မုံ႐ြာ-မႏၲေလးလမ္းတြင္ လူႏွစ္ဦးကို တိုက္ေျပးယာဥ္ဘုန္းႀကီးကားအားေတြ႕ရွိပါက အေၾကာင္းၾကားေပးရန္

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ မုံ႐ြာ-မႏၲေလးလမ္းေပၚတြင္ တိုက္ ေျပးယာဥ္ေၾကာင့္ လူႏွစ္ဦးေသဆုံးခဲ့ရာ အဆိုပါတိုက္ ေျပးသည့္ကားမွာ ဘုန္းႀကီးကားျဖစ္ေနၿပီး ထိုကားအားေတြ႕ရွိပါက အေၾကာင္းၾကားေပးရန္ မုံ႐ြာၿမိဳ႕နယ္ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕က ေမတၱာရပ္ခံသည္

တိုက္သည့္ယာဥ္နံပါတ္မွာ 4G/9881 ျဖစ္ၿပီး ယာဥ္မွတ္ပုံတင္Application၌ TOYOTA HILUX VIGO အမ်ိဳးအစားဟု ေဖာ္ျပထားသည္။ ယာဥ္ပိုင္ဆိုင္သူမွာ ဘဒၵႏၲ ဂႏၶမာလာ ျဖစ္ၿပီး လိပ္စာမွာ မဟာကုသိုလ္ေတာ္ဘုန္းႀကီးေက်ာင္းဟု ေရးသြင္းထားသည္

“ဒီကားဟာ မနက္ကေျမနဲမွာ လူ၂ေယာက္ကိုတိုက္ၿပီးထြက္ေျပးသြားတဲ့ကားပါ။ အတိုက္ခံရတဲ့လူ၂ေယာက္ဟာလည္း ေနရာမွာတင္ေသဆုံးသြားတယ္လို႔သိရပါတယ္။ တာဝန္ယူမႈမရွိဘဲ ထြက္​ေျပးသြားတဲ့ကားဟာ မန္းလိုင္စင္နဲ႔လို႔သိရပါတယ္။ ဘုန္းႀကီးကားလို႔လည္းသိရပါတယ္။ ေတြ႕တဲ့ေနရာမွာအေၾကာင္းၾကားေပးၾကပါ။ လက္ခံျပဳျပင္ေပးတဲ့ဝပ္ေရွာ့မ်ားရွိပါကအေၾကာင္းၾကားေပးၾကပါ။”ဟု မုံ႐ြာၿမိဳ႕နယ္ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕က ေျပာသည္

ထို႔အျပင္ ျပည္သူမ်ား ထိုကားကိုေတြ႕သည့္ေနရာ၌ အေၾကာင္းၾကားေပးၾကပါရန္ မုံ႐ြာၿမိဳ႕နယ္ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕က ေမတၱာရပ္ခံသည္

“မနက္၈နာရီခြဲေလာက္က နတ္လူထိပ္ပန္ကေန စက္မႈ႕ဘက္တတ္သြားပါတယ္။ ကားေရွ႕ေခါင္းႀကီးပိန္လိမ္လို႔ပါ ေနာက္မွာဘုန္းႀကီးတစ္ပါးနဲ႔မိန္းမတစ္ေယာက္ထိုင္လိုက္သြားပါတယ္။”ဟု ေဒသခံတစ္ဦးက ေျပာသည္

အဆိုပါ 4W အမ်ိဳးအစား အနက္ေရာင္ယာဥ္သည္ ယေန႔ ေအာက္တိုဘာလ ၁၈ရက္ေန႔ နံနက္ ၇ နာရီ ၄၅ မိနစ္ခန႔္က မုံ႐ြာ-မႏၲေလးလမ္း ေျမနဲေက်း႐ြာ၊ ေျမနဲ႐ြာတံတားအနီး နယူးအားမာန္ဘီယာဆိုင္ေရွ႕တြင္ အမ်ိဳးသားႏွစ္ဦးစီးလာေသာ Clickဆိုင္ကယ္အား တိုက္ၿပီး ခဏရပ္ၾကည့္ကာ မုံ႐ြာဘက္သို႔ေမာင္းသြားေၾကာင္း ေဒသခံမ်ားက ေျပာသည္

