
ရန်ကုန်၊ အောက်တိုဘာ ၂၂




==========

လှိုင်မြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး တင်မောင်ဝင်းနှင့်ဇနီး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး တင်မောင်ဝင်းနှင့်ဇနီး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ် ဝန်းကျင်အချိန် လှိုင်မြို့နယ်၂ ရပ်ကွက်၊ သီရိ ၅လမ်းတွင် ရာအိမ်မှူးတင်မောင်ဝင်းနှင့်ဇနီးကို သေနတ်သမားတချို့က ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြော သည်

“လှိုင်မြို့နယ်၂ရပ်ကွက် သီရိ ၅လမ်းမှာ ရာအိမ်မှူး တင်မောင်ဝင်းနဲ့ ရုံးစာရေးမပစ်သတ်ခံရတယ်။ လင်မယား ၂ ယောက် လုံးလို့လည်း ပြောနေပါတယ်။ ဧည်စာရင်းရေး တဲ့သူလို့လည်းသိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်

Leave a Reply

Your email address will not be published. Required fields are marked *