စစ္အာဏာသိမ္း အဖြဲ႕အား အျပင္းအထန္ ထိုးႏွက္လိုက္ေသာ ျဖစ္စဥ္ႀကီးမ်ား

စစ္အာဏာသိမ္း အဖြဲ႕ ၏ စိတ္ဓါတ္ကို တခ်က္တည္း ႏွင့္ ၿပိဳပ်က္သြားေအာင္ စစ္ေရး ႏွင့္ စီးပြားေရး အရ အလဲထိုးႏိုင္ခဲ့သည့္ ျဖစ္စဥ္ႀကီး ႏွစ္ခုသည္ တၿပိဳင္တည္း လိုလို ျဖစ္ပြားလာခဲ့သည္။

ဤသည္က ျမန္မာျပည္ေတာင္ပိုင္းရွိ ေကာ့ကရိတ္ၿမိဳ႕အား ေတာ္လွန္ေရး တပ္ဖြဲ႕ မ်ား ပူးေပါင္းအင္အားျဖင့္ ဝင္ေရာက္စီးနင္း တိုက္ခိုက္ႏိုင္ခဲ့ျခင္း ျဖစ္ၿပီး ေနာက္တခုမွာ ကမာၻ ဘ႑ာေရး ပုလိပ္အဖြဲ႕ႀကီး မွ ျမန္မာ အား ဘ႑ာေရး အရ ယုံၾကည္မႈ မရွိသင့္ေသာ ႏိုင္ငံအျဖစ္ ေၾကညာၿပီး အမည္ပ်က္စာရင္း တင္သြင္းလိုက္ျခင္းပင္ ျဖစ္သည္။

ေကာ့ကရိတ္ ၿမိဳ႕သိမ္းတိုက္ပြဲ သည္ လြန္စြာ အေရးႀကီးၿပီး ေတာ္လွန္ေရး လမ္းေၾကာင္းကို အၿပီးအပိုင္ ေျပာင္းလဲသြားႏိုင္သည္ ျဖစ္၍ စစ္တပ္မွ တိုက္ေလယာဥ္မ်ား ႏွင့္ အျပင္းအထန္ ဗုံးႀကဲ တိုက္ခိုက္လွ်က္ ရွိေနေပသည္။ ယင္းသည္ ျမန္မာစစ္တပ္အေနျဖင့္ တိုင္းျပည္ကို မည္သို႔မွ် ဆက္လက္ထိန္းခ်ဳပ္၍ မျဖစ္ႏိုင္ ေတာ့ေၾကာင္းကို သံသယ အနည္းငယ္ ရွိေနသူမ်ားပင္ ရွင္းလင္းသြားေအာင္ ထုတ္ေဖၚျပသႏိုင္ခဲ့ၿပီ ျဖစ္သည္။

ကရင္ အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ ၏ က်ားျဖဴ တပ္ရင္း ႏွင့္ ပူးေပါင္းအင္အား အျဖစ္ ေနာက္ထပ္ ေလးဖြဲ႕ ေပါင္း၍ ၾကာသပေတးေန႔ နံနက္ တြင္ စတင္ခဲ့ေသာ ၿမိဳ႕သိမ္းတိုက္ပြဲကို ဆိုရွယ္မီဒီယာမ်ား ေပၚမွ ျပည္သူ မ်ားက တခဲနက္ ေသာင္းေသာင္းဖ်ဖ် ေထာက္ခံ ႀကိဳဆိုေနၾကသည္ကလည္း ၾကက္သီးေမႊးညႇင္း ထေလာက္စရာ ေကာင္းလွေပသည္။ အားလုံးကလည္း ထိုသို႔ တိုက္ခိုက္လာမည့္ အေရးကို ေစာင့္စားေနၾကျခင္း ျဖစ္၍ စိတ္ဓါတ္ခြန္အားမ်ား ျပန္လည္ တက္ႂကြလာလွ်က္ ရွိေနသည္။