သာသနာ့ဝန္ထမ္းတစ္ေယာက္ပါဝင္ေသာ္လည္း တစ္စုံတစ္ရာတာဝန္ယူမႈမရွိဘဲ တိုက္ေျပးသြားသည့္အတြက္ ေဒသခံမ်ားက ေဝဖန္ေနၾကသည္

တိုက္ၿပီးေနာက္ ေမာင္းေျပးသြားသည့္ ဘုန္းႀကီးကားအား ေတြ႕ရစဥ္၊ ဓာတ္ပုံ-မုံ႐ြာပလဖ

=======

မုံရွာ-မန္တလေးလမ်းတွင် လူနှစ်ဦးကို တိုက်ပြေးယာဥ်ဘုန်းကြီးကားအားတွေ့ရှိပါက အကြောင်းကြားပေးရန်

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် တိုက် ပြေးယာဉ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ရာ အဆိုပါတိုက် ပြေးသည့်ကားမှာ ဘုန်းကြီးကားဖြစ်နေပြီး ထိုကားအားတွေ့ရှိပါက အကြောင်းကြားပေးရန် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က မေတ္တာရပ်ခံသည်

တိုက်သည့်ယာဉ်နံပါတ်မှာ 4G/9881 ဖြစ်ပြီး ယာဉ်မှတ်ပုံတင်Application၌ TOYOTA HILUX VIGO အမျိုးအစားဟု ဖော်ပြထားသည်။ ယာဉ်ပိုင်ဆိုင်သူမှာ ဘဒ္ဒန္တ ဂန္ဓမာလာ ဖြစ်ပြီး လိပ်စာမှာ မဟာကုသိုလ်တော်ဘုန်းကြီးကျောင်းဟု ရေးသွင်းထားသည်

“ဒီကားဟာ မနက်ကမြေနဲမှာ လူ၂ယောက်ကိုတိုက်ပြီးထွက်ပြေးသွားတဲ့ကားပါ။ အတိုက်ခံရတဲ့လူ၂ယောက်ဟာလည်း နေရာမှာတင်သေဆုံးသွားတယ်လို့သိရပါတယ်။ တာဝန်ယူမှုမရှိဘဲ ထွက်​ပြေးသွားတဲ့ကားဟာ မန်းလိုင်စင်နဲ့လို့သိရပါတယ်။ ဘုန်းကြီးကားလို့လည်းသိရပါတယ်။ တွေ့တဲ့နေရာမှာအကြောင်းကြားပေးကြပါ။ လက်ခံပြုပြင်ပေးတဲ့ဝပ်ရှော့များရှိပါကအကြောင်းကြားပေးကြပါ။”ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောသည်

ထို့အပြင် ပြည်သူများ ထိုကားကိုတွေ့သည့်နေရာ၌ အကြောင်းကြားပေးကြပါရန် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က မေတ္တာရပ်ခံသည်

“မနက်၈နာရီခွဲလောက်က နတ်လူထိပ်ပန်ကနေ စက်မှု့ဘက်တတ်သွားပါတယ်။ ကားရှေ့ခေါင်းကြီးပိန်လိမ်လို့ပါ နောက်မှာဘုန်းကြီးတစ်ပါးနဲ့မိန်းမတစ်ယောက်ထိုင်လိုက်သွားပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်

အဆိုပါ 4W အမျိုးအစား အနက်ရောင်ယာဉ်သည် ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မုံရွာ-မန္တလေးလမ်း မြေနဲကျေးရွာ၊ မြေနဲရွာတံတားအနီး နယူးအားမာန်ဘီယာဆိုင်ရှေ့တွင် အမျိုးသားနှစ်ဦးစီးလာသော Clickဆိုင်ကယ်အား တိုက်ပြီး ခဏရပ်ကြည့်ကာ မုံရွာဘက်သို့မောင်းသွားကြောင်း ဒေသခံများက ပြောသည်

သာသနာ့ဝန်ထမ်းတစ်ယောက်ပါဝင်သော်လည်း တစ်စုံတစ်ရာတာဝန်ယူမှုမရှိဘဲ တိုက်ပြေးသွားသည့်အတွက် ဒေသခံများက ဝေဖန်နေကြသည်

တိုက်ပြီးနောက် မောင်းပြေးသွားသည့် ဘုန်းကြီးကားအား တွေ့ရစဉ်၊ ဓာတ်ပုံ-မုံရွာပလဖ

Leave a Reply

Your email address will not be published. Required fields are marked *