ေကာ့ကရိတ္ဘက္မွာ ပြဲ ေတြ အႀကီးအက်ယ္ျဖစ္ေနပါတယ္၊ ျမဝတီကို လာမယ့္သူေတြ၊ ျမဝတီကေနျပန္မယ့္သူေတြ အထူးဂ႐ုစိုက္ၾကပါေနာ္

ေကာ့ကရိတ္ တိုက္ပြဲတြင္ စ္ေကာင္စီဘက္မွ အထိနာၿပီး တိုက္ေလယာဥ္ျဖင့္ ၆ ႀကိမ္ခန႔္ ပစ္ခတ္တိုက္ခိုက္ေန

ရန္ကုန္၊ ေအာက္တိုဘာ ၂၁

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕တြင္ ေအာက္တိုဘာလ ၂၁ ရက္ ယေန႔ နံနက္တြင္ အၾကမ္းဖက္စစ္တပ္ႏွင့္ KNLA ပူးေပါင္းတပ္ဖြဲ႕မ်ားၾကား တိုက္ပြဲမ်ားျပင္းထန္ေနၿပီး စစ္ေကာင္စီဘက္မွ အထိနာသျဖင့္ ေလေၾကာင္းမွတဆင့္ ပစ္ခတ္တိုက္ခိုက္ေနၿပီး အမ်ားျပည္သူပိုင္ ေနအိမ္ၿခံဝန္းမ်ားအတြင္း ဒုံးက်ည္၊ လက္နက္ႀကီးမ်ား က်ေရာက္ေပါက္ကြဲကာ ေနအိမ္ ထိခိုက္ပ်က္စီးမႈမ်ား၊ လူထိခိုက္ေသဆုံးမႈမ်ား ရွိေၾကာင္း သတင္းရရွိသည္

ယေန႔နံနက္ ၇ နာရီခြဲခန႔္တြင္ KNLA၊ ေကာ္သူးေလ Army၊ PDF ပူးေပါင္းတပ္ဖြဲ႕မ်ားက ေကာ့ကရိတ္ၿမိဳ႕၊ အမွတ္ ၇ ရပ္ကြက္ ေကာ့ကရိတ္-ျမဝတီလမ္းေဟာင္းေပၚရွိ ခ႐ိုင္ရဲတပ္ဖြဲ႕႐ုံးႏွင့္ ေထြအုပ္႐ုံးမ်ားကို ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီဘက္မွ အထိနာသျဖင့္ လက္နက္ႀကီးမ်ားျဖင့္ ျပန္လည္ရမ္းသန္း ပစ္ခတ္ေနခဲ့ကာ နံနက္ ၁၀ နာရီ ၁၅ မိနစ္ဝန္းက်င္မွ စတင္ကာ တိုက္ေလယာဥ္မ်ားျဖင့္ ပစ္ကူေပးေနျခင္းျဖစ္သည္

“လက္နက္ႀကီးလည္း ေတာက္ေလွ်ာက္ပစ္တယ္၊ ပြဲမွာ ေခြးေတြ အေသမ်ားတယ္၊ ေလယာဥ္နဲ႔ လာပစ္တာ၊ ၆ ႀကိမ္ေလာက္ ရွိေနၿပီ” ဟု ေကာ့ကရိတ္တြင္ ကိုယ္တိုင္သြားေရာက္တိုက္ခိုက္ေနေသာ PDF တစ္ဦးက ေျပာသည္
လက္နက္ႀကီး ထိမွန္ၿပီး ျပည္သူတစ္ဦး ေသဆုံးထားသလို ဒဏ္ရာရသူမ်ားလည္း ရွိေၾကာင္း ၿမိဳ႕တြင္း၌ လူနာတင္ကား သြားလာမႈမ်ား ရွိေနေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္

“အမွတ္ ၇ ရပ္ကြက္၊ တံတားဦးရပ္၊ စံပယ္ျဖဴလမ္းထဲက လူေနအိမ္ ၿခံဝင္းအေနာက္မွာ တိုက္ေလယာဥ္က ပစ္တဲ့ ဒုံးက်ည္ ေပါက္ကြဲပါတယ္၊ လူေနအိမ္မ်ားတုန္ခါသြားတယ္၊ အိမ္မ်က္ႏွာခ်က္မ်ားၿပိဳက်တယ္။ တံတားဦးဘက္မွ ထိခိုက္ဒဏ္ရာလူနာမ်ားရွိေနပါတယ္၊ အခု ၁၁ နာရီမွာ လက္နက္ႀကီး ပစ္သံ ၾကားေနတုန္းပဲ၊ ၉၇ ထဲက ပစ္တာ” ဟု ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္

ေကာ့ကရိတ္ၿမိဳ႕တြင္ အၾကမ္းဖက္စစ္တပ္၏ ခလရ ၉၇ အေျခစိုက္ထားၿပီး အဆိုပါ တပ္ရင္းမွ တိုက္ပြဲျဖစ္ပြားရာ ေနရာမ်ားသို႔ လက္နက္ႀကီးမ်ား ရမ္းသန္းပစ္ခတ္ေနျခင္းေၾကာင့္ ဘုန္းႀကီးေက်ာင္းအပါအဝင္ လူေနအိမ္ ၁၀ လုံးခန႔္ ထိခိုက္ပ်က္စီးေၾကာင္း ေဒသခံမ်ား ထံမွ သိရွိရသည္