ယခုအခါ ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက အဓိကက်ေသာ အစိုးရ အေဆာက္အဦးမ်ားကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး ၿမိဳ႕တြင္းတြင္ ကင္းလွည့္လွ်က္ ရွိေနသည့္ အဆင့္ ေရာက္ရွိလာၿပီ ဟု က်ားျဖဴ ႏွင့္ ျခေသၤတပ္မ်ားက တရားဝင္ သတင္းထုတ္ျပန္လာခဲ့သည္။ ႂကြင္းက်န္ရစ္ေသာ ရန္သူ မ်ားကို နယ္ေျမ ရွင္းလင္းေရး လုပ္ေနႏိုင္ၿပီ ျဖစ္ေသာ္လည္း တၿမိဳ႕လုံးကို အခိုင္အမာ သိမ္းပိုက္ႏိုင္ျခင္း ရွိမရွိကိုမူ သတင္းမ်ားက အတည္ျပဳ၍ မရ ျဖစ္ေနဆဲဟု သိရသည္။ ေသခ်ာသည္ကေတာ့ စစ္အေျခစိုက္ စခန္း ႏွစ္ခုကို ေအာင္ျမင္စြာ သိမ္းပိုက္ ႏိုင္ခဲ့ျခင္းပင္ ျဖစ္သည္။

စစ္တပ္ပိုင္ ႐ုပ္သံ သတင္းတြင္ေတာ့ “အၾကမ္းဖက္သမားမ်ား” ၿမိဳ႕ကို သိမ္းပိုက္ႏိုင္ျခင္း မရွိရန္ ေလေၾကာင္း ပစ္ကူမ်ား၊ လက္နက္ႀကီးမ်ား၊ သံခ်ပ္ကာ ကားမ်ား အသုံးျပဳ၍ ခုခံေနသည္ဟု ဆိုသည္။ေကာ့ကရိတ္သည္ ဧရိယာ အားျဖင့္ ၃.၂ စတုရန္းမိုင္ က်ယ္ဝန္းၿပီး လူဦးေရ ၄၀,၀၀၀ ခန႔္ ေနထိုင္လွ်က္ရွိသည္။ အဓိက နယ္ျခား ကုန္သြယ္ ၿမိဳ႕ျဖစ္ေသာ ျမဝတီ ႏွင့္ မိုင္ ၂၀ ခန႔္သာ ကြာေဝးသျဖင့္ မဟာဗ်ဴဟာ က်သည့္ ၿမိဳ႕လည္း ျဖစ္ေနေၾကာင္း ေအပီ သတင္း တြင္ ေဖၚျပထားသည္။ ယင္းႏွင့္ အတူ စစ္တပ္သည္ ၿမိဳ႕ကို ဗုံးႀကဲ တိုက္ခိုက္လွ်က္ ရွိေနသည္ဟူေသာ သတင္းသည္လည္း ႏိုင္ငံတကာ မီဒီယာမ်ားသို႔ ပ်ံ႕ႏွံ႔သြားခဲ့ၿပီ ျဖစ္သည္။

၎တို႔ လုပ္ႏိုင္သည္မွာ ၿမိဳ႕ကို ျပာက်သြားေအာင္ ျဖစ္ၿပီး ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ဖို႔က မလြယ္ကူေတာ့ေပ။ စစ္တပ္သည္ ယခုထက္ ပို၍ ျပည္သူမ်ားအား ရည္႐ြယ္ခ်က္ ရွိရွိ တိုက္ခိုက္လာေနမည္ ဆိုလွ်င္ ႏိုင္ငံတကာ က မည္သို႔မွ် လက္ပိုက္ၾကည့္ေနႏိုင္စြမ္း ရွိေတာ့မည္ မဟုတ္ဘဲ လစ္ဗ်ား လမ္းစဥ္ကို ထုတ္ေဖၚလာၾက ေတာ့မည္ ျဖစ္သည္။ ဤသည္က ျပည္သူမ်ား၏ အႏိုင္ဖဲ ပင္ ျဖစ္ေနေပသည္။

စီးပြားေရးအရ ထိုးႏွက္ခံလိုက္ရသည္မွာ ကမာၻ ဘ႑ာေရး ပုလိပ္အဖြဲ႕ႀကီးဟု ထင္ရွားသည့္ ကမာၻ ေငြေၾကး မသမာမႈမ်ားကို ေစာင့္ၾကည့္ေရး အဖြဲ႕ Financial Action Task Force (FATF) သည္ ပဲရစ္တြင္ က်င္းပေနေသာ ညီလာခံ မွ ျမန္မာ အား အမည္ပ်က္စာရင္း ထည့္သြင္းလိုက္ၿပီး ခ်က္ခ်င္း သက္ေရာက္မႈ ရွိေစရမည္ဟု ဆုံးျဖတ္လိုက္ျခင္းေၾကာင့္ ေျမာက္ကိုရီးယား၊ အီရန္ တို႔ႏွင့္ အတူ တတိယေျမာက္ႏိုင္ငံ အျဖစ္ စာရင္းဝင္ သြားခဲ့ၿပီ ျဖစ္သည္။

