿပီး ကန႔္ကြက္ ေတာင္းဆို ဆႏၵျပေနတာလို႔ အက်ဥ္းဦးစီး ဌာနနဲ႔ နီးစပ္သူေတြဆီကသိရပါတယ္

ေထာင္တြင္းကႏိုင္ငံေရး အက်ဥ္းသား (၃၀၀) ေလာက္ မိန္းေဂ်း မွာ စု႐ုံး ေရာက္ရွိေနၿပီး ဆႏၵျပေနတာေၾကာင့္ ထိန္းသိမ္းဖို႔ အက်ဥ္းဦးစီးဌာန ကအေၾကာင္းၾကားလို႔ စစ္ေကာင္စီ ရဲတပ္ဖြဲ႕ေတြလည္း ေရာက္ေနတယ္လို႔ သိရ ပါတယ္

စစ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံတဝွမ္းအက်ဥ္း ေထာင္ ေတြထဲမွာ ႏိုင္ငံေရးအက်ဥ္းသားေတြကို ဦးတည္ဖိႏွိပ္ တာ၊အက်ဥ္းသားအခြင့္အေရးနဲ႔ လူ႔အခြင့္အေရးေတြဆိုး ဆိုး႐ြား႐ြားခ်ိဳးေဖာက္ခံရတာေတြေၾကာင့္ အက်ဥ္း ေထာင္အမ်ားအျပားမွာ ေထာင္တြင္းဆႏၵျပ ပြဲေတြျဖစ္ ေလ့ရွိပါတယ္

အဲ့ဒီလို ေထာင္တြင္းဆႏၵျပပြဲေတြ ေပၚေပါက္လာခ်ိန္မွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြနဲ႔ ေထာင္အာဏာပိုင္ေတြက ပိုမိုျပင္းထန္တဲ့ အေရးယူဖိႏွိပ္မႈေတြလုပ္ေလ့ရွိပါတယ္

===========

အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြနေ

ပုသိမ်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြနေ

DeltaNewsAgency

ဧရာဝတီတိုင်း ပုသိမ်ထောင်ထဲက နိုင်ငံရေး အကျဉ်း သားတွေဟာ ဒီကနေ့ အောက်တိုဘာ (၂၂) ရက်နေ့လယ် ၁၂ နာရီ ခွဲဝန်းကျင် ကစပြီးထောင်ထဲမှာ ဆန္ဒပြနေကြ တယ်လို့သိရပါတယ်

“သူတို့တွေ မိန်းဂျေး(ပင်မထောင်)ဘက် မှာ သွေးသစ္စာ သီချင်း ကို အော်ဆိုပြီး ဆန္ဒပြနေကြတာအိပ် ဆောင် တွေထဲပြန်မဝင်ကြဘူး”လို့ မြို့ခံတဦးက ပြောပါတယ်

ထောင်တွင်း ဖိနှိပ် အ နိုင်ကျင့် ရိုက်နှက်တာတွေ၊ အကျဉ်းသား အခွင့်အရေး ဆုံးရှုံးနေတာတွေနဲ့ ပတ်သက် ပြီး ကန့်ကွက် တောင်းဆို ဆန္ဒပြနေတာလို့ အကျဉ်းဦးစီး ဌာနနဲ့ နီးစပ်သူတွေဆီကသိရပါတယ်

ထောင်တွင်းကနိုင်ငံရေး အကျဉ်းသား (၃၀၀) လောက် မိန်းဂျေး မှာ စုရုံး ရောက်ရှိနေပြီး ဆန္ဒပြနေတာကြောင့် ထိန်းသိမ်းဖို့ အကျဉ်းဦးစီးဌာန ကအကြောင်းကြားလို့ စစ်ကောင်စီ ရဲတပ်ဖွဲ့တွေလည်း ရောက်နေတယ်လို့ သိရ ပါတယ်

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းအကျဉ်း ထောင် တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ဖိနှိပ် တာ၊အကျဉ်းသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေဆိုး ဆိုးရွားရွားချိုးဖောက်ခံရတာတွေကြောင့် အကျဉ်း ထောင်အများအပြားမှာ ထောင်တွင်းဆန္ဒပြ ပွဲတွေဖြစ် လေ့ရှိပါတယ်

အဲ့ဒီလို ထောင်တွင်းဆန္ဒပြပွဲတွေ ပေါ်ပေါက်လာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထောင်အာဏာပိုင်တွေက ပိုမိုပြင်းထန်တဲ့ အရေးယူဖိနှိပ်မှုတွေလုပ်လေ့ရှိပါတယ်

=

Leave a Reply

Your email address will not be published. Required fields are marked *