Breaking News- လႈိင္ၿမိဳ႕နယ္တြင္ ခြင့္ျပန္လာသည့္ စစ္အရာရွိလင္မယား အပါအဝင္ ၃ ဦး ပစ္သတ္ခံရ ၊ စစ္တပ္က လမ္းပိတ္ၿပီး ရမ္းကား စစ္ေဆးေန

ရန္ကုန္၊ ေအာက္တိုဘာ ၂၀

ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္၊ သီရိၿမိဳင္ ၁၃ ရပ္ကြက္တြင္ ယေန႔ နံနက္ ပိုင္း ခြင့္ျဖင့္ ျပန္လာသည့္ စစ္အရာရွိ လင္မယား မိသားစု ၃ ဦး ပစ္သတ္ခံရေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္

ေအာက္တိုဘာလ ၂၀ ရက္ေန႔ နံနက္ ၉ နာရီ ၃၀ မိနစ္အခ်ိန္ လႈိင္ၿမိဳ႕နယ္၊ သီရိၿမိဳင္ ၁၃ ရပ္ကြက္ ဗဟိုလမ္းႏွင့္ ေပါင္း စည္းလမ္းထိပ္ သီရိၿမိဳင္မွတ္တိုင္အနီးတြင္ ခြင့္ျဖင့္ ျပန္လာသည့္ စစ္ေကာင္စီတပ္မွ အရာရွိ လင္မယားအပါအဝင္ မိသားစုဝင္ ၃ ဦး ပစ္ခတ္ခံရၿပီး ေသဆုံးျခင္းျဖစ္ေၾကာင္း သိရွိရသည္

” ပဲျပဳတ္ေရာင္းတဲ့အိမ္က စစ္ဗိုလ္လင္မယား ခြင့္နဲ႔ ျပန္လာတာ။ ဗဟိုလမ္းနဲ႔ ေပါင္းစည္းလမ္းထိပ္ သီရိၿမိဳင္မွတ္တိုင္နားမွာ ပစ္သတ္ခံရတယ္။ စစ္ဗိုလ္လင္မယားနဲ႔ အမ်ိဳးသားတစ္ဦး ၃ ဦးေသေနတယ္

အခု စစ္တပ္က လမ္းတျခမ္းကို ပိတ္ထားတယ္ ဗဟိုလမ္းကို။ စစ္ဗိုလ္က ခြင့္နဲ႔ ျပန္လာၿပီး သူ႔အမ်ိဳးေတြကို လာကန္ေတာ့တာ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္

ေနာက္ဆက္တြဲသတင္းမ်ားကို ဆက္လက္ေဖာ္ျပပါမည္

=======

Breaking News- လှိုင်မြို့နယ်တွင် ခွင့်ပြန်လာသည့် စစ်အရာရှိလင်မယား အပါအဝင် ၃ ဦး ပစ်သတ်ခံရ ၊ စစ်တပ်က လမ်းပိတ်ပြီး ရမ်းကား စစ်ဆေးနေ

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက်တွင် ယနေ့ နံနက် ပိုင်း ခွင့်ဖြင့် ပြန်လာသည့် စစ်အရာရှိ လင်မယား မိသားစု ၃ ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက် ဗဟိုလမ်းနှင့် ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်အနီးတွင် ခွင့်ဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်မှ အရာရှိ လင်မယားအပါအဝင် မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်

” ပဲပြုတ်ရောင်းတဲ့အိမ်က စစ်ဗိုလ်လင်မယား ခွင့်နဲ့ ပြန်လာတာ။ ဗဟိုလမ်းနဲ့ ပေါင်းစည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်နားမှာ ပစ်သတ်ခံရတယ်။ စစ်ဗိုလ်လင်မယားနဲ့ အမျိုးသားတစ်ဦး ၃ ဦးသေနေတယ်

အခု စစ်တပ်က လမ်းတခြမ်းကို ပိတ်ထားတယ် ဗဟိုလမ်းကို။ စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာပြီး သူ့အမျိုးတွေကို လာကန်တော့တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်

နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပါမည

Leave a Reply

Your email address will not be published. Required fields are marked *