အဓိက အားျဖင့္ နယ္ျခားေဒသမ်ားရွိ ကာဆီႏို ႏွင့္ တရားမဝင္ မူးယစ္ေဆးဝါး ကုန္ကူးေနမႈ မ်ားေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။ ထို႔ျပင္ ႏိုင္ငံျခား ကုမၸဏီမ်ား ဥပေဒႏွင့္ အညီ နည္းလမ္းတက် လုပ္ကိုင္ ႏိုင္ေရး အႀကံေပးေနသည့္ ၿဗိတိသွ် သံအမတ္ေဟာင္း မစၥက္ ဗစ္ကီ ဗိုမင္းအား ဖမ္းဆီးလိုက္ျခင္းေၾကာင့္လည္း တုန္လႈပ္သြားခဲ့ရသည္။

ၿပီးခဲ့သည့္ ဇူလိုင္လမွစ၍ အဖြဲ႕ ဥကၠဌ တာဝန္ယူခဲ့ေသာ စကၤာပူ မွ မစၥတာ ရာဂ်ာ ကူးမားမွ တကမာၻလုံးရွိ ဘဏ္မ်ား အေနျဖင့္ ျမန္မာႏိုင္ငံ ႏွင့္ စီးပြားေရး လုပ္ငန္း မ်ား ဆက္ဆံေဆာင္႐ြက္ရာတြင္ အထူး သတိဝိရိယ ထားရန္ ႏႈိးေဆာ္ခဲ့သည္။ သို႔ေသာ္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရး ႏွင့္ တရားဝင္ အင္ဂ်ီအို အဖြဲ႕မ်ား အား ထိခိုက္မႈ ရွိလိမ့္မည္ မဟုတ္ေၾကာင္းလည္း ဆိုသည္။

FATF သည္ ျမန္မာ အား ေငြေၾကးခဝါခ်မႈ ႏွင့္ အၾကမ္းဖက္မႈ မ်ား အားေပးအားေျမႇာက္ ျဖစ္ေစေသာ ဘ႑ာေရး လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္မႈ ရွိသည့္ႏိုင္ငံဟု သတ္မွတ္လိုက္ျခင္းပင္ ျဖစ္သည္။ ျမန္မာ စံေတာ္ခ်ိန္ ည ၉ နာရီ တြင္ ျမန္မာအား လြန္စြာ အႏၲရာယ္မ်ားသည့္ လုပ္ပိုင္ခြင့္မ်ား ပိုင္ဆိုင္ေန၍ အေရးယူရန္ ေတာင္းဆိုသည္ (High-Risk Jurisdictions subject to call for action)၊ တနည္းအားျဖင့္ အမည္ပ်က္စာရင္း ထည့္သြင္းလိုက္ ျခင္းပင္ ျဖစ္သည္။

ထိုသို႔ သတ္မွတ္ခံခဲ့ရျခင္းေၾကာင့္ တိုင္းျပည္၏ ဆယ္ႏွစ္တာ ကာလအတြင္း အေကာင္အထည္ ေဖၚႏိုင္ခဲ့ေသာ စီးပြားေရး ႏွင့္ တိုးတက္မႈမ်ားကို စစ္အာဏာသိမ္း အဖြဲ႕မွ ရက္ ၆၀၀ ေက်ာ္ ကာလအတြင္း မည္မွ် အတိုင္း အတာ အထိ ေအာက္သို႔ ဆြဲခ်လိုက္ၿပီျဖစ္သည္ကို ျပဆိုေနခဲ့ၿပီ ျဖစ္သည္။အာဏာသိမ္း အဖြဲ႕၏ ႏိုင္ငံျခားေငြ ထိန္းခ်ဳပ္ေရး ႏွင့္ အျခား ကေမာက္ကမ မူဝါဒမ်ားအျပင္ ရင္းႏွီးျမႇဳပ္ႏွံလိုေသာ ႏိုင္ငံျခား ကုမၸဏီမ်ား အဖို႔ တ႐ုတ္မွလြဲ၍ အႀကီးအက်ယ္ အခက္အခဲမ်ား ေတြ႕လာေနရသည္။

