ၿမိဳင္၊ လင္းကေတာ႐ြာ ရဲစခန္းကို PDF တပ္မ်ားကတိုက္၊ စစ္တပ္က ရဟတ္ ယာဥ္ ၂ စီးျဖင့္ ျပန္ပစ္ၿပီး စစ္အင္အားအမ်ားအျပားခ်ထား

ရန္ကုန္၊ ေအာက္တိုဘာ ၂၁

မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ လင္းကေတာ႐ြာ ရဲစခန္းကို ကာကြယ္ေရး တပ္ဖြဲ႕မ်ား ယေန႔ နံနက္ပိုင္းတြင္ ပစ္ခတ္ တိုက္ခိုက္ ခဲ့ေၾကာင္း သိရသည္

ေအာက္တိုဘာလ ၂၁ ရက္ေန႔ နံနက္ပိုင္းတြင္ ၿမိဳင္ၿမိဳ႕နယ္ အေရွ႕ေျမာက္ပိုင္းရွိ လင္းကေတာ ေက်း႐ြာရဲစခန္းကို ေဒသ ကာကြယ္ေရး တပ္ဖြဲ႕မ်ားမွ သြားေရာက္ပစ္ခတ္ တိုက္ခိုက္ ခဲ့ေၾကာင္း သိရသည္

ထိေတြ႕တိုက္ပြဲ ျဖစ္ပြားၿပီးေနာက္ မြန္းလြဲ ၃ နာရီခန႔္တြင္ စစ္တပ္က Mi 35 ရဟတ္ယာဥ္ ႏွစ္စီးျဖင့္ မိနစ္ ၂၀ ခန႔္ လာေရာက္ ပစ္ခတ္ခဲ့ေၾကာင္း သိရွိရပါသည္

လက္ရွိခ်ိန္တြင္ စကစ စစ္တပ္သည္ တြင္းမေက်း႐ြာ၌ ၁၂ ဘီးကား ၁ စီး၊ ၆ဘီးကား ၁ စီး၊ ကားေလး ၁ စီးျဖင့္ အင္အား ၂၀၀ ခန႔္ ေရာက္ရွိေနေၾကာင္း သိရသည္

သက္ဆိုင္ရာ အဖြဲ႕‌ေတြအေနနဲ႔ တရားဝင္ထုတ္ျပန္ျခင္းမရွိေသးလို႔ အေသး စိတ္ အေျခအေနေတာ့ မသိရေသးဘူး။ ထိခိုက္က်ဆုံးမႈ အေျခအေနလည္း အတည္ျပဳလို႔မရေသးဘူး ၿမိဳင္ၿမိဳ႕ ေႏြဦးေတာ္လွန္ေရး အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္

ဓာတ္ပုံ – ယခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္ေန႔ ၿမိဳင္ၿမိဳ႕နယ္၊ လင္းကေတာ ရဲစခန္းကို PDF က ဝင္တိုက္ခိုက္စဥ္ စခန္းကို မီးရႈိ႕ရွင္းလင္းမႈ ျမင္ကြင္းမ်ား Crd- Khit Thit

===========

မြိုင်၊ လင်းကတောရွာ ရဲစခန်းကို PDF တပ်များကတိုက်၊ စစ်တပ်က ရဟတ် ယာဉ် ၂ စီးဖြင့် ပြန်ပစ်ပြီး စစ်အင်အားအများအပြားချထား

ရန်ကုန်၊ အောက်တိုဘာ ၂၁

မကွေးတိုင်း မြိုင်မြို့နယ် လင်းကတောရွာ ရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့နယ် အရှေ့မြောက်ပိုင်းရှိ လင်းကတော ကျေးရွာရဲစခန်းကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များမှ သွားရောက်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်

ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်တပ်က Mi 35 ရဟတ်ယာဉ် နှစ်စီးဖြင့် မိနစ် ၂၀ ခန့် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်

လက်ရှိချိန်တွင် စကစ စစ်တပ်သည် တွင်းမကျေးရွာ၌ ၁၂ ဘီးကား ၁ စီး၊ ၆ဘီးကား ၁ စီး၊ ကားလေး ၁ စီးဖြင့် အင်အား ၂၀၀ ခန့် ရောက်ရှိနေကြောင်း သိရသည်

သက်ဆိုင်ရာ အဖွဲ့‌တွေအနေနဲ့ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးလို့ အသေး စိတ် အခြေအနေတော့ မသိရသေးဘူး။ ထိခိုက်ကျဆုံးမှု အခြေအနေလည်း အတည်ပြုလို့မရသေးဘူး မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်

ဓာတ်ပုံ – ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို PDF က ဝင်တိုက်ခိုက်စဉ် စခန်းကို မီးရှို့ရှင်းလင်းမှု မြင်ကွင်းများ Crd- Khit Thit

Leave a Reply

Your email address will not be published. Required fields are marked *