တ႐ုတ္ထုတ္ လိင္ေဖ်ာ္ေျဖေရးအ႐ုပ္မ ၂ ခုကို မယ္ေတာ္ႀကီး ဟုအမည္တပ္ကာ ေ႐ႊတိဂုံေစတီေတာ္ကားပါကင္တြင္ လူအမ်ား၏ ကန္ေတာ့ခံေနမႈ လူမႈကြန္ရက္မႈတြင္ ေဝဖန္မႈမ်ားျမင့္တက္

ရန္ကုန္၊ ေအာက္တိုဘာ ၂၂

တ႐ုတ္ႏိုင္ငံထုတ္ လိင္ေျဖေဖ်ာ္ေရးအ႐ုပ္မ ၂ ခုကို မယ္ေတာ္ႀကီး ၂ ပါးဟုဆိုကာ ေ႐ႊတိဂုံေစတီေတာ္ကားပါကင္တြင္ လူအမ်ား ကန္ေတာ့ခံေနသည့္ ဓာတ္ ပုံမ်ား လူမႈကြန္ရက္မႈတြင္ ျပန႔္ႏွံ႔လာၿပီးေနာက္ ျပည္သူမ်ားအၾကား ေဝဖန္မႈမ်ားျမင့္တက္လ်က္ရွိသည္ကို ေတြ႕ရသည္

အင္းဝိဇၨာဓိုရ္ ဆိုသူက တစ္႐ုပ္လွ်င္ အေမရိကန္ေဒၚလာ ၂၄၀၀ တန္ တ႐ုတ္ႏိုင္ငံထုတ္ လိင္ေျဖေဖ်ာ္ေရးအ႐ုပ္ ၂ ႐ုပ္ကို ျမန္မာအဝတ္အစားမ်ား ဝတ္ဆင္ေပးၿပီး အရိယာ ေသာတာပန္ သူရႆတီ မယ္ေတာ္ႀကီး ႏွင့္ သီရိေဒဝီ မယ္ ေတာ္ႀကီးအမည္တပ္၍ ကားျဖင့္ပင့္ေဆာင္ၿပီး

ေ႐ႊတိဂုံေစတီကားပါကင္တြင္ ရင္ေငြ႕လႈံ အသက္သြင္းသည္ဟုဆိုကာ လူအမ်ားကို ကန႔္ေတာ့ခိုင္းျခင္းမ်ား ျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း၊ ေ႐ႊတိဂုံေစတီလုံၿခဳံေရးႏွင့္ ေဂါပကအဖြဲ႕မ်ားက လည္း ဝိုင္းရံ ခြင့္ျပဳေပးထားေၾကာင္း သိရွိရသည္

ထိုကဲ့သို႔ လိင္ေျဖေဖ်ာ္ေရးအ႐ုပ္မ်ားကို မယ္ေတာ္ႀကီးဟု အမည္တပ္၍ ကန္ ေတာ့ခံေနမႈသည္ သာသနာညိဳးႏြမ္းေစသည့္အျပင္ အမ်ားအျမင္လည္း မတင့္ တယ္ေၾကာင္း၊ ျပည္တြင္း၊ ျပည္ပ ျမန္မာမ်ားအတြက္ ရယ္စရာဟာသတစ္ခုအျဖစ္ လည္းေကာင္း ေဝဖန္မႈမ်ားစြာ လူမႈကြန္ရက္တြင္ တဟုန္ထိုးျမင့္တက္လ်က္ ရွိသည္ကို ျမင္ေတြ႕ရသည္

========

တရုတ်ထုတ် လိင်ဖျော်ဖြေရေးအရုပ်မ ၂ ခုကို မယ်တော်ကြီး ဟုအမည်တပ်ကာ ရွှေတိဂုံစေတီတော်ကားပါကင်တွင် လူအများ၏ ကန်တော့ခံနေမှု လူမှုကွန်ရက်မှုတွင် ဝေဖန်မှုများမြင့်တက်

ရန်ကုန်၊ အောက်တိုဘာ ၂၂

တရုတ်နိုင်ငံထုတ် လိင်ဖြေဖျော်ရေးအရုပ်မ ၂ ခုကို မယ်တော်ကြီး ၂ ပါးဟုဆိုကာ ရွှေတိဂုံစေတီတော်ကားပါကင်တွင် လူအများ ကန်တော့ခံနေသည့် ဓာတ် ပုံများ လူမှုကွန်ရက်မှုတွင် ပြန့်နှံ့လာပြီးနောက် ပြည်သူများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိသည်ကို တွေ့ရသည်

အင်းဝိဇ္ဇာဓိုရ် ဆိုသူက တစ်ရုပ်လျှင် အမေရိကန်ဒေါ်လာ ၂၄၀၀ တန် တရုတ်နိုင်ငံထုတ် လိင်ဖြေဖျော်ရေးအရုပ် ၂ ရုပ်ကို မြန်မာအဝတ်အစားများ ဝတ်ဆင်ပေးပြီး အရိယာ သောတာပန် သူရဿတီ မယ်တော်ကြီး နှင့် သီရိဒေဝီ မယ် တော်ကြီးအမည်တပ်၍ ကားဖြင့်ပင့်ဆောင်ပြီး

ရွှေတိဂုံစေတီကားပါကင်တွင် ရင်ငွေ့လှုံ အသက်သွင်းသည်ဟုဆိုကာ လူအများကို ကန့်တော့ခိုင်းခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရွှေတိဂုံစေတီလုံခြုံရေးနှင့် ဂေါပကအဖွဲ့များက လည်း ဝိုင်းရံ ခွင့်ပြုပေးထားကြောင်း သိရှိရသည်

ထိုကဲ့သို့ လိင်ဖြေဖျော်ရေးအရုပ်များကို မယ်တော်ကြီးဟု အမည်တပ်၍ ကန် တော့ခံနေမှုသည် သာသနာညိုးနွမ်းစေသည့်အပြင် အများအမြင်လည်း မတင့် တယ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ မြန်မာများအတွက် ရယ်စရာဟာသတစ်ခုအဖြစ် လည်းကောင်း ဝေဖန်မှုများစွာ လူမှုကွန်ရက်တွင် တဟုန်ထိုးမြင့်တက်လျက် ရှိသည်ကို မြင်တွေ့ရသည်

Leave a Reply

Your email address will not be published. Required fields are marked *