မင္းေအာင္လႈိင္သည္ ဗဟိုဘဏ္တြင္ ၎ ထင္သလို လုပ္၍ရရန္ လူယုံ စစ္တပ္အရာရွိမ်ား ထည့္သြင္းလာ ခဲ့ျခင္း ကပင္ ထိုသို႔ ျဖစ္ေအာင္ တြန္းအားေပးသလို ျဖစ္သြားခဲ့ရသည္။လက္ရွိတြင္ အဆိုပါ သတင္းေၾကာင့္ ျပည္တြင္း ေဒၚလာေဈးကြက္မ်ား ပိတ္သြားၿပီး ခ်က္ခ်င္းဆိုသလို ေဒၚလာေဈး ခုန္တက္သြားကာ ႀကိဳက္ေရာင္းႀကိဳက္ဝယ္ ျဖစ္လာေနသည္ဟု ေခတ္သစ္ မီဒီယာ သတင္းက ဆိုသည္။

ဂ်ကာတာတြင္ ေနာက္အပတ္ ၾကာသပေတးေန႔တြင္ ေခၚယူထားသည့္ ျမန္မာျပည္အေၾကာင္း ေဆြးေႏြးရန္ အာဆီယံ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အေရးေပၚ အစည္း အေဝး က်င္းပျဖစ္မည္ကို ယေန႔အတည္ျပဳ ေျပာၾကားခဲ့ၿပီ ျဖစ္သည္။

ဓါတၸဳံ — Irrawaddy / FATF

ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ်ေအာင္ရမည္!!!

Hla Soewai

စစ်အာဏာသိမ်း အဖွဲ့အား အပြင်းအထန် ထိုးနှက်လိုက်သော ဖြစ်စဉ်ကြီးများ

စစ်အာဏာသိမ်း အဖွဲ့ ၏ စိတ်ဓါတ်ကို တချက်တည်း နှင့် ပြိုပျက်သွားအောင် စစ်ရေး နှင့် စီးပွားရေး အရ အလဲထိုးနိုင်ခဲ့သည့် ဖြစ်စဉ်ကြီး နှစ်ခုသည် တပြိုင်တည်း လိုလို ဖြစ်ပွားလာခဲ့သည်။

ဤသည်က မြန်မာပြည်တောင်ပိုင်းရှိ ကော့ကရိတ်မြို့အား တော်လှန်ရေး တပ်ဖွဲ့ များ ပူးပေါင်းအင်အားဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး နောက်တခုမှာ ကမ္ဘာ ဘဏ္ဍာရေး ပုလိပ်အဖွဲ့ကြီး မှ မြန်မာ အား ဘဏ္ဍာရေး အရ ယုံကြည်မှု မရှိသင့်သော နိုင်ငံအဖြစ် ကြေညာပြီး အမည်ပျက်စာရင်း တင်သွင်းလိုက်ခြင်းပင် ဖြစ်သည်။

ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ သည် လွန်စွာ အရေးကြီးပြီး တော်လှန်ရေး လမ်းကြောင်းကို အပြီးအပိုင် ပြောင်းလဲသွားနိုင်သည် ဖြစ်၍ စစ်တပ်မှ တိုက်လေယာဉ်များ နှင့် အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်လျှက် ရှိနေပေသည်။ ယင်းသည် မြန်မာစစ်တပ်အနေဖြင့် တိုင်းပြည်ကို မည်သို့မျှ ဆက်လက်ထိန်းချုပ်၍ မဖြစ်နိုင် တော့ကြောင်းကို သံသယ အနည်းငယ် ရှိနေသူများပင် ရှင်းလင်းသွားအောင် ထုတ်ဖေါ်ပြသနိုင်ခဲ့ပြီ ဖြစ်သည်။

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ၏ ကျားဖြူ တပ်ရင်း နှင့် ပူးပေါင်းအင်အား အဖြစ် နောက်ထပ် လေးဖွဲ့ ပေါင်း၍ ကြာသပတေးနေ့ နံနက် တွင် စတင်ခဲ့သော မြို့သိမ်းတိုက်ပွဲကို ဆိုရှယ်မီဒီယာများ ပေါ်မှ ပြည်သူ များက တခဲနက် သောင်းသောင်းဖျဖျ ထောက်ခံ ကြိုဆိုနေကြသည်ကလည်း ကြက်သီးမွှေးညှင်း ထလောက်စရာ ကောင်းလှပေသည်။ အားလုံးကလည်း ထိုသို့ တိုက်ခိုက်လာမည့် အရေးကို စောင့်စားနေကြခြင်း ဖြစ်၍ စိတ်ဓါတ်ခွန်အားများ ပြန်လည် တက်ကြွလာလျှက် ရှိနေသည်။

