အင္းစိန္အက်ဥ္းေထာင္တိုက္ခိုက္မႈ ေထာင္မႉးေသဟု STA ေျပာ

“ပစ္တာက စစ္ေကာင္စီကေကာင္ေတြပဲ ပစ္တာ။ကြၽန္ေတာ္တို႔က ေဖာက္ခြဲတာ” – STA

သတိုး/People’s Spring

ေတာ္လွန္ေရးရဲေဘာ္မ်ားကို ဖိႏွိပ္မႈမ်ားျပဳလုပ္ေနသည့္ အင္းစိန္အက်ဥ္းေထာင္မႉးကို ဦးတည္၍ အဆိုပါအက်ဥ္းေထာင္ကို ေထာက္ခြဲတိုက္ခိုက္မႈ ႏွစ္ႀကိမ္ျပဳလုပ္ခဲ့ရာ ေထာင္မႉးအပါအဝင္ေလးဦးေသဆုံးခဲ့ေၾကာင္း အထူးတာဝန္လုပ္ငန္းအဖြဲ႕(Special Task Agency of Burm -STA )အဖြဲ႕မွ တာဝန္ရွိသူက People’s Springသို႔ ေျပာသည္

“ေထာင္မႉးအပါအဝင္ ေထာင္ဝန္ထမ္းသုံးဦး ေသတာကို အတည္ျပဳထားပါတယ္။ အဲဒါအျပင္ေဆး႐ုံေရာက္မွဆုံးတဲ့ ေထာင္ဝန္ထမ္း ငါးဦးေလာက္ထိရွိတယ္လို႔သိရပါတယ္”ဟု ၎ကေျပာသည္

ယေန႔(ေအာက္တိုဘာ ၁၉ ရက္) နံနက္ ၉ နာရီအခ်ိန္ခန႔္တြင္ အင္းစိန္အက်ဥ္းေထာင္ကို ေဖာက္ခြဲတိုက္ခိုက္မႈ ႏွစ္ႀကိမ္ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး စစ္ေကာင္စီတပ္ဖြဲ႕မ်ား၏ ပစ္ခတ္မႈမ်ားေၾကာင့္ ေထာင္ဝင္စာပို႔သူမ်ားႏွင့္ ေထာင္တြင္း႐ုံးထုတ္သို႔ လာေရာက္သက္ေသထြက္ဆိုသူမ်ား ေသဆုံးမႈရွိခဲ့သည္

“ပစ္တာက စစ္ေကာင္စီက ေကာင္ေတြပဲ ပစ္တာ ။ကြၽန္ေတာ္တို႔က ေဖာက္ခြဲတာ”ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္

ေထာင္မႉးေသဆုံးမႈႏွင့္ပတ္သပ္၍ People’s Spring ကသီးျခားအတည္မျပဳႏိုင္ေသးေပ။စစ္ေကာင္စီဝါဒျဖန႔္ တယ္လီဂရန္ခ်န္နယ္မ်ားက ဗုံးေပါက္၍ ကနဦးေသဆုံးသူ သုံးဦးမွာအက်ဥ္းဦးစီးဝန္ထမ္းမ်ားျဖစ္ေၾကာင္း ဝါဒျဖန႔္ေနၾကသည္

အင္းစိန္အက်ဥ္းေထာင္တိုက္ခိုက္မႈ ျဖစ္စဥ္အတြင္း ဗုံးေပါက္ကြဲမႈႏွင့္ ေထာင္လုံၿခဳံေရးမ်ား၏ ပစ္ခတ္မႈမ်ားေၾကာင့္ ေထာင္ဝင္စာပို႔သူမ်ားႏွင့္ ေထာင္တြင္း႐ုံးထုတ္သို႔ လာေရာက္သက္ေသထြက္ဆိုသူမ်ား ထိခိုက္ေသဆုံးမႈမ်ား အေပၚ ျပင္းထန္စြာရႈတ္ခ်ေၾကာင္း စစ္အာဏာရွင္စနစ္တိုက္ဖ်က္ေရး အေထြေထြသပိတ္ေကာ္မတီ (GSC)အပါအဝင္ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕မ်ားက ထုတ္ျပန္ထားသည္

“ကြၽန္ေတာ့္ရဲ႕ အမႈသည္ေတြ ေျပာတာကေတာ့ ဗုံးေပါက္တယ္လို႔လည္းေျပာတယ္။ ေနာက္ၿပီး ေပါက္ၿပီးေတာ့ ပစ္ခတ္သံေတြလည္း ဆက္တိုက္ျဖစ္တယ္လည္း ေျပာတယ္။ ကြၽန္ေတာ္က အဲဒီအခ်ိန္မွာ အျပင္ေရာက္ေနတာ”ဟု အင္းစိန္ေထာင္အထူးတရား႐ုံး၌ ‌ေရွ႕ေနအျဖစ္ေဆာင္႐ြက္ေပးေနသူ အမည္မေဖာ္လိုသူ တစ္ဦးက ‌ေျပာသည္

