












Spring Mandalay

==========

မန္တလေးဟာ ဒီလိုပဲ စစ်ကျွန်ခံသွားတော့မှာလား

ပိုက်ဆံချမ်းသာသော်လဲ စစ်ကျွန်ဖြစ်နေသော မန္တလေး ——

နယ်ကလူတွေ တိုက်နိုင်တဲ့သူတွေကတိုက်

သူဌေးတွေက PDF တွေကို သိန်းထောင်ချီကူနေတဲ့ အချိန်မှာ

မန္တလေးမြို့ပေါ်က မန္တလေးသား မန္တလေးသူတွေ

စစ်တိုက်နိုင်တဲ့သူတွေ အကုန်လုံးပြင်ဆင်ထားဖို့လိုတယ်

တဖြည်းဖြည်းနဲ့ စစ်ဘောင်ကျယ်လာပြီး

တိုက်ပွဲဝင်မဲ့သူတွေမရှိတဲ့နေရာ ကာကွယ်ရေးတပ်ဖွဲ့တွေ မရှိတဲ့နေရာတွေကို

စစ်တပ်က ကျွန်လိုသဘောထားပြီး ဖိနှိပ်လိမ့်မယ်

ကျွန်လို ဆက်ဆံပြီး အဖိနှိပ်မခံချင်ရင်

တခြား မြို့တွေ နယ်တွေ က တိုက်ပွဲဝင်နေတာကိုထိုင်မကြည့်ပဲ မြို့ပေါ်မှာ နေသာသလိုမနေနဲ့

တက်နိုင်တဲ့နေရာက ဝင်တိုက်နိုင်အောင်ပြင်ဆင်သင့်ပြီ

မန္တလေးဟာ ဒီလိုပဲ စစ်ကျွန်ခံသွားတော့မှာလား

Spring Mandalay

 

Leave a Reply

Your email address will not be published. Required fields are marked *