ယခုအခါ တော်လှန်ရေး တပ်ဖွဲ့များက အဓိကကျသော အစိုးရ အဆောက်အဦးများကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းတွင် ကင်းလှည့်လျှက် ရှိနေသည့် အဆင့် ရောက်ရှိလာပြီ ဟု ကျားဖြူ နှင့် ခြင်္သေတပ်များက တရားဝင် သတင်းထုတ်ပြန်လာခဲ့သည်။ ကြွင်းကျန်ရစ်သော ရန်သူ များကို နယ်မြေ ရှင်းလင်းရေး လုပ်နေနိုင်ပြီ ဖြစ်သော်လည်း တမြို့လုံးကို အခိုင်အမာ သိမ်းပိုက်နိုင်ခြင်း ရှိမရှိကိုမူ သတင်းများက အတည်ပြု၍ မရ ဖြစ်နေဆဲဟု သိရသည်။ သေချာသည်ကတော့ စစ်အခြေစိုက် စခန်း နှစ်ခုကို အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

စစ်တပ်ပိုင် ရုပ်သံ သတင်းတွင်တော့ “အကြမ်းဖက်သမားများ” မြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိရန် လေကြောင်း ပစ်ကူများ၊ လက်နက်ကြီးများ၊ သံချပ်ကာ ကားများ အသုံးပြု၍ ခုခံနေသည်ဟု ဆိုသည်။ကော့ကရိတ်သည် ဧရိယာ အားဖြင့် ၃.၂ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၄၀,၀၀၀ ခန့် နေထိုင်လျှက်ရှိသည်။ အဓိက နယ်ခြား ကုန်သွယ် မြို့ဖြစ်သော မြဝတီ နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသဖြင့် မဟာဗျူဟာ ကျသည့် မြို့လည်း ဖြစ်နေကြောင်း အေပီ သတင်း တွင် ဖေါ်ပြထားသည်။ ယင်းနှင့် အတူ စစ်တပ်သည် မြို့ကို ဗုံးကြဲ တိုက်ခိုက်လျှက် ရှိနေသည်ဟူသော သတင်းသည်လည်း နိုင်ငံတကာ မီဒီယာများသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့ လုပ်နိုင်သည်မှာ မြို့ကို ပြာကျသွားအောင် ဖြစ်ပြီး ပြန်လည် ထိန်းချုပ်နိုင်ဖို့က မလွယ်ကူတော့ပေ။ စစ်တပ်သည် ယခုထက် ပို၍ ပြည်သူများအား ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်လာနေမည် ဆိုလျှင် နိုင်ငံတကာ က မည်သို့မျှ လက်ပိုက်ကြည့်နေနိုင်စွမ်း ရှိတော့မည် မဟုတ်ဘဲ လစ်ဗျား လမ်းစဉ်ကို ထုတ်ဖေါ်လာကြ တော့မည် ဖြစ်သည်။ ဤသည်က ပြည်သူများ၏ အနိုင်ဖဲ ပင် ဖြစ်နေပေသည်။

စီးပွားရေးအရ ထိုးနှက်ခံလိုက်ရသည်မှာ ကမ္ဘာ ဘဏ္ဍာရေး ပုလိပ်အဖွဲ့ကြီးဟု ထင်ရှားသည့် ကမ္ဘာ ငွေကြေး မသမာမှုများကို စောင့်ကြည့်ရေး အဖွဲ့ Financial Action Task Force (FATF) သည် ပဲရစ်တွင် ကျင်းပနေသော ညီလာခံ မှ မြန်မာ အား အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီး ချက်ချင်း သက်ရောက်မှု ရှိစေရမည်ဟု ဆုံးဖြတ်လိုက်ခြင်းကြောင့် မြောက်ကိုရီးယား၊ အီရန် တို့နှင့် အတူ တတိယမြောက်နိုင်ငံ အဖြစ် စာရင်းဝင် သွားခဲ့ပြီ ဖြစ်သည်။

