မႏၲေလး ျမန္မာ့စီးပြါးေရးဘဏ္မွာ စစ္ေကာင္စီ သစၥာခံ ဘဏ္ဝန္ထမ္းက က်ပ္သိန္း(၆၀၀0)ေက်ာ္ အလြဲသုံးစားလုပ္ကာ ထြက္ေျပးဟုဆို

MFP ၊ ေအာက္တိုဘာ – ၁၇

မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ (၈၃)လမ္းႏွင့္ (၂၄)လမ္းေထာင့္၊ ျမန္မာ့စီးပြါးေရးဘဏ္၊ ဘဏ္ခြဲ(၂) က စစ္ေကာင္စီ သစၥာခံ ဝန္ထမ္းတစ္ဦး က်ပ္သိန္း(၆၀၀၀)ေက်ာ္ အလြဲသုံးစားလုပ္ၿပီး ထြက္ေျပးေနတယ္လို႔ နီးစပ္သူေတြက ဆိုပါတယ္

မႏၲေလး၊ ျမန္မာ့စီးပြားေရးဘဏ္၊ ဘဏ္ခြဲ(၂)က စစ္ေကာင္စီ သစၥာခံ ဘဏ္ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးဟာ က်ပ္သိန္း(၆၀၀၀)ကို တစ္ခ်ီတည္း ထုတ္ယူတာမဟုတ္ဘဲ နည္းနည္းစီ ထုတ္ယူၿပီး ေအာက္တိုဘာလဆန္းမွာ ထြက္ေျပးသြားတာလို႔ ဆိုပါတယ္

“ အခ်ိဳ႕က ကိုယ္တိုင္လာမထုတ္ၾကဘူး၊ ဘဏ္ဝန္ထမ္းေတြကိုပဲ လႊဲၿပီး ထုတ္ခိုင္းတတ္ၾကတယ္၊ ဘယ္ေငြေတြ ဘယ္လို အလြဲသုံးစား လုပ္တယ္ဆိုတာေတာ့ အတိအက် မသိဘူး“ လို႔ ဘဏ္ဝန္ထမ္းေတြနဲ႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္

လက္ရွိမွာ စစ္အုပ္စုက က်န္ရစ္တဲ့ ဘဏ္ဝန္ထမ္းေတြကို ေန႔စဥ္လိုလို စစ္ေဆးေနၿပီး အခ်ိဳ႕ကို ည (၈) နာရီမွ အိမ္ျပန္လႊတ္ကာ သတင္းမေပါက္ၾကားဖို႔ ၿခိမ္းေျခာက္ေနတယ္လို႔လည္း ဆိုပါတယ္

ျမန္မာ့စီးပြါးေရးဘဏ္၊ မႏၲေလး ဘဏ္ခြဲ(၂) ေရွ႕မွာ ေတြ႕၇တဲ့ စစ္ေကာင္စီ သစၥာခံ လက္နက္ကိုင္တခ်ိဳ႕/Photo – CJ

==========

မန္တလေး မြန်မာ့စီးပွါးရေးဘဏ်မှာ စစ်ကောင်စီ သစ္စာခံ ဘဏ်ဝန်ထမ်းက ကျပ်သိန်း(၆၀၀0)ကျော် အလွဲသုံးစားလုပ်ကာ ထွက်ပြေးဟုဆို

MFP ၊ အောက်တိုဘာ – ၁၇

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၈၃)လမ်းနှင့် (၂၄)လမ်းထောင့်၊ မြန်မာ့စီးပွါးရေးဘဏ်၊ ဘဏ်ခွဲ(၂) က စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတစ်ဦး ကျပ်သိန်း(၆၀၀၀)ကျော် အလွဲသုံးစားလုပ်ပြီး ထွက်ပြေးနေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်

မန္တလေး၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၂)က စစ်ကောင်စီ သစ္စာခံ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးဟာ ကျပ်သိန်း(၆၀၀၀)ကို တစ်ချီတည်း ထုတ်ယူတာမဟုတ်ဘဲ နည်းနည်းစီ ထုတ်ယူပြီး အောက်တိုဘာလဆန်းမှာ ထွက်ပြေးသွားတာလို့ ဆိုပါတယ်

“ အချို့က ကိုယ်တိုင်လာမထုတ်ကြဘူး၊ ဘဏ်ဝန်ထမ်းတွေကိုပဲ လွှဲပြီး ထုတ်ခိုင်းတတ်ကြတယ်၊ ဘယ်ငွေတွေ ဘယ်လို အလွဲသုံးစား လုပ်တယ်ဆိုတာတော့ အတိအကျ မသိဘူး“ လို့ ဘဏ်ဝန်ထမ်းတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်

လက်ရှိမှာ စစ်အုပ်စုက ကျန်ရစ်တဲ့ ဘဏ်ဝန်ထမ်းတွေကို နေ့စဉ်လိုလို စစ်ဆေးနေပြီး အချို့ကို ည (၈) နာရီမှ အိမ်ပြန်လွှတ်ကာ သတင်းမပေါက်ကြားဖို့ ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်

မြန်မာ့စီးပွါးရေးဘဏ်၊ မန္တလေး ဘဏ်ခွဲ(၂) ရှေ့မှာ တွေ့၇တဲ့ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တချို့/Photo – CJ

 

Leave a Reply

Your email address will not be published. Required fields are marked *