KKO နဲ႔ PDF အဖြဲ႕တို႔ ေကာ့ကရိတ္ၿမိဳ႕ကို တိုက္ခိုက္မႈဟာ စစ္ရာဇဝတ္မႈ ေျမာက္ေၾကာင္း စစ္ေကာင္စီ စြပ္စြဲ

ေအာက္တိုဘာ ၂၁ – ၂၀၂၂

ဒီကေန႔ မနက္ပိုင္းက ေကာ့ကရိတ္ၿမိဳ႕ကို ကလို႔ထူး‌ေဘာ ကရင္အစည္းအ႐ုံး KKO နဲ႔ PDF အဖြဲ႕တို႔ ကေန ဝင္ေရာက္ တိုက္ခိုက္ခဲ့ရာ ဒါဟာ War Crime စစ္ရာဇဝတ္မႈ ေျမာက္တဲ့ အတြက္ စစ္ေကာင္စီဘက္ ကေန ျပန္လည္ ေခ်မႈန္း ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ စစ္ေကာင္စီ ႐ုပ္သံကေန ေၾကညာသြားပါတယ္

မနက္ ၇ နာရီခြဲ ေလာက္မွာ KKO နဲ႔ PDF အဖြဲ႕တို႔ကေန ေကာ့ကရိတ္ၿမိဳ႕ ေျမာက္ဘက္ ကေန ၿမိဳ႕တြင္းကို လက္နက္ႀကီးေတြနဲ႔ စတင္ပစ္ခတ္ခဲ့ေၾကာင္း၊ အဲဒီေနာက္ မနက္ ၈ နာရီ ၁၅ မိနစ္ ေလာက္မွာ ၿမိဳ႕ထဲ ဝင္ေရာက္ တိုက္ခိုက္ ခဲ့တဲ့ အတြက္ အရပ္သားေတြနဲ႔ ဝန္ထမ္းေတြ ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ဆိုပါတယ္

ထိခိုက္ဒဏ္ရာ ရရွိသူေတြကို စစ္ေကာင္စီ ဘက္က ေဆးဝါးကုသမႈေတြ ျပဳလုပ္ေပးၿပီး လုံၿခဳံေရး အရ အကာ အကြယ္ေပးခဲ့တယ္ လို႔လည္း ေၾကညာသြားပါတယ္

ဒါေပမယ့္ စစ္ေကာင္စီ ဘက္က ေလယာဥ္နဲ႔ ပစ္ခတ္ တိုက္ခိုက္တာကိုေတာ့ ထည့္သြင္း ေဖၚျပသြားျခင္း မရွိပါ

လူေနအိမ္ေတြ ရွိတဲ့ ေနရာကို တိုက္ခိုက္မႈနဲ႔ ဝန္ထမ္းေတြကို တိုက္ခိုက္မႈဟာ ဂ်နီဗာ ကြန္ဗန္းရွင္းကို ခ်ိဳးေဖါက္တာ ျဖစ္ၿပီး စစ္ရာဇဝတ္မႈ ေျမာက္တဲ့ အတြက္ အၾကမ္းဖက္မႈ တန္ျပန္ ေခ်မႈန္းေရး (Counter-terrorism Action) ကို ေဆာင္႐ြက္ သြားမွာ ျဖစ္တယ္လို႔လည္း ေၾကညာသြားပါတယ္

=========

KKO နဲ့ PDF အဖွဲ့တို့ ကော့ကရိတ်မြို့ကို တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း စစ်ကောင်စီ စွပ်စွဲ

အောက်တိုဘာ ၂၁ – ၂၀၂၂

ဒီကနေ့ မနက်ပိုင်းက ကော့ကရိတ်မြို့ကို ကလို့ထူး‌ဘော ကရင်အစည်းအရုံး KKO နဲ့ PDF အဖွဲ့တို့ ကနေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဒါဟာ War Crime စစ်ရာဇဝတ်မှု မြောက်တဲ့ အတွက် စစ်ကောင်စီဘက် ကနေ ပြန်လည် ချေမှုန်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီ ရုပ်သံကနေ ကြေညာသွားပါတယ်

မနက် ၇ နာရီခွဲ လောက်မှာ KKO နဲ့ PDF အဖွဲ့တို့ကနေ ကော့ကရိတ်မြို့ မြောက်ဘက် ကနေ မြို့တွင်းကို လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီနောက် မနက် ၈ နာရီ ၁၅ မိနစ် လောက်မှာ မြို့ထဲ ဝင်ရောက် တိုက်ခိုက် ခဲ့တဲ့ အတွက် အရပ်သားတွေနဲ့ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်

ထိခိုက်ဒဏ်ရာ ရရှိသူတွေကို စစ်ကောင်စီ ဘက်က ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးပြီး လုံခြုံရေး အရ အကာ အကွယ်ပေးခဲ့တယ် လို့လည်း ကြေညာသွားပါတယ်

ဒါပေမယ့် စစ်ကောင်စီ ဘက်က လေယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်တာကိုတော့ ထည့်သွင်း ဖေါ်ပြသွားခြင်း မရှိပါ

လူနေအိမ်တွေ ရှိတဲ့ နေရာကို တိုက်ခိုက်မှုနဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်မှုဟာ ဂျနီဗာ ကွန်ဗန်းရှင်းကို ချိုးဖေါက်တာ ဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်တဲ့ အတွက် အကြမ်းဖက်မှု တန်ပြန် ချေမှုန်းရေး (Counter-terrorism Action) ကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့လည်း ကြေညာသွားပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *