မိသားစုဓါတ္ပုံေလးကိုကိုင္ၿပီး ငိုေနတဲ့ ကိုရင္ေလးရဲ႕အျဖစ္

လြမ္းတယ္ အေမ

နဖူးေလးစမ္းၿပီးအပူတိုင္းတတ္တဲ့အေမ့ ရဲ႕လက္တစ္စုံကို လြမ္းတယ္

ဘာစားခ်င္လည္းလို႔ခဏခဏ ေမးတဲ့အေမ့ ရဲ႕စကားသံေလးေလးကို လြမ္းတယ္

ေလစိမ္းေတြ ထြက္မခံပါနဲ႔ဆိုတဲ့အေမ့ ရဲ႕သတိေပးသံေလးကိုလည္း လြမ္းတယ္

ပူပူေႏြးေႏြးနဲ႔အေမ့ လက္ရာဆန္ျပဳတ္တစ္ခြက္ကိုလည္း လြမ္းတယ္ငယ္ဘဝ ငယ္ညေတြကအေမ နဲ႔ပတ္သက္သမွ်

အရာအားလုံးကိုလြမ္းတယ္ အေမအခုေတာ့ အေမေဝးတစ္ေျမ နယ္တစ္ျခားကစာသင္သားတစ္ေယာက္ဘဝရဲ႕ အျဖစ္ကိုအေမ သိေလမလား

အေမ့ အျမင္မွာ မသိသာေပမယ့္သား ရင္မွာ အထိနာခဲ့ရသူပါ အေမမိုးထိလို႔အဖ်ားမိေနေပမယ့္မရပ္နားႏိုင္ ဆြမ္းထြက္ရျပန္တယ္ အေမ

သဒၶါဆြမ္းမရပ္ရင္တစ္ထြာဝမ္းငတ္တဲ့အျဖစ္ အေမ သိေလမလားဝိကာလေနအလြဲမွာလူတကာလို စားေသာက္ပိုင္ခြင့္ကမရွိ

ဗိုက္ဆာဆာနဲ႔စာေတြေအာ္က်တ္ခဲ့ရတဲ့အျဖစ္အေမ သိေလမလား

႐ြယ္တူသူငယ္ခ်င္းေတြေပ်ာ္ပါးေနခိုက္ေပ်ာ္စရာေဘးကပ္အ႒ကထာေတြ တိုးက်ပ္ေနရတဲ့အျဖစ္အေမ သိေလမလား

ယုယမဲ့သူမရွိ..ျပဳစုမဲ့သူမရွိအ႐ြယ္နဲ႔မမွ်ေအာင္ ရင့္က်တ္ေန ရတဲ့သားအျဖစ္အေမ ျမင္လွည့္ပါေတာ့ အေမ

“သာသနာက ေအးခ်မ္းပါတယ္” ဆိုတဲ့ အေမ့စကားသား ဘယ္လိုနားလည္ရမလဲ အေမတကယ္ေတာ့ အေမထင္သေလာက္မလြယ္ တဲ့ဒီသာသနာမွာ

ေပ်ာ္လို႔ေနတာေတာ့ မဟုတ္ပါဘူး အေမအေမ့ ရည္မွန္းခ်က္ေတြတြက္

ေဝဒနာေတြကို ကြယ္ဝွက္ေဒသနာေတြနဲ႔ေနတတ္ေအာင္ႀကိဳးစားေနသူပါ အေမဒါေတြ အေမ သိပါေစ ။ ။

လြမ္းတယ္အေမအေမ့ေက်းဇူးစပ္ႏိုင္ၾကပါေစ

===========

မိသားစုဓါတ်ပုံလေးကိုကိုင်ပြီး ငိုနေတဲ့ ကိုရင်လေးရဲ့အဖြစ်

လွမ်းတယ် အမေ

နဖူးလေးစမ်းပြီးအပူတိုင်းတတ်တဲ့အမေ့ ရဲ့လက်တစ်စုံကို လွမ်းတယ်

ဘာစားချင်လည်းလို့ခဏခဏ မေးတဲ့အမေ့ ရဲ့စကားသံလေးလေးကို လွမ်းတယ်

လေစိမ်းတွေ ထွက်မခံပါနဲ့ဆိုတဲ့အမေ့ ရဲ့သတိပေးသံလေးကိုလည်း လွမ်းတယ်

ပူပူနွေးနွေးနဲ့အမေ့ လက်ရာဆန်ပြုတ်တစ်ခွက်ကိုလည်း လွမ်းတယ်ငယ်ဘဝ ငယ်ညတွေကအမေ နဲ့ပတ်သက်သမျှ

အရာအားလုံးကိုလွမ်းတယ် အမေအခုတော့ အမေဝေးတစ်မြေ နယ်တစ်ခြားကစာသင်သားတစ်ယောက်ဘဝရဲ့ အဖြစ်ကိုအမေ သိလေမလား

အမေ့ အမြင်မှာ မသိသာပေမယ့်သား ရင်မှာ အထိနာခဲ့ရသူပါ အမေမိုးထိလို့အဖျားမိနေပေမယ့်မရပ်နားနိုင် ဆွမ်းထွက်ရပြန်တယ် အမေ

သဒ္ဓါဆွမ်းမရပ်ရင်တစ်ထွာဝမ်းငတ်တဲ့အဖြစ် အမေ သိလေမလားဝိကာလနေအလွဲမှာလူတကာလို စားသောက်ပိုင်ခွင့်ကမရှိ

ဗိုက်ဆာဆာနဲ့စာတွေအော်ကျတ်ခဲ့ရတဲ့အဖြစ်အမေ သိလေမလား

ရွယ်တူသူငယ်ချင်းတွေပျော်ပါးနေခိုက်ပျော်စရာဘေးကပ်အဋ္ဌကထာတွေ တိုးကျပ်နေရတဲ့အဖြစ်အမေ သိလေမလား

ယုယမဲ့သူမရှိ..ပြုစုမဲ့သူမရှိအရွယ်နဲ့မမျှအောင် ရင့်ကျတ်နေ ရတဲ့သားအဖြစ်အမေ မြင်လှည့်ပါတော့ အမေ

“သာသနာက အေးချမ်းပါတယ်” ဆိုတဲ့ အမေ့စကားသား ဘယ်လိုနားလည်ရမလဲ အမေတကယ်တော့ အမေထင်သလောက်မလွယ် တဲ့ဒီသာသနာမှာ

ပျော်လို့နေတာတော့ မဟုတ်ပါဘူး အမေအမေ့ ရည်မှန်းချက်တွေတွက်

ဝေဒနာတွေကို ကွယ်ဝှက်ဒေသနာတွေနဲ့နေတတ်အောင်ကြိုးစားနေသူပါ အမေဒါတွေ အမေ သိပါစေ ။ ။

လွမ်းတယ်အမေအမေ့ကျေးဇူးစပ်နိုင်ကြပါစေ

Leave a Reply

Your email address will not be published. Required fields are marked *