အဓိက အားဖြင့် နယ်ခြားဒေသများရှိ ကာဆီနို နှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးနေမှု များကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် နိုင်ငံခြား ကုမ္ပဏီများ ဥပဒေနှင့် အညီ နည်းလမ်းတကျ လုပ်ကိုင် နိုင်ရေး အကြံပေးနေသည့် ဗြိတိသျှ သံအမတ်ဟောင်း မစ္စက် ဗစ်ကီ ဗိုမင်းအား ဖမ်းဆီးလိုက်ခြင်းကြောင့်လည်း တုန်လှုပ်သွားခဲ့ရသည်။

ပြီးခဲ့သည့် ဇူလိုင်လမှစ၍ အဖွဲ့ ဥက္ကဌ တာဝန်ယူခဲ့သော စင်္ကာပူ မှ မစ္စတာ ရာဂျာ ကူးမားမှ တကမ္ဘာလုံးရှိ ဘဏ်များ အနေဖြင့် မြန်မာနိုင်ငံ နှင့် စီးပွားရေး လုပ်ငန်း များ ဆက်ဆံဆောင်ရွက်ရာတွင် အထူး သတိဝိရိယ ထားရန် နှိုးဆော်ခဲ့သည်။ သို့သော် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး နှင့် တရားဝင် အင်ဂျီအို အဖွဲ့များ အား ထိခိုက်မှု ရှိလိမ့်မည် မဟုတ်ကြောင်းလည်း ဆိုသည်။

FATF သည် မြန်မာ အား ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှု များ အားပေးအားမြှောက် ဖြစ်စေသော ဘဏ္ဍာရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု ရှိသည့်နိုင်ငံဟု သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။ မြန်မာ စံတော်ချိန် ည ၉ နာရီ တွင် မြန်မာအား လွန်စွာ အန္တရာယ်များသည့် လုပ်ပိုင်ခွင့်များ ပိုင်ဆိုင်နေ၍ အရေးယူရန် တောင်းဆိုသည် (High-Risk Jurisdictions subject to call for action)၊ တနည်းအားဖြင့် အမည်ပျက်စာရင်း ထည့်သွင်းလိုက် ခြင်းပင် ဖြစ်သည်။

ထိုသို့ သတ်မှတ်ခံခဲ့ရခြင်းကြောင့် တိုင်းပြည်၏ ဆယ်နှစ်တာ ကာလအတွင်း အကောင်အထည် ဖေါ်နိုင်ခဲ့သော စီးပွားရေး နှင့် တိုးတက်မှုများကို စစ်အာဏာသိမ်း အဖွဲ့မှ ရက် ၆၀၀ ကျော် ကာလအတွင်း မည်မျှ အတိုင်း အတာ အထိ အောက်သို့ ဆွဲချလိုက်ပြီဖြစ်သည်ကို ပြဆိုနေခဲ့ပြီ ဖြစ်သည်။အာဏာသိမ်း အဖွဲ့၏ နိုင်ငံခြားငွေ ထိန်းချုပ်ရေး နှင့် အခြား ကမောက်ကမ မူဝါဒများအပြင် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြား ကုမ္ပဏီများ အဖို့ တရုတ်မှလွဲ၍ အကြီးအကျယ် အခက်အခဲများ တွေ့လာနေရသည်။

မင်းအောင်လှိုင်သည် ဗဟိုဘဏ်တွင် ၎င်း ထင်သလို လုပ်၍ရရန် လူယုံ စစ်တပ်အရာရှိများ ထည့်သွင်းလာ ခဲ့ခြင်း ကပင် ထိုသို့ ဖြစ်အောင် တွန်းအားပေးသလို ဖြစ်သွားခဲ့ရသည်။လက်ရှိတွင် အဆိုပါ သတင်းကြောင့် ပြည်တွင်း ဒေါ်လာဈေးကွက်များ ပိတ်သွားပြီး ချက်ချင်းဆိုသလို ဒေါ်လာဈေး ခုန်တက်သွားကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်လာနေသည်ဟု ခေတ်သစ် မီဒီယာ သတင်းက ဆိုသည်။

ဂျကာတာတွင် နောက်အပတ် ကြာသပတေးနေ့တွင် ခေါ်ယူထားသည့် မြန်မာပြည်အကြောင်း ဆွေးနွေးရန် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အရေးပေါ် အစည်း အဝေး ကျင်းပဖြစ်မည်ကို ယနေ့အတည်ပြု ပြောကြားခဲ့ပြီ ဖြစ်သည်။

ဓါတ္ပုံ — Irrawaddy / FATF

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

Leave a Reply

Your email address will not be published. Required fields are marked *