အသက္ (၇၅) ႏွစ္အ႐ြယ္မိဘမ်ားကို စိတ္မခ်၍ ထြက္မေျပးခဲ့သည့္ အသက္(၄၀) ေက်ာ္အမ်ိဳးသားကို စစ္တပ္ကပစ္သတ္ (႐ုပ္သံ)

ေျမာင္၊ ေအာက္တိုဘာ (၁၉)

လူငယ့္ေခတ္

စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္ ေ႐ႊဘုံသာေက်း႐ြာသို႔ ယေန႔နံနက္က စစ္တပ္ဝင္လာစဥ္ အသက္ (၇၅) ႏွစ္အ႐ြယ္မိဘမ်ားကို စိတ္မခ်သျဖင့္ ထြက္မေျပးခဲ့သည့္ အသက္ (၄၅) ႏွစ္အ႐ြယ္အမ်ိဳးသားကို စစ္တပ္က ပစ္သတ္သြားေၾကာင္း ေျမာင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးႏွင့္လုံၿခဳံေရးအဖြဲ႕ (CDSOM) မွ သိရသည္

ယေန႔နံနက္ (၅) နာရီခန႔္တြင္ စစ္ေကာင္စီတပ္သားမ်ားက ေက်ာက္ရစ္စခန္းမွ ေ႐ႊဘုံသာေက်း႐ြာအတြင္းသို႔ ပစ္ခတ္ဝင္ေရာက္ၿပီးေနာက္ ဦးျမင့္ဦးဆိုသည့္အမ်ိဳးသားကို သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း CDSOM ျပန္ၾကားေရးတာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္

“သူ႔ကို ကာကြယ္ေရးထင္ၿပီး ေခြး(စစ္သား)သတ္မယ့္သူလို႔ထင္ၿပီး ပစ္တာျဖစ္မယ္။ က်ည္က ေနာက္ကမွန္ၿပီ ေရွ႕က က်ည္ထြက္တာ” ထိုျပန္ၾကားေရးတာဝန္ရွိသူက ဆိုသည္

ဦးျမင့္ဦးမွာ ယခင္က ဓါးစက္ထိသျဖင့္ လက္တစ္ဖက္ ျဖတ္ထားရသူျဖစ္ၿပီး အၾကားအာ႐ုံခ်ိဳ႕တဲ့သူ ျဖစ္ေၾကာင္းလည္း သိရသည္

၎မွာအိမ္ေထာင္မရွိသည့္ လူလြတ္တစ္ဦးျဖစ္ၿပီး မိခင္ျဖစ္သူႏွင့္ဖခင္ျဖစ္သူတို႔မွာ အသက္ (၇၅) ႏွစ္အ႐ြယ္မ်ားျဖစ္ေၾကာင္း ေဒသခံ႐ြာသားမ်ားထံမွ သိရသည္

“သူက ေခြး(စစ္သား)ေတြဝင္လာခ်ိန္ လြတ္ေအာင္ေျပးခ်ိန္ရတယ္။ ဒါေပမဲ့ အသက္ႀကီးၿပီး က်န္းမာေရးမေကာင္းရွာတဲ့ အေဖအိုႀကီးကိုပစ္မထားခဲ့ရက္လို႔ ဖခင္ရွိတဲ့အိမ္ကိုအသြား အိမ္အဝင္ေပါက္နားမွာ စစ္တပ္ရဲ႕ပစ္သတ္တာကိုခံလိုက္ရတာပါ” ဟုလည္း ေဒသခံ႐ြာသူတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္

အာဏာသိမ္းစစ္တပ္က ဦးျမင့္ဦးကို သတ္ျဖတ္ၿပီးေနာက္ ေက်း႐ြာအတြင္း ေမႊေႏွာက္ရွာေဖြၿပီး ျပည္သူအိမ္မ်ားမွ စုစုေပါင္းေငြက်ပ္ (၁၈) သိန္းေက်ာ္ႏွင့္ ဖုန္း (၂) လုံးကို ယူေဆာင္သြားေၾကာင္း သိရသည္

လူငယ့္ေခတ္

=======

အသက် (၇၅) နှစ်အရွယ်မိဘများကို စိတ်မချ၍ ထွက်မပြေးခဲ့သည့် အသက်(၄၀) ကျော်အမျိုးသားကို စစ်တပ်ကပစ်သတ် (ရုပ်သံ)

မြောင်၊ အောက်တိုဘာ (၁၉)

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေဘုံသာကျေးရွာသို့ ယနေ့နံနက်က စစ်တပ်ဝင်လာစဉ် အသက် (၇၅) နှစ်အရွယ်မိဘများကို စိတ်မချသဖြင့် ထွက်မပြေးခဲ့သည့် အသက် (၄၅) နှစ်အရွယ်အမျိုးသားကို စစ်တပ်က ပစ်သတ်သွားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) မှ သိရသည်

ယနေ့နံနက် (၅) နာရီခန့်တွင် စစ်ကောင်စီတပ်သားများက ကျောက်ရစ်စခန်းမှ ရွှေဘုံသာကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်ပြီးနောက် ဦးမြင့်ဦးဆိုသည့်အမျိုးသားကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း CDSOM ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်

“သူ့ကို ကာကွယ်ရေးထင်ပြီး ခွေး(စစ်သား)သတ်မယ့်သူလို့ထင်ပြီး ပစ်တာဖြစ်မယ်။ ကျည်က နောက်ကမှန်ပြီ ရှေ့က ကျည်ထွက်တာ” ထိုပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်

ဦးမြင့်ဦးမှာ ယခင်က ဓါးစက်ထိသဖြင့် လက်တစ်ဖက် ဖြတ်ထားရသူဖြစ်ပြီး အကြားအာရုံချို့တဲ့သူ ဖြစ်ကြောင်းလည်း သိရသည်

၎င်းမှာအိမ်ထောင်မရှိသည့် လူလွတ်တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူနှင့်ဖခင်ဖြစ်သူတို့မှာ အသက် (၇၅) နှစ်အရွယ်များဖြစ်ကြောင်း ဒေသခံရွာသားများထံမှ သိရသည်

“သူက ခွေး(စစ်သား)တွေဝင်လာချိန် လွတ်အောင်ပြေးချိန်ရတယ်။ ဒါပေမဲ့ အသက်ကြီးပြီး ကျန်းမာရေးမကောင်းရှာတဲ့ အဖေအိုကြီးကိုပစ်မထားခဲ့ရက်လို့ ဖခင်ရှိတဲ့အိမ်ကိုအသွား အိမ်အဝင်ပေါက်နားမှာ စစ်တပ်ရဲ့ပစ်သတ်တာကိုခံလိုက်ရတာပါ” ဟုလည်း ဒေသခံရွာသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်

အာဏာသိမ်းစစ်တပ်က ဦးမြင့်ဦးကို သတ်ဖြတ်ပြီးနောက် ကျေးရွာအတွင်း မွှေနှောက်ရှာဖွေပြီး ပြည်သူအိမ်များမှ စုစုပေါင်းငွေကျပ် (၁၈) သိန်းကျော်နှင့် ဖုန်း (၂) လုံးကို ယူဆောင်သွားကြောင်း သိရသည်

လူငယ့်ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *