ေကာ့ကရိတ္ ၿမိဳ႕သိမ္းတိုက္ပြဲ ဆင္ႏြဲေနၿပီျဖစ္၍ ျပည္သူမ်ား ကူညီေထာက္ပံ့ၾကရန္ Lion Battalion Commando စစ္ေၾကာင္းက အေရးေပၚ ေမတၱာရပ္ခံ

ရန္ကုန္၊ ေအာက္တိုဘာ ၂၁

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ရွိ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားကို ထိုးစစ္ဆင္ တိုက္ခိုက္ေနၿပီး ၿမိဳ႕သိမ္းတိုက္ပြဲ ဆင္ႏႊဲေနၿပီျဖစ္၍ ျပည္သူမ်ားအေနျဖင့္ ေထာက္ပံ့ကူညီၾကရန္ Lion Battalion Commando က တရားဝင္ ေမတၱာ ရပ္ခံ ေၾကညာ သည္။

Lion Battalion Commando -ဗ်ဴဟာစစ္ေၾကာင္း၏ ဗ်ဴဟာမႉး ဗိုလ္အယ္ေစးဝါး ဦးေဆာင္ကာ မဟာမိတ္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားႏွင့္အတူ ၿမိဳ႕သိမ္း တိုက္ပြဲကို စတင္ဆင္ႏြဲေနၿပီျဖစ္ေၾကာင္း၊ ၿမိဳ႕ျပအနီးကပ္တိုက္ပြဲျဖစ္သည့္အ တြက္ တိုက္ပြဲဝင္ ရဲေဘာ္မ်ားအတြက္ က်ည္ကာအပါအဝင္ စစ္ေရးအ ေထာက္ အပံ့ပစၥည္းမ်ားလည္း လိုအပ္လ်က္ရွိပါသျဖင့္ မိဘျပည္သူမ်ားအေနျဖင့္ မိမိတတ္ႏိုင္သည့္ ဘက္မွ ပါဝင္ကူညီေပးၾကပါရန္ ေမတၱာရပ္ခံလိုေၾကာင္း သတင္း ထုတ္ျပန္သည္။

Lion Battalion – ဗ်ဴဟာစစ္ေၾကာင္း ႏွင့္သက္ဆိုင္ေသာ စစ္ေရးသတင္းမ်ားကို စစ္ေၾကာင္း၏ တရားဝင္လူမႈ႕ ကြန္ယက္စာမ်က္ႏွာျဖစ္ေသာ Lion Battalion Commando Special Force ၏ Facebook Page မွ အခ်ိန္ႏွင့္တေျပးညီထုတ္ျပန္ေၾကညာသြားမည္ျဖစ္ေၾကာင္း၊

သတင္းမီဒီယာမ်ားအေနျဖင့္လည္း LionBattalion-ဗ်ဴဟာစစ္ေၾကာင္း ၏စစ္ဆင္ေရးႏွင့္သက္ဆိုင္ေသာသတင္းမ်ားေဖာ္ျပေရးသားရာတြင္လည္းLion Battalion Commando Special Force ၏ Facebook Page မွ တရားဝင္ထုတ္ျပန္မွသာ အတည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာသည္။

ဆက္သြယ္လႉဒါန္းလိုေသာ ျပည္သူမ်ားအေနျဖင့္ https://web.facebook.com/profile.php?id=100084085624522 ကို ဆက္သြယ္၍ ၿမိဳ႕သိမ္းတိုက္ပြဲအတြက္ အျမန္ဆုံးေထာက္ပံ့ကူညီၾကရန္ ေၾကညာထားသည္။

ျပည္သူမ်ားအေနျဖင့္ Signal phone number +66944256431 သို႔ ဆက္သြယ္ၿပီး မည္သို႔ မည္ပုံ ေငြလႉဒါန္း ေထာက္ပံ့ႏိုင္သည္ကို စုံစမ္းေမးျမန္းႏိုင္ေၾကာင္း Lion Battalion Commando မွ တာဝန္ခံက ေျပာဆိုသည္။

========

ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေပြီဖြစ်၍ ပြည်သူများ ကူညီထောက်ပံ့ကြရန် Lion Battalion Commando စစ်ကြောင်းက အရေးပေါ် မေတ္တာရပ်ခံ

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီဖြစ်၍ ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီကြရန် Lion Battalion Commando က တရားဝင် မေတ္တာ ရပ်ခံ ကြေညာ သည်။

Lion Battalion Commando -ဗျူဟာစစ်ကြောင်း၏ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်ကာ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ မြို့သိမ်း တိုက်ပွဲကို စတင်ဆင်နွဲနေပြီဖြစ်ကြောင်း၊ မြို့ပြအနီးကပ်တိုက်ပွဲဖြစ်သည့်အ တွက် တိုက်ပွဲဝင် ရဲဘော်များအတွက် ကျည်ကာအပါအဝင် စစ်ရေးအ ထောက် အပံ့ပစ္စည်းများလည်း လိုအပ်လျက်ရှိပါသဖြင့် မိဘပြည်သူများအနေဖြင့် မိမိတတ်နိုင်သည့် ဘက်မှ ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံလိုကြောင်း သတင်း ထုတ်ပြန်သည်။

Lion Battalion – ဗျူဟာစစ်ကြောင်း နှင့်သက်ဆိုင်သော စစ်ရေးသတင်းများကို စစ်ကြောင်း၏ တရားဝင်လူမှု့ ကွန်ယက်စာမျက်နှာဖြစ်သော Lion Battalion Commando Special Force ၏ Facebook Page မှ အချိန်နှင့်တပြေးညီထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊

သတင်းမီဒီယာများအနေဖြင့်လည်း LionBattalion-ဗျူဟာစစ်ကြောင်း ၏စစ်ဆင်ရေးနှင့်သက်ဆိုင်သောသတင်းများဖော်ပြရေးသားရာတွင်လည်းLion Battalion Commando Special Force ၏ Facebook Page မှ တရားဝင်ထုတ်ပြန်မှသာ အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

ဆက်သွယ်လှူဒါန်းလိုသော ပြည်သူများအနေဖြင့် https://web.facebook.com/profile.php?id=100084085624522 ကို ဆက်သွယ်၍ မြို့သိမ်းတိုက်ပွဲအတွက် အမြန်ဆုံးထောက်ပံ့ကူညီကြရန် ကြေညာထားသည်။

ပြည်သူများအနေဖြင့် Signal phone number +66944256431 သို့ ဆက်သွယ်ပြီး မည်သို့ မည်ပုံ ငွေလှူဒါန်း ထောက်ပံ့နိုင်သည်ကို စုံစမ်းမေးမြန်းနိုင်ကြောင်း Lion Battalion Commando မှ တာဝန်ခံက ပြောဆိုသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *