KNU၊ PDF ပူးေပါင္းတပ္မ်ား ေကာ့ကရိတ္ၿမိဳ႕မရဲစခန္းကို တိုက္ခိုက္၊ အခ်ဳပ္ခန္းပြင့္ၿပီး အခ်ဳပ္သားမ်ား လြတ္ေျမာက္သြား၊ စစ္ေကာင္စီက MIG-29 တိုက္ေလယာဥ္ မ်ားျဖင့္ အဆက္မျပတ္ တိုက္ခိုက္ေန

ဧရာဝတီတိုင္းမ္

ေအာက္တိုဘာလ ၂၁ ရက္

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ေပၚတြင္ ယေန႔ (စက္တင္ဘာလ ၂၁ ရက္) မနက္ ၈ နာရီခန႔္ကစတင္၍ ေကာ့ကရိတ္ၿမိဳ႕ရွိ စစ္ေကာင္စီတပ္မ်ားကို ကရင့္အမ်ိဳးသားအစည္းအ႐ုံး – KNU ႏွင့္ PDF ပူးေပါင္းတပ္ဖြဲ႕မ်ားက ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲမ်ား ျပင္းထန္ေနဆဲျဖစ္ေၾကာင္း သတင္းရရွိသည္

KNU ႏွင့္ PDF ပူးေပါင္းတပ္ဖြဲ႕မ်ားက ေကာ့ကရိတ္ၿမိဳ႕မရဲစခန္းႏွင့္ ေထြအုပ္႐ုံးမ်ားကို ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ရာ ရဲစခန္းမွ အခ်ဳပ္ခန္းပြင့္သြားခဲ့ၿပီး စစ္ေကာင္စီဖမ္းထားေသာ အခ်ဳပ္သားမ်ား လြတ္ေျမာက္သြားေၾကာင္း၊ ေကာ့ကရိတ္ၿမိဳ႕အစပ္ အနီးတဝိုက္သို႔ စစ္တပ္က MIG-29 တိုက္ေလယာဥ္မ်ားျဖင့္ အဆက္မျပတ္ တိုက္ခိုက္ေနေၾကာင္း ေျမျပင္၌တိုက္ပြဲဝင္ေနသည့္ ေတာ္လွန္ေရးအင္အားစုမ်ားထံက သိရသည္

“ေကာ့ကရိတ္ၿမိဳ႕မရဲစခန္းနဲ႔ ေထြအုပ္႐ုံးကို ဝင္စီးတယ္။ အခ်ဳပ္ခန္းပြင့္သြားၿပီး အခ်ဳပ္သားေတြ လြတ္သြားတယ္။ တိုက္ပြဲက အျပင္းအထန္ျဖစ္ေနတုန္းပဲ”ဟု ေကာ့ကရိတ္ၿမိဳ႕မွ ရဲတပ္ဖြဲ႕ႏွင့္နီးစပ္သူ ေဒသခံတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္

ေကာ့ကရိတ္ၿမိဳ႕တြင္း၌ တိုက္ပြဲမ်ားအျပင္းအထန္ျဖစ္ပြားေနၿပီး စစ္ေကာင္စီတပ္က ၿမိဳ႕တြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ပစ္ခတ္ေနရာ ေဒသခံ အနည္းဆုံး ၁ ဦးေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရသူမ်ားလည္းရွိေၾကာင္း၊ ေနအိမ္အေဆာက္အဦးမ်ားလည္း ထိခိုက္ပ်က္စီးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္

ထို႔ျပင္ စစ္ေကာင္စီတပ္က MIG-29 တိုက္ေလယာဥ္မ်ားျဖင့္ ေကာ့ကရိတ္ၿမိဳ႕အနီးေနရာမ်ားသို႔ ၆ ႀကိမ္ထက္မနည္း ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း၊ ဆက္လက္ၿပီး တိုက္ပြဲျပင္းထန္ေနဆဲျဖစ္ေၾကာင္း ေျမျပင္၌ တိုက္ပြဲဝင္ေနသူ ေတာ္လွန္ေရးအင္အားစုမ်ားထံက သိရသည္

Ayeyarwaddy_Times

========

KNU၊ PDF ပူးပေါင်းတပ်များ ကော့ကရိတ်မြို့မရဲစခန်းကို တိုက်ခိုက်၊ အချုပ်ခန်းပွင့်ပြီး အချုပ်သားများ လွတ်မြောက်သွား၊ စစ်ကောင်စီက MIG-29 တိုက်လေယာဉ် များဖြင့် အဆက်မပြတ် တိုက်ခိုက်နေ

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၂၁ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယနေ့ (စက်တင်ဘာလ ၂၁ ရက်) မနက် ၈ နာရီခန့်ကစတင်၍ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်များကို ကရင့်အမျိုးသားအစည်းအရုံး – KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်

KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ကော့ကရိတ်မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှ အချုပ်ခန်းပွင့်သွားခဲ့ပြီး စစ်ကောင်စီဖမ်းထားသော အချုပ်သားများ လွတ်မြောက်သွားကြောင်း၊ ကော့ကရိတ်မြို့အစပ် အနီးတဝိုက်သို့ စစ်တပ်က MIG-29 တိုက်လေယာဉ်များဖြင့် အဆက်မပြတ် တိုက်ခိုက်နေကြောင်း မြေပြင်၌တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအင်အားစုများထံက သိရသည်

“ကော့ကရိတ်မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဝင်စီးတယ်။ အချုပ်ခန်းပွင့်သွားပြီး အချုပ်သားတွေ လွတ်သွားတယ်။ တိုက်ပွဲက အပြင်းအထန်ဖြစ်နေတုန်းပဲ”ဟု ကော့ကရိတ်မြို့မှ ရဲတပ်ဖွဲ့နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်

ကော့ကရိတ်မြို့တွင်း၌ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေရာ ဒေသခံ အနည်းဆုံး ၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်းရှိကြောင်း၊ နေအိမ်အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်

ထို့ပြင် စစ်ကောင်စီတပ်က MIG-29 တိုက်လေယာဉ်များဖြင့် ကော့ကရိတ်မြို့အနီးနေရာများသို့ ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဆက်လက်ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း မြေပြင်၌ တိုက်ပွဲဝင်နေသူ တော်လှန်ရေးအင်အားစုများထံက သိရသည်

Ayeyarwaddy_Times

Leave a Reply

Your email address will not be published. Required fields are marked *