ထို႔အျပင္ ၎၏ မိတ္ေဆြျဖစ္သူ စစ္ေကာင္စီက အၾကမ္းဖက္ပုဒ္မျဖင့္ မတရားဖမ္းဆီးခံထားရသူ၏ မိခင္ျဖစ္သူလည္း ေသဆုံးမႈတြင္ပါဝင္ေၾကာင္း အဆိုပါ ‌ေရွ႕ေနက ေျပာသည္

႐ုပ္သံ – STA

=========

အင်းစိန်အကျဉ်းထောင်တိုက်ခိုက်မှု ထောင်မှူးသေဟု STA ပြော

“ပစ်တာက စစ်ကောင်စီကကောင်တွေပဲ ပစ်တာ။ကျွန်တော်တို့က ဖောက်ခွဲတာ” – STA

သတိုး/People’s Spring

တော်လှန်ရေးရဲဘော်များကို ဖိနှိပ်မှုများပြုလုပ်နေသည့် အင်းစိန်အကျဉ်းထောင်မှူးကို ဦးတည်၍ အဆိုပါအကျဉ်းထောင်ကို ထောက်ခွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ ထောင်မှူးအပါအဝင်လေးဦးသေဆုံးခဲ့ကြောင်း အထူးတာဝန်လုပ်ငန်းအဖွဲ့(Special Task Agency of Burm -STA )အဖွဲ့မှ တာဝန်ရှိသူက People’s Springသို့ ပြောသည်

“ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်းသုံးဦး သေတာကို အတည်ပြုထားပါတယ်။ အဲဒါအပြင်ဆေးရုံရောက်မှဆုံးတဲ့ ထောင်ဝန်ထမ်း ငါးဦးလောက်ထိရှိတယ်လို့သိရပါတယ်”ဟု ၎င်းကပြောသည်

ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီအချိန်ခန့်တွင် အင်းစိန်အကျဉ်းထောင်ကို ဖောက်ခွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် ထောင်ဝင်စာပို့သူများနှင့် ထောင်တွင်းရုံးထုတ်သို့ လာရောက်သက်သေထွက်ဆိုသူများ သေဆုံးမှုရှိခဲ့သည်

“ပစ်တာက စစ်ကောင်စီက ကောင်တွေပဲ ပစ်တာ ။ကျွန်တော်တို့က ဖောက်ခွဲတာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်

ထောင်မှူးသေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်သေးပေ။စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ဗုံးပေါက်၍ ကနဦးသေဆုံးသူ သုံးဦးမှာအကျဉ်းဦးစီးဝန်ထမ်းများဖြစ်ကြောင်း ဝါဒဖြန့်နေကြသည်

အင်းစိန်အကျဉ်းထောင်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ထောင်လုံခြုံရေးများ၏ ပစ်ခတ်မှုများကြောင့် ထောင်ဝင်စာပို့သူများနှင့် ထောင်တွင်းရုံးထုတ်သို့ လာရောက်သက်သေထွက်ဆိုသူများ ထိခိုက်သေဆုံးမှုများ အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)အပါအဝင် မြို့ပြပြောက်ကျားအဖွဲ့များက ထုတ်ပြန်ထားသည်

“ကျွန်တော့်ရဲ့ အမှုသည်တွေ ပြောတာကတော့ ဗုံးပေါက်တယ်လို့လည်းပြောတယ်။ နောက်ပြီး ပေါက်ပြီးတော့ ပစ်ခတ်သံတွေလည်း ဆက်တိုက်ဖြစ်တယ်လည်း ပြောတယ်။ ကျွန်တော်က အဲဒီအချိန်မှာ အပြင်ရောက်နေတာ”ဟု အင်းစိန်ထောင်အထူးတရားရုံး၌ ‌ရှေ့နေအဖြစ်ဆောင်ရွက်ပေးနေသူ အမည်မဖော်လိုသူ တစ်ဦးက ‌ပြောသည်

ထို့အပြင် ၎င်း၏ မိတ်ဆွေဖြစ်သူ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် မတရားဖမ်းဆီးခံထားရသူ၏ မိခင်ဖြစ်သူလည်း သေဆုံးမှုတွင်ပါဝင်ကြောင်း အဆိုပါ ‌ရှေ့နေက ပြောသည်

ရုပ်သံ – STA

Leave a Reply

Your email address will not be published. Required fields are marked *