ေကာ့ကရိတ္ၿမိဳ႕တိုက္ပြဲတြင္ လက္နက္အမ်ားအျပား သိမ္းဆည္းရမိၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ဖမ္းဆီးခံရ

သြင္ထူးဈာန္

(မဇၩိမ)။ ။ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ ယေန႔နံနက္ပိုင္း ၈နာရီဝန္းက်င္က စစ္ေကာင္စီတပ္ႏွင့္ ေကာ္သူးေလတပ္မေတာ္(KTLA)၊ PDF ပူးေပါင္းတပ္တို႔ ျပင္းထန္စြာတိုက္ပြဲျဖစ္ပြားေနၿပီး စစ္ေကာင္စီတပ္ဖြဲ႕ထံမွ လက္နက္အမ်ားအျပား သိမ္းဆည္းရမိခဲ့ကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္အမ်ားအျပား ဖမ္ဆီးခံခဲ့ရေၾကာင္း က်ားျဖဴစစ္ေၾကာင္း တပ္ခြဲ (၅)ထံမွသိရသည္

“က်ေနာ္တို႔ အခုတိုက္ပြဲက စစ္စမ္းတာေပါ့၊ ပြင့္လင္းရာသီေရာက္တဲ့အခ်ိန္မွာ က်ေနာ္တို႔ ဘယ္ေလာက္လုပ္ႏိုင္လဲဆိုတာ စမ္းတဲ့သေဘာပါ၊ အမ်ားေျပာသလို မဟုတ္ပါဘူး၊ လက္နက္ေတြလည္း ရထားတယ္၊ အေလာင္းေတြလည္း ရထားတယ္၊ စစ္ေကာင္စီတပ္သားေတြကို ဖမ္းမိထားတာေတြရွိတယ္၊

အခုေတာ့ ႏွစ္ဖက္စလုံး ေနရာယူထားၾကတယ္ေပါ့၊ ၿမိဳ႕တြင္းတိုက္ပြဲေတြကို ေစာအယ္ေစးဝါးက ဦးေဆာင္တယ္ေပါ့၊ က်န္တဲ့ လမ္းပိုင္းေတြက အျခားနယ္ေျမခံေတြက ဦးေဆာင္ၾကတယ္ေပါ့၊ ထိန္းခ်ဳပ္ထားတယ္ဆိုတာက အခုမွမဟုတ္ပါဘူး၊

ဒီနယ္ေျမကို က်ေနာ္တို႔ က်ားျဖဴစစ္ေၾကာင္းက လြန္ခဲ့တဲ့ ေျခာက္လေလာက္ကတည္းက စုဖြဲ႕မႈေတြနဲ႔ ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြပါ” ဟု က်ားျဖဴစစ္ေၾကာင္း တပ္ခြဲ(၅)မွ တပ္ခြဲမႉး ကိုမန္းဇြဲမွ ေျပာသည္

အဆိုပါ တိုက္ပြဲတြင္ ဗ်ဴဟာမႉးဗိုလ္ေစာအယ္ေစးဝါး ဦးေဆာင္သည့္ Lion Battalionစစ္ေၾကာင္း(KTLA)၊ က်ားျဖဴစစ္ေၾကာင္း၊ နဂါးျဖဴ စစ္ေၾကာင္း၊ ဒ႐ုန္းတပ္ဖြဲ႕၊ ပူးေပါင္းတပ္ဖြဲ႕တို႔မွ တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္

စစ္ေကာင္စီဘက္မွ အထိအခိုက္အက်အဆုံးမ်ားေနျခင္းေၾကာင့္ လက္နက္ႀကီးမ်ားပစ္ခတ္ျခင္း၊ တိုက္ေလယာဥ္ ေလးစီးျဖင့္ ေကာ့ကရိတ္ၿမိဳ႕ထဲကို ဗုံးႀကဲတိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ျပည္သူ သုံးဦးေသဆုံးကာ ျပည္သူအေယာက္၂၀ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္အထိ စစ္ေကာင္စီတပ္ႏွင့္ KTLA,PDFပူးေပါင္းတပ္တို႔ တိုက္ပြဲျဖစ္ပြားေနဆဲ ျဖစ္သည္

စာတည္း – သန႔္ေဇာ္(သန္လ်င္)

mizzima

=========

ကော့ကရိတ်မြို့တိုက်ပွဲတွင် လက်နက်အများအပြား သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရ

သွင်ထူးဈာန်

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်(KTLA)၊ PDF ပူးပေါင်းတပ်တို့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဖမ်ဆီးခံခဲ့ရကြောင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ (၅)ထံမှသိရသည်

“ကျနော်တို့ အခုတိုက်ပွဲက စစ်စမ်းတာပေါ့၊ ပွင့်လင်းရာသီရောက်တဲ့အချိန်မှာ ကျနော်တို့ ဘယ်လောက်လုပ်နိုင်လဲဆိုတာ စမ်းတဲ့သဘောပါ၊ အများပြောသလို မဟုတ်ပါဘူး၊ လက်နက်တွေလည်း ရထားတယ်၊ အလောင်းတွေလည်း ရထားတယ်၊ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိထားတာတွေရှိတယ်၊

အခုတော့ နှစ်ဖက်စလုံး နေရာယူထားကြတယ်ပေါ့၊ မြို့တွင်းတိုက်ပွဲတွေကို စောအယ်စေးဝါးက ဦးဆောင်တယ်ပေါ့၊ ကျန်တဲ့ လမ်းပိုင်းတွေက အခြားနယ်မြေခံတွေက ဦးဆောင်ကြတယ်ပေါ့၊ ထိန်းချုပ်ထားတယ်ဆိုတာက အခုမှမဟုတ်ပါဘူး၊

ဒီနယ်မြေကို ကျနော်တို့ ကျားဖြူစစ်ကြောင်းက လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက စုဖွဲ့မှုတွေနဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေပါ” ဟု ကျားဖြူစစ်ကြောင်း တပ်ခွဲ(၅)မှ တပ်ခွဲမှူး ကိုမန်းဇွဲမှ ပြောသည်

အဆိုပါ တိုက်ပွဲတွင် ဗျူဟာမှူးဗိုလ်စောအယ်စေးဝါး ဦးဆောင်သည့် Lion Battalionစစ်ကြောင်း(KTLA)၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူ စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့၊ ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်

စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများနေခြင်းကြောင့် လက်နက်ကြီးများပစ်ခတ်ခြင်း၊ တိုက်လေယာဉ် လေးစီးဖြင့် ကော့ကရိတ်မြို့ထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ သုံးဦးသေဆုံးကာ ပြည်သူအယောက်၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နှင့် KTLA,PDFပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်

စာတည်း – သန့်ဇော်(သန်လျင်)

mizzima

Leave a Reply

Your email address will not be published. Required fields are marked *