လက္ရွိအခ်ိန္တြင္ စစ္ေကာင္စီဘက္မွ အထိနာေနေၾကာင္း သိရွိရၿပီး သီးျခားအတည္ျပဳႏိုင္ရန္ ရန္ကုန္ေခတ္သစ္က ဆက္လက္စုံစမ္းလွ်က္ရွိသည္

စစ္ေကာင္စီတပ္ဖြဲ႕ကို ေကာ္သူးေလ Army မွ Lion Battalion၊ KNLA ပူးေပါင္းတပ္ က်ားျဖဴစစ္ေၾကာင္း၊ နဂါးျဖဴ စစ္ေၾကာင္း၊ Eagle Brigades၊ Federal Wings တပ္ဖြဲ႕မ်ားက ပူးေပါင္းတိုက္ခိုက္ေနျခင္းျဖစ္သည္

ေကာ့ကရိတ္ၿမိဳ႕သည္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၆ နယ္ေျမအတြင္းရွိ ေကာ့ကရိတ္ၿမိဳ႕နယ္၊ အာရွလမ္းမ၊ ျမဝတီ-ေဝါေလကားလမ္း၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မ်ားတြင္ အၾကမ္းဖက္စစ္တပ္ႏွင့္ KNLA ပူးေပါင္းတပ္ဖြဲ႕ၾကား တိုက္ပြဲမ်ား ရက္ဆက္ ျဖစ္ပြားလွ်က္ရွိသည္

=========

ကော့ကရိတ်ဘက်မှာ ပွဲ တွေ အကြီးအကျယ်ဖြစ်နေပါတယ်၊ မြဝတီကို လာမယ့်သူတွေ၊ မြဝတီကနေပြန်မယ့်သူတွေ အထူးဂရုစိုက်ကြပါနော်

ကော့ကရိတ် တိုက်ပွဲတွင် စ်ကောင်စီဘက်မှ အထိနာပြီး တိုက်လေယာဉ်ဖြင့် ၆ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အောက်တိုဘာလ ၂၁ ရက် ယနေ့ နံနက်တွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်နေပြီး အများပြည်သူပိုင် နေအိမ်ခြံဝန်းများအတွင်း ဒုံးကျည်၊ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ နေအိမ် ထိခိုက်ပျက်စီးမှုများ၊ လူထိခိုက်သေဆုံးမှုများ ရှိကြောင်း သတင်းရရှိသည်

ယနေ့နံနက် ၇ နာရီခွဲခန့်တွင် KNLA၊ ကော်သူးလေ Army၊ PDF ပူးပေါင်းတပ်ဖွဲ့များက ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက် ကော့ကရိတ်-မြဝတီလမ်းဟောင်းပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် ထွေအုပ်ရုံးများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသန်း ပစ်ခတ်နေခဲ့ကာ နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှ စတင်ကာ တိုက်လေယာဉ်များဖြင့် ပစ်ကူပေးနေခြင်းဖြစ်သည်

“လက်နက်ကြီးလည်း တောက်လျှောက်ပစ်တယ်၊ ပွဲမှာ ခွေးတွေ အသေများတယ်၊ လေယာဉ်နဲ့ လာပစ်တာ၊ ၆ ကြိမ်လောက် ရှိနေပြီ” ဟု ကော့ကရိတ်တွင် ကိုယ်တိုင်သွားရောက်တိုက်ခိုက်နေသော PDF တစ်ဦးက ပြောသည်
လက်နက်ကြီး ထိမှန်ပြီး ပြည်သူတစ်ဦး သေဆုံးထားသလို ဒဏ်ရာရသူများလည်း ရှိကြောင်း မြို့တွင်း၌ လူနာတင်ကား သွားလာမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်

“အမှတ် ၇ ရပ်ကွက်၊ တံတားဦးရပ်၊ စံပယ်ဖြူလမ်းထဲက လူနေအိမ် ခြံဝင်းအနောက်မှာ တိုက်လေယာဉ်က ပစ်တဲ့ ဒုံးကျည် ပေါက်ကွဲပါတယ်၊ လူနေအိမ်များတုန်ခါသွားတယ်၊ အိမ်မျက်နှာချက်များပြိုကျတယ်။ တံတားဦးဘက်မှ ထိခိုက်ဒဏ်ရာလူနာများရှိနေပါတယ်၊ အခု ၁၁ နာရီမှာ လက်နက်ကြီး ပစ်သံ ကြားနေတုန်းပဲ၊ ၉၇ ထဲက ပစ်တာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်

ကော့ကရိတ်မြို့တွင် အကြမ်းဖက်စစ်တပ်၏ ခလရ ၉၇ အခြေစိုက်ထားပြီး အဆိုပါ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးကြောင်း ဒေသခံများ ထံမှ သိရှိရသည်

လက်ရှိအချိန်တွင် စစ်ကောင်စီဘက်မှ အထိနာနေကြောင်း သိရှိရပြီး သီးခြားအတည်ပြုနိုင်ရန် ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျှက်ရှိသည်

စစ်ကောင်စီတပ်ဖွဲ့ကို ကော်သူးလေ Army မှ Lion Battalion၊ KNLA ပူးပေါင်းတပ် ကျားဖြူစစ်ကြောင်း၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades၊ Federal Wings တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်

ကော့ကရိတ်မြို့သည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမ၊ မြဝတီ-ဝေါလေကားလမ်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားလျှက်ရှိသည်

Leave a Reply

Your email address will not be published. Required fields are marked *