

ရန်ကုန်၊ အောက်တိုဘာ ၂၀





Video Credit – Justice Soldier- PDF။

==========

ကယ်ရီသမားဟန်ဆောင်ပြီး ထောက်လှမ်းရေး လာလုပ်နေသည့် ဒုအရာခံဗိုလ် စိုးမြင့် ကားတစ်စီး နှင့်အတူ ဖမ်းဆီးရမိ

ကရင်ပြည်နယ်တွင် ထောက်လှမ်းရေးလုပ်နေသည့် ဒုအရာခံဗိုလ် စိုးမြင့်ဆိုသူကို ပစ္စတိုသေနတ်၊ လက်ပစ်ဗုံး၊ ကားတစ်စီး နှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၂၀

ကရင်ပြည်နယ်၊ ကျားဖြူစစ်ကြောင်းထိန်းချုပ်နယ်မြေ ၅ တွင် ကယ်ရီသမား ဟန် ဆောင်ပြီး ထောက်လှမ်းရေး လာလုပ်သည့် ဒုအရာခံဗိုလ်စိုးမြင့် ဆိုသူကို ပစ္စတို၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့်အတူ Justice Soldier- PDF ပူးပေါင်း Lion စစ်ကြောင်းတို့က ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာ အဖွဲ့များက သတင်းထုတ်ပြန်ထား သ ည်။

Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်းနှင့် KTL Army မဟာမိတ်ပူးပေါင်းစစ်ကြောင်းများ စစ်ရေး လှုပ်ရှားနေသည့်နယ်မြေအတွင်းသို့ ကယ်ရီသမား အသွင်ယူထားသည့် စစ်ကောင်စီထောက်လှမ်းရေးမှုးတစ်ဦးကို ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း၊ သက်သေခံ ဆက်စပ်ပစ္စည်း များနှင့် ဖမ်းဆီးရမိကြောင်း၊

စစ်ဆေးတွေ့ရှိချက်များအရ ၎င်း ၏အမည်မှာ စိုးမြင့်ဆိုသူဖြစ်ပြီး ခလရ ၉၇တွင် အရာခံဗိုလ်ရာထူးဖြင့်နောက် ဆုံး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူကို စစ်သုံ့ပန်း ဥပဒေနှင့်အတူ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *